ရန်ကုန်တိုင်းမှာ မှတ်ပုံတင်နံပါတ်တူနေသူ ၄ သိန်းကျော်ရှိ

ရန်ကုန်တိုင်းမှာ မှတ်ပုံတင်နံပါတ်တူနေသူ ၄ သိန်းကျော်ရှိ

ရန်ကုန်၊ ဇူလိုင် ၂၃-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းရဲ့ မဲစာရင်းမှာ မှတ်ပုံတင်နံပါတ်တူဖြစ်နေတဲ့သူပေါင်း(၄) သိန်းကျော်လောက် ရှိနေတယ်လို့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။

ဒါ့အပြင် မှတ်ပုံတင်နံပါတ် မဖြည့်သွင်းရသေးသူတွေနဲ့ မဲစာရင်းဖြည့်ဖို့ ကျန်ရှိနေတဲ့ လူဦးရေက ၂ သိန်း ကျော်ရှိနေပြီး ရန်ကုန်တိုင်းမှာ အသက်၁၈ နှစ်ပြည့် မဲပေးခွင့်ရှိသူဦးရေ ၅.၈ သန်းဝန်းကျင် ရှိပါတယ်။

“ ထပ်နေတာ ၄ သိန်းကျော်လောက်တော့ ရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ကြေငြာတဲ့အချိန်မှာ မဲစာရင်းလာစစ်ချိန်မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပေးစေချင်ပါတယ်။ ပြည်သူကကိုင်ဆောင်ပြီး ပြောဆိုတဲ့အချက်တွေပေါ် မူတည်ပြီးသာ မှန်ကန်တဲ့စာရင်းဇယားမျိုးရမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးကပြောပါတယ်။

မှတ်ပုံတင်မရှိသူတွေနဲ့ မဲစာရင်းမှတ်ပုံတင်ဖြည့်ဖို့ ကျန်ရှိနေသူတွေကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူတွေက ကွင်းဆင်းပြုလုပ်ပေးနေပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းထဲမှာ မဲစာရင်းမှန်ကန်စေဖို့အတွက်လည်း စာရင်းအချက်အလက် စစ်ဆေး ခြင်း၊ မဲဆန္ဒရှင်စာရင်းမှာ အဖ အမည်လွဲမှားခြင်း၊ မှတ်ပုံတင်နံပါတ်မပါရှိခြင်း၊ မှတ်ပုံတင် နံပါတ်ထပ်နေတဲ့ကိစ္စတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အဖွဲ့ ၃ ခု ဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“အဲဒီဟာက ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကလည်း အမြဲတမ်း စိစစ်နေတယ်၊ ထပ်နေလား၊ ဘာကြောင့်ထပ်နေရတာလဲဆိုတာ ။ ဆိုလိုတာကတော့ ကာယကံရှင်ကိုယ်တိုင် တက်တကကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပါ”လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်ကပြောပါတယ်။

တစ်နိုင်ငံလုံးရဲ့ မဲပေးခွင့်ရှိသူ ပထမအကြိမ်အခြေခံမဲစာရင်းကို အခုလ ဇူလိုင် ၂၅ ရက်ကနေ သြဂုတ် လ ၇ ရက်အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေရှိ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးတွေကနေ ကြေညာပေးမှာဖြစ်ပါတယ်။ဒုတိယအကြိမ် အခြေခံမဲစာရင်းကိုတော့ အောက်တိုဘာလမှာ ထုတ်ပြန်မယ်လို့သိရပါတယ်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာမှာကျင်းပမှာဖြစ်ပြီး ၊ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပထမဆုံးအကြိမ်မဲပေးနိုင်မယ့် လူငယ်ပေါင်း ၄ သန်း ဝန်းကျင် ထပ်တိုးလာနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းမွာ မွတ္ပုံတင္နံပါတ္တူေနသူ ၄ သိန္းေက်ာ္႐ွိ

ရန္ကုန္၊ ဇူလိုင္ ၂၃-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းရဲ႕ မဲစာရင္းမွာ မွတ္ပုံတင္နံပါတ္တူျဖစ္ေနတဲ့သူေပါင္း(၄) သိန္းေက်ာ္ေလာက္ ရွိေနတယ္လို႔ ရန္ကုန္တိုင္းလူဝင္မွုႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဆိုင္ရာဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ကေျပာပါတယ္။

ဒါ့အျပင္ မွတ္ပုံတင္နံပါတ္ မျဖည့္သြင္းရေသးသူေတြနဲ႔ မဲစာရင္းျဖည့္ဖို႔ က်န္႐ွိေနတဲ့ လူဦးေရက ၂ သိန္း ေက်ာ္႐ွိေနျပီး ရန္ကုန္တိုင္းမွာ အသက္၁၈ ႏွစ္ျပည့္ မဲေပးခြင့္ရွိသူဦးေရ ၅.၈ သန္းဝန္းက်င္ ရွိပါတယ္။

“ ထပ္ေနတာ ၄ သိန္းေက်ာ္ေလာက္ေတာ့ ရွိတယ္။ ဒါေၾကာင့္ ေရြးေကာက္ပြဲေကာ္မ႐ွင္ကေန မဲေပးခြင့္႐ွိသူစာရင္းကို ထုတ္ျပန္ေၾကျငာတဲ့အခ်ိန္မွာ မဲစာရင္းလာစစ္ခ်ိန္မွာ ျပည္သူေတြအေနနဲ႔ ပူးေပါင္းေပးေစခ်င္ပါတယ္။ ျပည္သူကကိုင္ေဆာင္ၿပီး ေျပာဆိုတဲ့အခ်က္ေတြေပၚ မူတည္ၿပီးသာ မွန္ကန္တဲ့စာရင္းဇယားမ်ိဳးရမွာ ျဖစ္ပါတယ္”လို႔ ဝန္ႀကီးကေျပာပါတယ္။

မွတ္ပုံတင္မရွိသူေတြနဲ႔ မဲစာရင္းမွတ္ပုံတင္ျဖည့္ဖို႔ က်န္ရွိေနသူေတြကို ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာေတြအထိ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ တာဝန္႐ွိသူေတြက ကြင္းဆင္းျပဳလုပ္ေပးေနပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းထဲမွာ မဲစာရင္းမွန္ကန္ေစဖို႔အတြက္လည္း စာရင္းအခ်က္အလက္ စစ္ေဆး ျခင္း၊ မဲဆႏၵရွင္စာရင္းမွာ အဖ အမည္လြဲမွားျခင္း၊ မွတ္ပုံတင္နံပါတ္မပါရွိျခင္း၊ မွတ္ပုံတင္ နံပါတ္ထပ္ေနတဲ့ကိစၥေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြက အဖြဲ႔ ၃ ခု ဖြဲ႔ၿပီး ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

“အဲဒီဟာက ကိုယ္တိုင္ပူးေပါင္းေဆာင္ရြက္ဖို႔လိုတယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္း အျမဲတမ္း စိစစ္ေနတယ္၊ ထပ္ေနလား၊ ဘာေၾကာင့္ထပ္ေနရတာလဲဆိုတာ ။ ဆိုလိုတာကေတာ့ ကာယကံရွင္ကိုယ္တိုင္ တက္တကႂကြႂကြနဲ႔ ပူးေပါင္းေဆာင္ရြက္ေပးဖို႔ပါ”လို႔ ရန္ကုန္တိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးၾကည္ျမင့္ကေျပာပါတယ္။

တစ္နိုင္ငံလုံးရဲ႕ မဲေပးခြင့္ရွိသူ ပထမအႀကိမ္အေျခခံမဲစာရင္းကို အခုလ ဇူလိုင္ ၂၅ ရက္ကေန ၾသဂုတ္ လ ၇ ရက္အထိ (၁၄)ရက္ၾကာ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာေတြရွိ ေရြးေကာက္ပြဲေကာ္မ ရွင္အဖြဲ႕ခြဲ႐ုံးေတြကေန ေၾကညာေပးမွာျဖစ္ပါတယ္။ဒုတိယအႀကိမ္ အေျခခံမဲစာရင္းကိုေတာ့ ေအာက္တိုဘာလမွာ ထုတ္ျပန္မယ္လို႔သိရပါတယ္။

၂၀၂၀ ပါတီစုံ အေထြေထြေရြးေကာက္ပြဲကို လာမယ့္ နိဳဝင္ဘာမွာက်င္းပမွာျဖစ္ၿပီး ၊ေရြးေကာက္ပြဲမွာ တစ္နိုင္ငံလုံး အတိုင္းအတာအရ ပထမဆုံးအႀကိမ္မဲေပးနိုင္မယ့္ လူငယ္ေပါင္း ၄ သန္း ဝန္းက်င္ ထပ္တိုးလာနိုင္တယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ခန႔္မွန္းထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW