ရသေ့တောင်မြို့နယ်က နောက်ထပ်ဒေသခံ(၂၀၀)နီးပါး နေရပ်စွန့်ခွာ

ရသေ့တောင်မြို့နယ်က နောက်ထပ်ဒေသခံ(၂၀၀)နီးပါး နေရပ်စွန့်ခွာ

ရသေ့တောင်၊ ဇူလိုင် ၂၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ အောက်ကျောင်းတောင်ကျေးရွာက ဒေသခံတွေဟာ မနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ကျေးရွာကနေထွက်ပြေးကြပြီး ဒေသခံ (၂၀၀) နီးပါး နေရပ်စွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အောက်ကျောင်းတောင်ကျေးရွာက ဒေသခံ ၂၀၀ လောက် အခုလိုထွက်ပြေးရတာဟာ မေယုမြစ်အရှေ့ဖက်ကမ်း ကျောက်တန်းတိုက်နယ်တဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ ရက်ဆက်တိုက်ပွဲတွေနဲ့အတူ လက်နက်ကြီးငယ်အသံတွေကြားနေရတာကြောင့် စိုးရိမ်ကြောက်လှန့်ပြီး ထွက်ပြေးကြတာလို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းကလည်း မိမိကျေးရွာက ဒေသခံတွေပြေးတိမ်းရှောင်တာ ဟုတ်မှန်ကြောင်းနဲ့ ထွက်ပြးသူတွေဟာ ဆွေမျိုးတွေရှိတဲ့ ရွာတွေကိုပြေးကြတဲ့အပြင် စစ်ဘေးရှောင်စခန်းရှိတဲ့ စေတီပြင်တိုက်နယ်ဖက်ကို ပြေးကြတယ်လို့ သိရပါတယ်။

“ ရွာကလူတွေထွက်ပြေးကြတာတော့ ကြောက်စိတ်ဝင်လာပြီး ထွက်ပြေးကြတယ်။ မေယုမြစ်ထဲကလည်း ပစ်နေတယ်။ အရှေ့ဖက်ကမ်း (ကျောက်တန်းဖက်)တွေကလည်း ပစ်သံတွေကြားနေရတယ်။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးတာတော့မဟုတ်ဘူး။ ဒီဖက်ကမ်းမှာက တိုက်ပွဲမဖြစ်ဘူး။ ဒါပေမယ့် ဟိုဖက်ကမ်းမှာက တိုက်ပွဲဖြစ်တာလား မဖြစ်လားဆိုတာမသိဘူး။ ပစ်သံတွေတော့ ကြားတယ်။ ပစ်သံတွေကြားတာတွေကို ကြောက်ပြီးထွက်ပြေးကြတယ်။ “ လို့ အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းက (VOM)ကို ပြောပါတယ်။

အောက်ကျောင်းတောင်ကျေးရွာက ဒီကနေ့မနက်ပိုင်းနဲ့ မနေ့ဇူလိုင်(၂၁)ညနေပိုင်း ထွက်ပြေးသူတွေဟာ ကလေး၊ လူကြီးတွေနဲ့ အမျိုးသမီးတွေပါဝင်ပြီး စေတီပြင်တိုက်နယ်နဲ့ ပေါက်ပင်ရင်း၊ ခွဆုံ၊ ခမောင်းတုန်းနဲ့ အောင်ကျောင်းတောင်ကျေးရွာဖက်ကို ထွက်ပြေးကြတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း စေတီပြင်တိုက်နယ်ဖက်က ပစ်ခတ်သံတွေကြားရကြောင်း ရသေ့တောင်မြို့နယ်၊ ခွဆုံ(တောင်ပိုင်း)ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

အောက်ကျောင်းတောင်ကျေးရွာဟာ မေယုမြစ်အနောက်ဖက်ကမ်း အနီးမှာတည်ရှိပြီး အိမ်ခြေ (၂၀၀)‌ ကျော်လောက်နဲ့ လူဦးရေ (၇၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးကာလ နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိပြီး နေရပ်စွပ်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင် အရေအတွက်မှာ (၂) သိန်းနီးပါးရှိနေပြီဖြစ်ကြောင်း ရခိုင်မျိုးနွယ်စုအစည်းအရုံး (REC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္က ေနာက္ထပ္ေဒသခံ(၂၀၀)နီးပါး ေနရပ္စြန႔္ခြာ

ရေသ့ေတာင္၊ ဇူလိုင္ ၂၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အေနာက္ဖက္ကမ္းမွာရွိတဲ့ ေအာက္ေက်ာင္းေတာင္ေက်း႐ြာက ေဒသခံေတြဟာ မေန႔ ဇူလိုင္လ ၂၁ ရက္ေန႔ ညေနပိုင္းနဲ႔ ဒီကေန႔ မနက္ပိုင္းမွာ ေက်း႐ြာကေနထြက္ေျပးၾကၿပီး ေဒသခံ (၂၀၀) နီးပါး ေနရပ္စြန႔္ခြာထြက္ေျပးသြားတယ္လုိ႔ သိရပါတယ္။

ေအာက္ေက်ာင္းေတာင္ေက်း႐ြာက ေဒသခံ ၂၀၀ ေလာက္ အခုလိုထြက္ေျပးရတာဟာ ေမယုျမစ္အေရွ႕ဖက္ကမ္း ေက်ာက္တန္းတိုက္နယ္တဝိုက္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ ရက္ဆက္တိုက္ပြဲေတြနဲ႔အတူ လက္နက္ႀကီးငယ္အသံေတြၾကားေနရတာေၾကာင့္ စိုးရိမ္ေၾကာက္လွန႔္ၿပီး ထြက္ေျပးၾကတာလို႔ ေဒသခံေက်း႐ြာသားေတြက ေျပာပါတယ္။

ေအာက္ေက်ာင္းေတာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သန္းထြန္းကလည္း မိမိေက်း႐ြာက ေဒသခံေတြေျပးတိမ္းေရွာင္တာ ဟုတ္မွန္ေၾကာင္းနဲ႔ ထြက္ျပးသူေတြဟာ ေဆြမ်ိဳးေတြရွိတဲ့ ႐ြာေတြကိုေျပးၾကတဲ့အျပင္ စစ္ေဘးေရွာင္စခန္းရွိတဲ့ ေစတီျပင္တိုက္နယ္ဖက္ကို ေျပးၾကတယ္လုိ႔ သိရပါတယ္။

“ ႐ြာကလူေတြထြက္ေျပးၾကတာေတာ့ ေၾကာက္စိတ္ဝင္လာၿပီး ထြက္ေျပးၾကတယ္။ ေမယုျမစ္ထဲကလည္း ပစ္ေနတယ္။ အေရွ႕ဖက္ကမ္း (ေက်ာက္တန္းဖက္)ေတြကလည္း ပစ္သံေတြၾကားေနရတယ္။ တိုက္ပြဲျဖစ္လို႔ ထြက္ေျပးတာေတာ့မဟုတ္ဘူး။ ဒီဖက္ကမ္းမွာက တိုက္ပြဲမျဖစ္ဘူး။ ဒါေပမယ့္ ဟိုဖက္ကမ္းမွာက တိုက္ပြဲျဖစ္တာလား မျဖစ္လားဆိုတာမသိဘူး။ ပစ္သံေတြေတာ့ ၾကားတယ္။ ပစ္သံေတြၾကားတာေတြကို ေၾကာက္ၿပီးထြက္ေျပးၾကတယ္။ “ လို႔ ေအာက္ေက်ာင္းေတာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သန္းထြန္းက (VOM)ကို ေျပာပါတယ္။

ေအာက္ေက်ာင္းေတာင္ေက်း႐ြာက ဒီကေန႔မနက္ပိုင္းနဲ႔ မေန႔ဇူလိုင္(၂၁)ညေနပိုင္း ထြက္ေျပးသူေတြဟာ ကေလး၊ လူႀကီးေတြနဲ႔ အမ်ိဳးသမီးေတြပါဝင္ၿပီး ေစတီျပင္တိုက္နယ္နဲ႔ ေပါက္ပင္ရင္း၊ ခြဆုံ၊ ခေမာင္းတုန္းနဲ႔ ေအာင္ေက်ာင္းေတာင္ေက်း႐ြာဖက္ကို ထြက္ေျပးၾကတယ္လို႔ သိရပါတယ္။

ဒီကေန႔မနက္ပိုင္းမွာလည္း ေစတီျပင္တိုက္နယ္ဖက္က ပစ္ခတ္သံေတြၾကားရေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ခြဆုံ(ေတာင္ပိုင္း)ေက်း႐ြာေဒသခံတစ္ဦးက ေျပာပါတယ္။

ေအာက္ေက်ာင္းေတာင္ေက်း႐ြာဟာ ေမယုျမစ္အေနာက္ဖက္ကမ္း အနီးမွာတည္ရွိၿပီး အိမ္ေျခ (၂၀၀)‌ ေက်ာ္ေလာက္နဲ႔ လူဦးေရ (၇၀၀) ေက်ာ္ရွိတယ္လုိ႔ သိရပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးကာလ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း အရပ္သားထိခိုက္ဒဏ္ရာရ ေသဆုံးမႈေတြရွိၿပီး ေနရပ္စြပ္ခြာထြက္ေျပးရတဲ့ စစ္ေဘးေရွာင္ အေရအတြက္မွာ (၂) သိန္းနီးပါးရွိေနၿပီျဖစ္ေၾကာင္း ရခိုင္မ်ိဳးႏြယ္စုအစည္းအ႐ုံး (REC) ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW