အစိုးရက အခြေခံစပါးဈေးနူန်းတွေ သတ်မှတ်နေပေမယ့် ပွဲစားတွေကလိုက်နာမှုမရှိ

အစိုးရက အခြေခံစပါးဈေးနူန်းတွေ သတ်မှတ်နေပေမယ့် ပွဲစားတွေကလိုက်နာမှုမရှိ

ပဲခူး ၊ဇူလိုင် ၁၉-၂၀၂၀
သိဂီ ၤ(VOM)

ပဲခူးတိုင်းအတွင်း ထွက်ရှိလာမယ့်မိုးစပါးကို အခြေခံရည်ညွှန်းဈေးနှုန်း(၅၂၀,၀၀၀)ကျပ်နဲ့ ဝယ်ယူရမယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က သတ်မှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အစိုးရကနေ စပါးတင်း(၁၀၀)ကို ငွေ(၅၀၀၀၀၀)သတ်မှတ်ခဲ့ပေမယ့် တကယ်တမ်း စပါးပေါ်ချိန်အရောက်မှာတော့ စပါးဝယ်သူတွေဟာ အစိုးရသက်မှတ်တဲ့ဈေးနူန်းနဲ့ ဝယ်ယူသူ မရှိခဲ့ဘူးလို့ ပြည်မြို့နယ် ဒေသခံတောင်သူတွေကပြောပါတယ်။

” မနှစ်က ၅ သိန်းဈေးသက်မှတ်တယ်။ ဒါပေမယ့် တကယ်တမ်းစပါးပေါ်တော့ အဲ့ဒီဈေးမဝယ်ကြပါဘူး။ ၄၁၀၀၀၀ ဈေးပဲရှိတယ်။ ဒါတောင် ဝယ်သူမရှိလို့ လယ်ထဲကနေ အိမ်ပြန်တိုက် အလုပ်သမားခ ထပ်ကုန်၊ ရတဲ့စပါးကလည်း လှောင်ထားနိုင်တဲ့အခြေအနေမရှိဘဲ အကြွေးဆပ်ရတော့ လယ်သမားတွေမှာ စပါးပွဲစားပေးတဲ့ဈေးနဲ့ပဲ ရောင်းလိုက်ရတဲ့ အခြေအနေပါ။ စပါးက အစိုဓာတ်အနည်းငယ်ကတော့ရှိတာပဲ။ ” လို့ ပြည်မြို့နယ် ဒေသခံတောင်သူ ဒေါ်မိုးမိုးကပြောပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ မိမိသတ်မှတ်လိုက်တဲ့ဈေးနူန်းကို စပါးပေါ်ချိန်ရောက်တဲ့အခါ စပါးပွဲစားတွေ လိုက်နာဝယ်ယူခြင်းရှိမရှိ စောင့်ကြည့်ပြီး ကွင်းဆင်းလေ့လာမှုတွေလုပ်ဖို့ လိုအပ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးသိန်းဝင်းပြောပြတာကတော့”စပါး ရောင်းမယ့် တောင်သူတွေကလည်း ကိုယ်ရောင်းမယ့်စပါးဟာ သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရမယ်၊ ဒါမှသာ အထင်အမြင်လွဲမှားမှု၊ အငြင်းပွားမှုတွေ လျော့နည်းမှာဖြစ်တယ်။ ဆန်စပါး ဝယ်ယူ တင်ဒါအောင်မြင်သူတွေအနေနဲ့အစိုးရကသက်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ဝယ်ယူသွားဖို့ အရေးကြီးတယ်။”လို့ ပြောပါတယ်။

ဒီနှစ်မိုးရာသီမှာ ပဲခူးတိုင်းအစိုးရအနေနဲ့ ပဲခူးတိုင်းထဲက မြို့နယ်(၂၈)မြို့နယ်မှာ အဝယ်ဒိုင်တွေ ဖွင့်လှစ်ပြီး စပါးတင်(၁၅)သိန်းခန့် ဝယ်ယူသွားမယ်လို့လည်း သိရပါတယ်။

အခုနှစ်ထွက်ရှိမယ့် မိုးရာသီစပါးကို အစိုဓါတ် (၁၄%)၊ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေကိုက်ညီတဲ့ စပါး(၄၆)ပေါင်ကိုက်တစ်တင်း၊ စပါးတင်း ၁၀၀ကို အခြေခံရည်ညွှန်းဈေးနှုန်း ၅သိန်း ၂ သောင်း သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနှစ်မှာ မိုးစပါးပေါ်ချိန်မှာလည်း အစိုးရသတ်မှတ်ဈေးအတိုင်း စပါးကို တကယ်ဝယ်ယူမှုရှိမရှိကိုတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ တောင်သူတွေက ပြောဆိုနေကြပါတယ်။

Photo- Supply
#voiceofmyanmar #VOM #ပဲခူး

Zawgyi

အစိုးရက အေျခခံစပါးေစ်းႏူန္းေတြ သတ္မွတ္ေနေပမယ့္ ပြဲစားေတြကလိုက္နာမႈမ႐ွိ

ပဲခူး ၊ဇူလိုင္ ၁၉-၂၀၂၀
သိဂီ ၤ(VOM)

ပဲခူးတိုင္းအတြင္း ထြက္ရွိလာမယ့္မိုးစပါးကို အေျခခံရည္ၫႊန္းေစ်းႏႈန္း(၅၂၀,၀၀၀)က်ပ္နဲ႔ ဝယ္ယူရမယ္လို႔ ပဲခူးတိုင္းအစိုးရအဖြဲ႔က သတ္မွတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကလည္း အစိုးရကေန စပါးတင္း(၁၀၀)ကို ေငြ(၅၀၀၀၀၀)သတ္မွတ္ခဲ့ေပမယ့္ တကယ္တမ္း စပါးေပၚခ်ိန္အေရာက္မွာေတာ့ စပါးဝယ္သူေတြဟာ အစိုးရသက္မွတ္တဲ့ေစ်းႏူန္းနဲ႔ ဝယ္ယူသူ မ႐ွိခဲ့ဘူးလို႔ ျပည္ၿမိဳ႕နယ္ ေဒသခံေတာင္သူေတြကေျပာပါတယ္။

” မႏွစ္က ၅ သိန္းေစ်းသက္မွတ္တယ္။ ဒါေပမယ့္ တကယ္တမ္းစပါးေပၚေတာ့ အဲ့ဒီေစ်းမဝယ္ၾကပါဘူး။ ၄၁၀၀၀၀ ေစ်းပဲ႐ွိတယ္။ ဒါေတာင္ ဝယ္သူမ႐ွိလို႔ လယ္ထဲကေန အိမ္ျပန္တိုက္ အလုပ္သမားခ ထပ္ကုန္၊ ရတဲ့စပါးကလည္း ေလွာင္ထားႏိုင္တဲ့အေျခအေနမ႐ွိဘဲ အေႂကြးဆပ္ရေတာ့ လယ္သမားေတြမွာ စပါးပြဲစားေပးတဲ့ေစ်းနဲ႔ပဲ ေရာင္းလိုက္ရတဲ့ အေျခအေနပါ။ စပါးက အစိုဓာတ္အနည္းငယ္ကေတာ့႐ွိတာပဲ။ ” လို႔ ျပည္ၿမိဳ႕နယ္ ေဒသခံေတာင္သူ ေဒၚမိုးမိုးကေျပာပါတယ္။

ဒါေၾကာင့္ အစိုးရအေနနဲ႔ မိမိသတ္မွတ္လိုက္တဲ့ေစ်းႏူန္းကို စပါးေပၚခ်ိန္ေရာက္တဲ့အခါ စပါးပြဲစားေတြ လိုက္နာဝယ္ယူျခင္း႐ွိမ႐ွိ ေစာင့္ၾကည့္ၿပီး ကြင္းဆင္းေလ့လာမႈေတြလုပ္ဖို႔ လိုအပ္ေနပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးသိန္းဝင္းေျပာျပတာကေတာ့”စပါး ေရာင္းမယ့္ ေတာင္သူေတြကလည္း ကိုယ္ေရာင္းမယ္႔စပါးဟာ သတ္မွတ္အရည္အေသြးျပည့္မီေအာင္ ေဆာင္႐ြက္ေပးရမယ္၊ ဒါမွသာ အထင္အျမင္လြဲမွားမႈ၊ အျငင္းပြားမႈေတြ ေလ်ာ့နည္းမွာျဖစ္တယ္။ ဆန္စပါး ဝယ္ယူ တင္ဒါေအာင္ျမင္သူေတြအေနနဲ႕အစိုးရကသက္မွတ္ထားတဲ့ ေစ်းႏႈန္းအတိုင္း ဝယ္ယူသြားဖို႔ အေရးႀကီးတယ္။”လို႔ ေျပာပါတယ္။

ဒီႏွစ္မိုးရာသီမွာ ပဲခူးတိုင္းအစိုးရအေနနဲ႔ ပဲခူးတိုင္းထဲက ၿမိဳ႕နယ္(၂၈)ၿမိဳ႕နယ္မွာ အဝယ္ဒိုင္ေတြ ဖြင့္လွစ္ၿပီး စပါးတင္(၁၅)သိန္းခန႔္ ဝယ္ယူသြားမယ္လို႔လည္း သိရပါတယ္။

အခုႏွစ္ထြက္႐ွိမယ့္ မိုးရာသီစပါးကို အစိုဓါတ္ (၁၄%)၊ အဖ်င္းအေမွာ္၊ ဖုံ၊ သဲ၊ ခဲ ကင္းစင္ၿပီး အရည္အေသြးဆိုင္ရာ သတ္မွတ္စံခ်ိန္စံၫႊန္းေတြကိုက္ညီတဲ့ စပါး(၄၆)ေပါင္ကိုက္တစ္တင္း၊ စပါးတင္း ၁၀၀ကို အေျခခံရည္ၫႊန္းေစ်းႏႈန္း ၅သိန္း ၂ ေသာင္း သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒီႏွစ္မွာ မိုးစပါးေပၚခ်ိန္မွာလည္း အစိုးရသတ္မွတ္ေစ်းအတိုင္း စပါးကို တကယ္ဝယ္ယူမႈ႐ွိမ႐ွိကိုေတာ့ ေစာင့္ၾကည့္ရမယ့္ အေနအထားျဖစ္တယ္လို႔ ေတာင္သူေတြက ေျပာဆိုေနၾကပါတယ္။

Photo- Supply
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW