Bar ၊ KTV၊ Night Clubတွေ ခိုးဖွင့်ရင် အရေးယူမယ်

Bar ၊ KTV၊ Night Clubတွေ ခိုးဖွင့်ရင် အရေးယူမယ်

ရန်ကုန်၊ ဇူလိုင် ၁၉-၂၀၂၀
သိဂီ ၤ(VOM)

တရားဝင်ပိတ်ထားဆဲဖြစ်တဲ့ Night Club ၊ KTV ၊ Barတွေကို လုပ်ငန်းရှင်တချို့က ကိုဗစ်ဖြေလျှော့မှုနဲ့အတူ ခိုးပြီးပြန်ဖွင့်တာတွေရှိနေတဲ့အတွက် အဲ့ဒါတွေကို အရေးယူဖို့ ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီက တိုင်းနဲ့ပြည်နယ်အသီးသီးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

” ပွင့်ပွင့်လင်းလင်းပြောရရင် ခိုးပြီးဖွင့်နေတဲ့ ဆိုင်တွေရှိရင်ရှိမယ်၊ ဒါပေမယ့် ကျနော်တို့သိလို့ သွားစစ်တဲ့အချိန်ကျမရှိဘူး မတွေ့ရဘူး။ အဲ့လိုတွေရှိတယ်။ ခုတော့ Ktv ၊bar ၊ကလပ်၊ မာဆတ်တွေ တရားဝင်ဖွင့်ခွင့်မရှိဘူးဆိုတာကို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှုးတွေဆီကို ညွှန်ကြားထားတယ်။ ဆိုင်တွေကိုလည်း တရားဝင်ဖွင့်ခွင့်မရှိတာကိုသိရှိကြောင်း ခေါ်ယူပြီး လက်မှတ်ရေးထိုးခိုင်းထားပါတယ်။”လို့ လှိုင်သာယာမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။

ရန်ကုန်တိုင်း၊ လိူင်သာယာမြို့နယ်မှာ ယစ်မျိုးလိုင်စင်ခွင့်ပြုပေးထားတာ ဆိုင်ပေါင်း(၇၀၀)ကျော်ရှိပြီး KTV ဆိုင်ကတော့ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဆိုင်တွေအနေနဲ့လည်း တရားဝင်ဖွင့်ခွင့်မရှိဘူးဆိုတာ ဆိုင်အားလုံးကို အသိပေးပြီးသားဖြစ်ပါတယ်။

KTV ၊Night club နဲ့ Bar လုပ်ငန်းအများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ အများဆုံးဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိရန်ကုန်မြိုု့မှာဆိုရင် ပြန်လည်ဖွင့်လှစ်နေတဲ့ ဘား တွေရှိနေပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာလည်း KTV ၊ Bar လုပ်ငန်းတွေပြန်လည်ဖွင့်လှစ်နေတာတွေလည်း ရှိပါတယ်။

“ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားထားတာရှိလို့ ကယားပြည်နယ်အတွင်းက ဟိုတယ်နဲ့ သီးခြားနေရာတွေက Bar ၊ Night Club ၊ KTVတွေကို ဖွင့်လှစ်ခြင်းမပြုဖို့ အသိပေးအကြောင်းကြား ထားပြီး ဖြစ်ပါတယ်။ “လို့ ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီကတော့ ဟိုတယ်တွေနဲ့သီးခြားနေရာမှာရှိတဲ့ Bar ၊ Night Club ၊ KTVတွေဟာ (Covid-19) ရောဂါ ကူးစက်ပျံ့နှံ့ဖို့လွယ်ကူတဲ့ နေရာတွေဖြစ်တာကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ခွင့်မပြုထားဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

Bar ၊ KTV၊ Night Clubေတြ ခိုးဖြင့္ရင္ အေရးယူမယ္

ရန္ကုန္၊ ဇူလိုင္ ၁၉-၂၀၂၀
သိဂီ ၤ(VOM)

တရားဝင္ပိတ္ထားဆဲျဖစ္တဲ့ Night Club ၊ KTV ၊ Barေတြကို လုပ္ငန္းရွင္တခ်ိဳ႕က ကိုဗစ္ေျဖေလ်ွာ့မႈနဲ႔အတူ ခိုးၿပီးျပန္ဖြင့္တာေတြ႐ွိေနတဲ့အတြက္ အဲ့ဒါေတြကို အေရးယူဖို႔ ကိုဗစ္ထိန္းခ်ဳပ္ကုသကာကြယ္ေရးဗဟိုေကာ္မတီက တိုင္းနဲ႔ျပည္နယ္အသီးသီးကို ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

” ပြင့္ပြင့္လင္းလင္းေျပာရရင္ ခိုးၿပီးဖြင့္ေနတဲ့ ဆိုင္ေတြ႐ွိရင္႐ွိမယ္၊ ဒါေပမယ့္ က်ေနာ္တို႔သိလို႔ သြားစစ္တဲ့အခ်ိန္က်မ႐ွိဘူး မေတြ႔ရဘူး။ အဲ့လိုေတြ႐ွိတယ္။ ခုေတာ့ Ktv ၊bar ၊ကလပ္၊ မာဆတ္ေတြ တရားဝင္ဖြင့္ခြင့္မ႐ွိဘူးဆိုတာကို ရပ္ကြက္အလိုက္ အုပ္ခ်ဳပ္ေရးမႈးေတြဆီကို ၫႊန္ၾကားထားတယ္။ ဆိုင္ေတြကိုလည္း တရားဝင္ဖြင့္ခြင့္မ႐ွိတာကိုသိ႐ွိေၾကာင္း ေခၚယူၿပီး လက္မွတ္ေရးထိုးခိုင္းထားပါတယ္။”လို႔ လိႈင္သာယာၿမိဳ႕နယ္ ဒု-ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ကိုကိုလင္းကေျပာပါတယ္။

ရန္ကုန္တိုင္း၊ လိူင္သာယာၿမိဳ႕နယ္မွာ ယစ္မ်ိဳးလိုင္စင္ခြင့္ျပဳေပးထားတာ ဆိုင္ေပါင္း(၇၀၀)ေက်ာ္ရွိျပီး KTV ဆိုင္ကေတာ့ ၃၀ ေက်ာ္႐ွိတယ္လို႔ သိရပါတယ္။

ဆိုင္ေတြအေနနဲ႔လည္း တရားဝင္ဖြင့္ခြင့္မ႐ွိဘူးဆိုတာ ဆိုင္အားလုံးကို အသိေပးၿပီးသားျဖစ္ပါတယ္။

KTV ၊Night club နဲ႔ Bar လုပ္ငန္းအမ်ားစုဟာ ရန္ကုန္တိုင္းနဲ႔ မႏၱေလးတိုင္းမွာ အမ်ားဆုံးဖြင့္လွစ္ထားတာျဖစ္ၿပီး လက္႐ွိရန္ကုန္ၿမိဳု႕မွာဆိုရင္ ျပန္လည္ဖြင့္လွစ္ေနတဲ့ ဘား ေတြ႐ွိေနပါတယ္။ က်န္တိုင္းေဒသႀကီးနဲ႔ျပည္နယ္အခ်ိဳ႕မွာလည္း KTV ၊ Bar လုပ္ငန္းေတြျပန္လည္ဖြင့္လွစ္ေနတာေတြလည္း ႐ွိပါတယ္။

“ကိုဗစ္ဗဟိုေကာ္မတီက ညႊန္ၾကားထားတာရွိလို႔ ကယားျပည္နယ္အတြင္းက ဟိုတယ္နဲ႕ သီးျခားေနရာေတြက Bar ၊ Night Club ၊ KTVေတြကို ဖြင့္လွစ္ျခင္းမျပဳဖို႔ အသိေပးအေၾကာင္းၾကား ထားၿပီး ျဖစ္ပါတယ္။ “လို႔ ကယားျပည္နယ္အစိုးရအဖြဲ႔မွ တာဝန္႐ွိသူတစ္ဦးကေျပာပါတယ္။

ကိုဗစ္ထိန္းခ်ဳပ္ကုသကာကြယ္ေရးဗဟိုေကာ္မတီကေတာ့ ဟိုတယ္ေတြနဲ႔သီးျခားေနရာမွာရွိတဲ့ Bar ၊ Night Club ၊ KTVေတြဟာ (Covid-19) ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ဖို႔လြယ္ကူတဲ့ ေနရာေတြျဖစ္တာေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး နဲ႔ ျပည္နယ္ေတြမွာ ခြင့္မျပဳထားဘူးလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW