နှာခေါင်းစည်းမရှိတဲ့အတွက် ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိ

နှာခေါင်းစည်းမရှိတဲ့အတွက် ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိ

ကလေး ဇူလိုင် ၂၂-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အခြေခံပညာထက်တန်းကျောင်းတွေမှာ ကိုဗစ်နိုင်တီးကာလ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရေး နှာခေါင်းစည်းမရှိတဲ့အတွက် ကျောင်းတွေဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်း က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေမှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေစတင်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ပေမယ့် တပ်မတော် နဲ့ အေအေ လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပလက်ဝမြို့နယ်မှာတော့ နယ်မြေတည်ငြိမ်လုံခြုံမှုမရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကျောင်းသားကျောင်းသူတွေအတွက် နှာခေါင်းစည်းမရှိတဲ့အတွက် ကိုဗစ်နိုင်တီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကျောင်းတွေပြန်ဖွင့်လို့ မရသေးတာ ဖြစ်တယ်လို့ ဆလိုင်းအောင်မင်းကပြောပါတယ်။

ပညာရေးမှူး ဆလိုင်းအောင်မင်း က “ကျွန်တော်တို့ဆီမှာ နှာခေါင်းစည်းတောင် အခုထိ မရောက်သေးဘူး။ အပူချိန်တိုင်းတဲ့ကိရိယာတွေ မရောက်နိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ၊ လမ်းတွေ အားလုံးပိတ်ထားတော့ အခုထိ ကားတွေ ဘာတွေ မရောက်နိုင်သေးဘူး။ ဆိုတော့ နှာခေါင်းစည်းတောင်မရှိဘဲနဲ့ ဘယ်လိုမှ ကျောင်းပြန်ဖွင့်လို့မရဘူး”လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ တပ်မတော် နဲ့ အေအေ လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေ ထောင်ချီရှိနေပါတယ်။အဲ့ဒီ ပြည်သူတွေက ပလက်ဝမြို့ ၊ဆမီးမြို့နဲ့ ဘေးလွတ်ရာ ကျေးရွာတွေမှာ ရောက်ရှိနေကြတာဖြစ်ပြီး စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ပလက်ဝမြို့နယ်မှာ အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ) စုစုပေါင်း စာသင်ကျောင်း(၃၈)ကျောင်းထဲကနေ ပြန်လည်ဖွင့်လှစ်ဖို့ မူလကရည်ရွယ်ထားတဲ့ (၁၃)ကျောင်း ရှိပါတယ်။ အဲ့ဒီ ၁၃ ကျောင်းက ကျောင်းသားကျောင်းသူ ဦးရေ(၇၀၀)ကို ပေးဝေရမယ့် နှာခေါင်းစည်းတွေ မရှိတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ

Zawgyi

ႏွာေခါင္းစည္းမရွိတဲ့အတြက္ ပလက္ဝၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ျခင္းမရွိ

ကေလး ဇူလိုင္ ၂၂-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာထက္တန္းေက်ာင္းေတြမွာ ကိုဗစ္ႏိုင္တီးကာလ ကို႐ိုနာဗိုင္းရပ္စ္ပိုးကာကြယ္ေရး ႏွာေခါင္းစည္းမရွိတဲ့အတြက္ ေက်ာင္းေတြဖြင့္လွစ္ႏိုင္ျခင္းမရွိေသးဘူးလုိ႔ ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္း က ေျပာပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးက အထက္တန္းေက်ာင္းေတြမွာ ဇူလိုင္လ ၂၁ ရက္ေန႔ကေနစတင္ၿပီးေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးကာကြယ္ေရးအတြက္ က်န္းမာေရးလမ္းၫႊန္ခ်က္နဲ႔အညီ ျပန္လည္ဖြင့္လွစ္ခြင့္ ျပဳခဲ့ေပမယ့္ တပ္မေတာ္ နဲ႔ ေအေအ လက္နက္ကိုင္အဖြဲ႕အၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ပလက္ဝၿမိဳ႕နယ္မွာေတာ့ နယ္ေျမတည္ၿငိမ္လုံၿခဳံမႈမရွိတာေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနၿပီး ေက်ာင္းသားေက်ာင္းသူေတြအတြက္ ႏွာေခါင္းစည္းမရွိတဲ့အတြက္ ကိုဗစ္ႏိုင္တီး စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ေက်ာင္းေတြျပန္ဖြင့္လို႔ မရေသးတာ ျဖစ္တယ္လို႔ ဆလိုင္းေအာင္မင္းကေျပာပါတယ္။

ပညာေရးမႉး ဆလိုင္းေအာင္မင္း က “ကြၽန္ေတာ္တို႔ဆီမွာ ႏွာေခါင္းစည္းေတာင္ အခုထိ မေရာက္ေသးဘူး။ အပူခ်ိန္တိုင္းတဲ့ကိရိယာေတြ မေရာက္ႏိုင္ေသးဘူး။ လမ္းပန္းဆက္သြယ္ေရး မေကာင္းလို႔ေလ၊ လမ္းေတြ အားလုံးပိတ္ထားေတာ့ အခုထိ ကားေတြ ဘာေတြ မေရာက္ႏိုင္ေသးဘူး။ ဆိုေတာ့ ႏွာေခါင္းစည္းေတာင္မရွိဘဲနဲ႔ ဘယ္လိုမွ ေက်ာင္းျပန္ဖြင့္လို႔မရဘူး”လို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္ နဲ႔ ေအေအ လက္နက္ကိုင္အဖြဲ႕အၾကား တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ျပည္သူဦးေရ ေထာင္ခ်ီရွိေနပါတယ္။အဲ့ဒီ ျပည္သူေတြက ပလက္ဝၿမိဳ႕ ၊ဆမီးၿမိဳ႕နဲ႔ ေဘးလြတ္ရာ ေက်း႐ြာေတြမွာ ေရာက္ရွိေနၾကတာျဖစ္ၿပီး စာသင္ေက်ာင္းေတြမွာ ခိုလႈံေနၾကတာျဖစ္ပါတယ္။

ဒီလို အေျခအေနေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွာ အထက္တန္းေက်ာင္း၊ အထက္တန္းေက်ာင္း(ခြဲ) စုစုေပါင္း စာသင္ေက်ာင္း(၃၈)ေက်ာင္းထဲကေန ျပန္လည္ဖြင့္လွစ္ဖို႔ မူလကရည္႐ြယ္ထားတဲ့ (၁၃)ေက်ာင္း ရွိပါတယ္။ အဲ့ဒီ ၁၃ ေက်ာင္းက ေက်ာင္းသားေက်ာင္းသူ ဦးေရ(၇၀၀)ကို ေပးေဝရမယ့္ ႏွာေခါင္းစည္းေတြ မရွိတဲ့အေျခအေနနဲ႔ ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW