ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့လူမှုစီးပွားရေးဆိုင်ရာတွေကိုကုစားဖို့ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြ

ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့လူမှုစီးပွားရေးဆိုင်ရာတွေကိုကုစားဖို့ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြ

နေပြည်တော်၊ ဇူလိုင် ၂၂-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ကိုဗစ်-၁၉ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့လူမှုစီးပွားရေးဆိုင်ရာတွေကို ကုစားဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ပြုဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အဲ့ဒီ ချေးငွေတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ဆီက ကိုဗစ်-၁၉ရဲ့ သက်ရောက်မှုတွေကို တုန့် ပြန်ခြင်းနဲ့ အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ် (COVID-19 Active Response and Expenditure Support (CARES) Program) အဖြစ် ရယူမှာဖြစ်ပါတယ်။

အခု ချေးယူမယ့် ချေးငွေပုံစံက Budget Support ပုံစံချေးငွေဖြစ်ပြီး ချေးငွေရယူမယ့် စီမံကိန်းတစ်ခုအတွက်သာ အကောင်အထည်ဖော်တာမျိုးမဟုတ်ဘဲ အစိုးရရဲ့ ဘတ်ဂျက်အတွင်း ချေးငွေကို တိုက်ရိုက်ထည့်သွင်းပြီး အစိုးရက ဦးစားပေးသုံးစွဲဖို့လိုအပ်တဲ့ အသုံးစရိတ်တွေကို လွတ်လပ်စွာနဲ့ သုံးစွဲနိုင်ဖို့အတွက် ပေးအပ်တဲ့ ချေးငွေမျိုးဖြစ်တယ်လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“သို့ရာတွင် ADBအနေနဲ့ ချေးငွေနဲ့သုံးစွဲခြင်းမပြုရမယ့် အသုံးစရိတ်အမျိုးအစားတွေကို သတ်မှတ်ပေး ထားပါတယ်။ ၎င်းတို့မှာ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ပစ္စည်းများ၊ ရေဒီယိုသတ္တုကြွနဲ့ ဆက်စပ်တဲ့ပစ္စည်းများ၊ ရွှေ/ငွေ/ရွှေဖြူကဲ့သို့သော လက်ဝတ်ရတနာများ၊ ဇိမ်ခံပစ္စည်းများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ထာတဲ့ ကန့်သတ်ပစ္စည်းတွေ ဝယ်ယူခြင်းတို့ဖြစ်ပါတယ်”လို့ ဦးမောင်မောင်ဝင်းကပြောပါတယ်။

အာရှဖွံ့ဖြိုးရးဘဏ် (ADB)ရဲ့ ချေးငွေဆိုင်ရာ စည်းကမ်းချက်တွေကတော့ ဆိုင်းငံ့ကာလ ၈ နှစ်၊ ပြန် ဆပ်ကာလ (၁၆) နှစ်၊ စုစုပေါင်း ၂၄ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်ကို ဆိုင်ငံ့ကာလအတွင်းဆိုရင် ၁ ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်တဲ့ကာလအတွင်းမှာ တစ်နှစ်ကို ၁.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။

ချေးငွေနဲ့ ကိုဗစ်-၁၉ကြောင့် ထိခိုက်နစ်နာသူ ဝင်ငွေနည်းအိမ်ထောင်စုတွေကို လူမှုရေးဆိုင်ရာ ကူ ညီပံ့ပိုးတာတွေ၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသဖို့အတွက် ကျန်းမာရေးစနစ်တွေ ပိုမိုအားကောင်းစေဖို့၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်သားတွေကို အားပေးမြင့်တင်တာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အထက်ပါ ချေးငွေရယူရေးကိစ္စနဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိ ရင် လာမယ့်ဇူလိုင်၂၄ ရက်နေ့၊ ညနေ ၄ နာရီနောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှုးချုပ်ကို အမည်စာရင်းပေးသွင်းနိုင်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကကြေငြာခဲ့ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ကိုဗစ္ေၾကာင့္ ထိခိုက္ခဲ့တဲ့ ၿမန္မာ့လူမႈစီးပြားေရးဆုိင္ရာေတြကုိကုစားဖို႔ အေမရိကန္ ေဒၚလာ သန္း ၂၅၀ ေခ်းယူခြင့္ၿပဳရန္ ၿပည္ေထာင္စုလႊတ္ေတာ္ကိုတင္ၿပ

ေနၿပည္ေတာ္၊ ဇူလုိင္ ၂၂-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ကိုဗစ္-၁၉ေၾကာင့္ ထိခိုက္ခဲ့တဲ့ ၿမန္မာ့လူမႈစီးပြားေရးဆုိင္ရာေတြကုိ ကုစားဖို႔အတြက္ အေမရိကန္ ေဒၚလာ သန္း ၂၅၀ ေခ်းယူခြင့္ၿပဳဖို႔ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ဦးေမာင္ေမာင္ဝင္းက ဒီကေန႔မွာပဲ ၿပည္ေထာင္စုလႊတ္ေတာ္ကုိ တင္ၿပခဲ့ပါတယ္။

အဲ့ဒီ ေခ်းေငြေတြကုိ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB)ဆီက ကုိဗစ္-၁၉ရဲ့ သက္ေရာက္မႈေတြကုိ တုန္႔ ၿပန္ၿခင္းနဲ႔ အသံုးစရိတ္ဆုိင္ရာ အေထာက္အပံ့အစီအစဥ္ (COVID-19 Active Response and Expenditure Support (CARES) Program) အၿဖစ္ ရယူမွာၿဖစ္ပါတယ္။

အခု ေခ်းယူမယ့္ ေခ်းေငြပံုစံက Budget Support ပံုစံေခ်းေငြၿဖစ္ၿပီး ေခ်းေငြရယူမယ့္ စီမံကိန္းတစ္ခုအတြက္သာ အေကာင္အထည္ေဖာ္တာမ်ိဳးမဟုတ္ဘဲ အစုိးရရဲ့ ဘတ္ဂ်က္အတြင္း ေခ်းေငြကုိ တုိက္ရုိက္ထည့္သြင္းၿပီး အစိုးရက ဦးစားေပးသံုးစြဲဖုိ႔လိုအပ္တဲ့ အသံုးစရိတ္ေတြကို လြတ္လပ္စြာနဲ႔ သံုးစြဲနုိ္င္ဖုိ႔အတြက္ ေပးအပ္တဲ့ ေခ်းေငြမ်ိဳးၿဖစ္တယ္လုိ႔ ဦးေမာင္ေမာင္ဝင္းက ေျပာပါတယ္။

“သုိ႔ရာတြင္ ADBအေနနဲ႔ ေခ်းေငြနဲ႔သံုးစြဲၿခင္းမၿပဳရမယ့္ အသံုးစရိတ္အမ်ိဳးအစားေတြကုိ သတ္မွတ္ေပး ထားပါတယ္။ ၎တုိ႔မွာ မူးယစ္ေဆးဝါးနဲ႔ သက္ဆုိင္တဲ့ပစၥည္းမ်ား၊ ေရဒီယုိသတၱဳၾကြနဲ႔ ဆက္စပ္တဲ့ပစၥည္းမ်ား၊ ေရႊ/ေငြ/ေရႊၿဖဴကဲ့သုိ႔ေသာ လက္ဝတ္ရတနာမ်ား၊ ဇိမ္ခံပစၥည္းမ်ား၊ သဘာဝပတ္ဝန္းက်င္ကုိ ထိခိုက္ေစတဲ့ ပစၥည္းေတြ၊ စစ္လက္နက္ပစၥည္းေတြနဲ႔ ကုလသမဂၢလံုၿခံဳေရးေကာင္စီက ထုတ္ၿပန္ထာတဲ့ ကန္႔သတ္ပစၥည္းေတြ ဝယ္ယူၿခင္းတုိ႔ၿဖစ္ပါတယ္”လုိ႔ ဦးေမာင္ေမာင္ဝင္းကေၿပာပါတယ္။

အာရွဖြံ႔ၿဖိဳးရးဘဏ္ (ADB)ရဲ့ ေခ်းေငြဆိုင္ရာ စည္းကမ္းခ်က္ေတြကေတာ့ ဆုိင္းငံ့ကာလ ၈ ႏွစ္၊ ၿပန္ ဆပ္ကာလ (၁၆) ႏွစ္၊ စုစုေပါင္း ၂၄ ႏွစ္ၿဖစ္ၿပီး အတိုးႏႈန္းမွာ တစ္ႏွစ္ကို ဆုိင္ငံ့ကာလအတြင္းဆုိရင္ ၁ ရာခုိင္ႏႈန္းၿဖစ္ၿပီး ၿပန္ဆပ္တဲ့ကာလအတြင္းမွာ တစ္ႏွစ္ကုိ ၁.၅ ရာခိုင္နႈန္းၿဖစ္ပါတယ္။

ေခ်းေငြနဲ႔ ကုိဗစ္-၁၉ေၾကာင့္ ထိခုိက္နစ္နာသူ ဝင္ေငြနည္းအိမ္ေထာင္စုေတြကုိ လူမႈေရးဆုိင္ရာ ကူ ညီပ့့ံပုိးတာေတြ၊ ကုိဗစ္-၁၉ကာကြယ္ထိန္းခ်ဳပ္ကုုသဖုိ႔အတြက္ က်န္းမာေရးစနစ္ေတြ ပုိမုိအားေကာင္းေစဖုိ႔၊ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြနဲ႔ လုပ္သားေတြကုိ အားေပးၿမင့္တင္တာေတြ ေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။

အထက္ပါ ေခ်းေငြရယူေရးကိစၥနဲ႔ပတ္သက္ၿပီး ပါဝင္ေဆြးေႏြးလုိတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေတြရွိ ရင္ လာမယ့္ဇူလိုင္၂၄ ရက္ေန႔၊ ညေန ၄ နာရီေနာက္ဆံုးထားၿပီး ၿပည္ေထာင္စုလႊတ္ေတာ္ရံုး ညႊန္ၾကားေရးမႈးခ်ဳပ္ကုိ အမည္စာရင္းေပးသြင္းနုိင္တယ္လို႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္ကေၾကၿငာခဲ့ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW