ညဏ်ရည်ချို့တဲ့၊အသက်မပြည့်သူကို အကြိမ်ကြိမ်သားမယားပြုကျင့်မှုဖြစ်ပွား

ညဏ်ရည်ချို့တဲ့၊အသက်မပြည့်သူကို အကြိမ်ကြိမ်သားမယားပြုကျင့်မှုဖြစ်ပွား

နေပြည်တော်၊ဇူလိုင်လ ၁၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရပ်ကွက် ၁၀ အလယ်ကျွန်း၊ ရွာလယ်လမ်းမှာနေတဲ့ ညဏ်ရည်ချို့တဲ့၊အသက်မပြည့်သေးသူကို နေအိမ်ခေါ်ယူပြီး အကြိမ်ကြိမ် သားမယားပြုကျင့်နေသူကို ဇူလိုင်လ ၁၆ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်အရေးယူ ဖမ်းဆီးခဲ့တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။

“စိတ်ကျန်းမာရေးမကောင်းတာမျိုး မဟုတ်ဘဲ ညဏ်ရည်ချို့တယ်လို့ပြောရမယ်။ ကလေးမလေး ကိုယ်ဝန်ငါးလရှိမှ သိရတာဖြစ်ပြီး ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်”လို့ တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တောင်ငူမြို့နယ်၊ ရပ်ကွက် ၁၀၊ အလယ်ကျွန်းရွာလယ်လမ်းမှာနေတဲ့ ဦးထွန်းထွန်းဦး(၂၄ နှစ်)ဟာ တစ်ရပ်ကွက်ထဲမှာနေတဲ့ အသက် ၁၄ နှစ်အရွယ် ညဏ်ရည်ချို့တဲ့သူမိန်းကလေးကို အခုနှစ် ဇန်နဝါရီလခန့်ကစတင်ပြီး မိဘတွေမသိအောင် နေအိမ်ကိုခေါ်ယူကာ အကြိမ်ကြိမ် သားမယားပြုကျင်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ငါးလခန့်ရှိတဲ့အချိန်မှာ မိခင်ဖြစ်သူကသိခဲ့ရတဲ့အတွက် ဇူလိုင်လ ၁၆ ရက်‌နေ့မှာ ရဲစခန်းကိုတိုင်ကြားခဲ့တာဖြစ်တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။

အရွယ်မရောက်သေးသူကို အကြိမ်ကြိမ် သားမယားပြုကျင့်သူ ဦထွန်းထွန်းဦးကို တောင်ငူမြို့မရဲစခန်းက (ပ)၃၇၉ /၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၃/၃၆၃ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ငူ

Zawgyi

ညဏ္ရည္ခ်ိဳ႕တဲ့၊အသက္မျပည့္သူကို အႀကိမ္ႀကိမ္သားမယားျပဳက်င့္မႈျဖစ္ပြား

ေနျပည္ေတာ္၊ဇူလိုင္လ ၁၇-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ ရပ္ကြက္ ၁၀ အလယ္ကြၽန္း၊ ႐ြာလယ္လမ္းမွာေနတဲ့ ညဏ္ရည္ခ်ိဳ႕တဲ့၊အသက္မျပည့္ေသးသူကို ေနအိမ္ေခၚယူၿပီး အႀကိမ္ႀကိမ္ သားမယားျပဳက်င့္ေနသူကို ဇူလိုင္လ ၁၆ ရက္ေန႔က ပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္အေရးယူ ဖမ္းဆီးခဲ့တယ္လို႔ ေတာင္ငူၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“စိတ္က်န္းမာေရးမေကာင္းတာမ်ိဳး မဟုတ္ဘဲ ညဏ္ရည္ခ်ိဳ႕တယ္လို႔ေျပာရမယ္။ ကေလးမေလး ကိုယ္ဝန္ငါးလရွိမွ သိရတာျဖစ္ၿပီး ျပစ္မႈက်ဴးလြန္တယ္ဆိုတဲ့ အမ်ိဳးသားကို ဖမ္းဆီးထားၿပီးျဖစ္ပါတယ္”လုိ႔ ေတာင္ငူၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ေတာင္ငူၿမိဳ႕နယ္၊ ရပ္ကြက္ ၁၀၊ အလယ္ကြၽန္း႐ြာလယ္လမ္းမွာေနတဲ့ ဦးထြန္းထြန္းဦး(၂၄ ႏွစ္)ဟာ တစ္ရပ္ကြက္ထဲမွာေနတဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ ညဏ္ရည္ခ်ိဳ႕တဲ့သူမိန္းကေလးကို အခုႏွစ္ ဇန္နဝါရီလခန႔္ကစတင္ၿပီး မိဘေတြမသိေအာင္ ေနအိမ္ကိုေခၚယူကာ အႀကိမ္ႀကိမ္ သားမယားျပဳက်င္ခဲ့တာျဖစ္ၿပီး ကိုယ္ဝန္ငါးလခန႔္ရွိတဲ့အခ်ိန္မွာ မိခင္ျဖစ္သူကသိခဲ့ရတဲ့အတြက္ ဇူလိုင္လ ၁၆ ရက္‌ေန႔မွာ ရဲစခန္းကိုတိုင္ၾကားခဲ့တာျဖစ္တယ္လို႔ ေတာင္ငူၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

အ႐ြယ္မေရာက္ေသးသူကို အႀကိမ္ႀကိမ္ သားမယားျပဳက်င့္သူ ဦထြန္းထြန္းဦးကို ေတာင္ငူၿမိဳ႕မရဲစခန္းက (ပ)၃၇၉ /၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၃/၃၆၃ နဲ႔ အမႈဖြင့္ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေတာင္ငူ

Related posts

Leave a Comment

VOM News

FREE
VIEW