အင်တာနက်ဖြတ်တောက်တဲ့ကိစွ ဆန္ဒပြရာမှာ ကျန်ရှိတဲ့သူ(၂)ဦးကို ထောင်ဒဏ်၁လအမိန့်ချ

အင်တာနက်ဖြတ်တောက်တဲ့ကိစွ ဆန္ဒပြရာမှာ ကျန်ရှိတဲ့သူ(၂)ဦးကို ထောင်ဒဏ်၁လအမိန့်ချ

ရန်ကုန်၊ ဇူလိုင် ၂၃-၂၀၂၀
အေးချမ်းသူ(VOM)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ဖြတ်တောက်ခံရတဲ့ကိစ္စကို ဆန္ဒပြတောင်းဆိုမှုကြောင့် ငြိမ်းစုစီပုဒ်မနဲ့တရားစွဲဆိုထားတဲ့အမှုက ကျန်ရှိနေသူ(၂)ဦးကို ဒီကနေ့မနက်ပိုင်း ကမာရွတ်မြို့နယ်တရားရုံးကနေ ထောင်ဒဏ်(၁)လချမှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ချွင်းချက်မရှိ အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးဆောင်သူကျောင်းသား(၉)ဦးကို ကမာရွတ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့ရာ အဲ့ဒီအမှုမှာကျန်ရှိနေသူ မြတ်လင်းထွန်း နဲ့ ကျော်လင်းကို တို့ကို ဒီကနေ့မနက်ပိုင်းမှာပဲ ကမာရွတ်တရားရုံးမှ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁)လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီမနက်မှာပဲ ထောင်တစ်လချခဲ့တာပါ ကျနော်တို့နဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ လက်နက်ကြီးတွေကျတဲ့ကိစွ၊ ကလေးတွေပညာရေးကိစ္စကြောင့် ဆန္ဒပြတုန်းက ပါဝင်ခဲ့တဲ့သူတွေပါ”လို့ ဗကသ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

ကျောင်းသားသမဂ္ဂတွေအနေနဲ့ လက်ရှိပြဌာန်းထားသော ငြိမ်းစုစီဥပဒေကို လက်ခံခြင်းမရှိတာကြောင့် နောက်နောင်ဆန္ဒပြရာတွင်လည်း အသိပေးအကြောင်းကြားသွားမှာမဟုတ်ဘူးလို့ ကိုအောင်ပြည့်စုံဖြိုးကပြောခဲ့ပါတယ်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က ငြိမ်းစုစီပုဒ် ၁၉နဲ့ တရားစွဲဆိုခဲ့သော ဗ.က.သ အဖွဲ့ဝင်ကျောင်းသားတွေဖြစ်တဲ့ နောင်ထက်အောင် ၊ အောင်ပြည့်စုံဖြိုး၊ သုတစိုး၊ မနှင်း၊ ဇော်ထက်နိုင်၊ သက်တင်အောင်၊ မအေးမြတ်မွန်ကျော်တို့(၇)ဦးကို အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ချွင်းချက်မရှိ အင်တာနက်လိုင်းပြန်ဖွင့်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်က ကမာရွတ်မြို့နယ်မှာ ဆန္ဒပြပွဲဦးဆောင်သူတေါကို ကမာရွတ်ရဲစခန်းမှ ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဗကသ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကပြောပြပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အင္တာနက္ျဖတ္ေတာက္တဲ့ကိစြ ဆႏၵျပရာမွာ က်န္ရွိတဲ့သူ(၂)ဦးကို ေထာင္ဒဏ္၁လအမိန္႔ခ်

ရန္ကုန္၊ ဇူလိုင္ ၂၃-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔မွာ အင္တာနက္ျဖတ္ေတာက္ခံရတဲ့ကိစၥကို ဆႏၵျပေတာင္းဆိုမႈေၾကာင့္ ၿငိမ္းစုစီပုဒ္မနဲ႔တရားစြဲဆိုထားတဲ့အမႈက က်န္ရွိေနသူ(၂)ဦးကို ဒီကေန႔မနက္ပိုင္း ကမာ႐ြတ္ၿမိဳ႕နယ္တရား႐ုံးကေန ေထာင္ဒဏ္(၁)လခ်မွတ္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ခၽြင္းခ်က္မရွိ အင္တာနက္ျပန္လည္ဖြင့္ေပးဖုိ႔ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက ဆႏၵျပေတာင္းဆိုခဲ့တဲ့ ဦးေဆာင္သူေက်ာင္းသား(၉)ဦးကို ကမာ႐ြတ္ရဲစခန္းက ၿငိမ္းစုစီပုဒ္မ ၁၉နဲ႔ အမႈဖြင့္တရားစြဲဆိုခဲ့ရာ အဲ့ဒီအမႈမွာက်န္ရွိေနသူ ျမတ္လင္းထြန္း နဲ႔ ေက်ာ္လင္းကို တို႕ကို ဒီကေန႔မနက္ပိုင္းမွာပဲ ကမာ႐ြတ္တရား႐ုံးမွ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္(၁)လ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

“ဒီမနက္မွာပဲ ေထာင္တစ္လခ်ခဲ့တာပါ က်ေနာ္တို႔နဲ႔ ရခိုင္ျပည္နယ္မွာ စာသင္ေက်ာင္းေတြ လက္နက္ႀကီးေတြက်တဲ့ကိစြ၊ ကေလးေတြပညာေရးကိစၥေၾကာင့္ ဆႏၵျပတုန္းက ပါဝင္ခဲ့တဲ့သူေတြပါ”လုိ႔ ဗကသ ဒု-ဥကၠဌ ကိုေအာင္ျပည့္စုံၿဖိဳးကေျပာပါတယ္။

ေက်ာင္းသားသမဂၢေတြအေနနဲ႔ လက္ရွိျပဌာန္းထားေသာ ၿငိမ္းစုစီဥပေဒကို လက္ခံျခင္းမရွိတာေၾကာင့္ ေနာက္ေနာင္ဆႏၵျပရာတြင္လည္း အသိေပးအေၾကာင္းၾကားသြားမွာမဟုတ္ဘူးလို႔ ကိုေအာင္ျပည့္စုံၿဖိဳးကေျပာခဲ့ပါတယ္။

ၿပီးခဲ့သည့္ မတ္လ ၂၅ရက္ေန႔က ၿငိမ္းစုစီပုဒ္ ၁၉နဲ႔ တရားစြဲဆိုခဲ့ေသာ ဗ.က.သ အဖြဲ႕ဝင္ေက်ာင္းသားေတြျဖစ္တဲ့ ေနာင္ထက္ေအာင္ ၊ ေအာင္ျပည့္စုံၿဖိဳး၊ သုတစိုး၊ မႏွင္း၊ ေဇာ္ထက္ႏိုင္၊ သက္တင္ေအာင္၊ မေအးျမတ္မြန္ေက်ာ္တို႔(၇)ဦးကို အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္ခ်မွတ္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ခၽြင္းခ်က္မရွိ အင္တာနက္လိုင္းျပန္ဖြင့္ေရးကိစၥနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ ၂၃ ရက္က ကမာ႐ြတ္ၿမိဳ႕နယ္မွာ ဆႏၵျပပြဲဦးေဆာင္သူေတါကို ကမာ႐ြတ္ရဲစခန္းမွ ၿငိမ္းစုစီပုဒ္မ ၁၉နဲ႔ အမႈဖြင့္ခဲ့တာျဖစ္တယ္လို႔ ဗကသ ဒု-ဥကၠဌ ကိုေအာင္ျပည့္စုံၿဖိဳးကေျပာျပပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW