ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုပိတ်သိမ်းဖို့ တရုတ်အစိုးရ အမိန့်ထုတ်

ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုပိတ်သိမ်းဖို့ တရုတ်အစိုးရ အမိန့်ထုတ်

ပေကျင်း၊ ဇူလိုင်-၂၄-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းဖို့ တရုတ်အစိုးရက အမိန့်ထုတ်လိုက်ပြီး နှစ်နိုင်ငံအကြား အပြန်လှန်တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ ယခုတစ်ပတ်အစောပိုင်းက ဟူစတန်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့အမိန့်ထုတ်ခဲ့တဲ့ အမေရိကန်ကို လိုအပ်တဲ့တုံ့ပြန်မှုလုပ်တာလို့ တရုတ်ပြောပါတယ်။

ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်ကဆုံးဖြတ်လိုက်တာဟာ ဉာဏဆိုင်ရာပိုင်ဆိုင်မှုတွေကို တရုတ်ကခိုးယူနေတာကြောင့်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဒီကိစ္စအပေါ် လိုအပ်တဲ့တုံ့ပြန်မှုတွေပြုသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နဲ့အမေရိကန်အကြား လက်ရှိ ဆက်ဆံရေးအခြေအနေဟာ မဖြစ်ချင်တဲ့အခြေအနေရောက်နေပြီး ဒီကိစ္စမှာ အမေရိကန်ကသာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အဓိကပြသနာအချို့အပေါ် မကြေလည်မှုတွေဖြစ်ပွားပြီး တင်းမာမှုတွေမြင့်တက်နေကြပါတယ်။

ချန်ဒူးမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ၁၉၈၅ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းအင်အား ၂၀၀ ကျော်ရှိကာ တိဘက်ဒေသနဲ့ နီးကပ်တာကြောင့် အရေးပါတဲ့ ကောင်စစ်ဝန်ရုံးလည်းဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

ခ်န္ဒူးရိွ အေမရိကန္ေကာင္စစ္၀န္ရံုးကိုပိတ္သိမ္းဖို႔ တရုတ္အစိုးရ အမိန္႔ထုတ္

ေပက်င္း၊ ဇူလိုင္-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံအေနာက္ေတာင္ပိုင္း ခ်န္ဒူးရိွ အေမရိကန္ေကာင္စစ္၀န္ရံုးကို ပိတ္သိမ္းဖို႔ တရုတ္အစိုးရက အမိ္န္႔ထုတ္လိုက္ျပီး နွစ္နိုင္ငံအၾကား အျပန္လွန္တင္းမာမႈေတြ ျဖစ္ေပၚေနပါတယ္။

ဒီလိုလုပ္ေဆာင္မႈဟာ ယခုတစ္ပတ္အေစာပိုင္းက ဟူစတန္မွာရိွတဲ႔ တရုတ္ေကာင္စစ္၀န္ရံုးကို ပိတ္ပစ္ဖို႔အမိန္႔ထုတ္ခဲ႔တဲ႔ အေမရိကန္ကို လိုအပ္တဲ႔တုံ႕ျပန္မႈလုပ္တာလို႔ တရုတ္ေျပာပါတယ္။

ဟူစတန္က တရုတ္ေကာင္စစ္၀န္ရံုးကိုပိတ္ဖို႔ အေမရိကန္ကဆံုးျဖတ္လိုက္တာဟာ ဥာဏဆိုင္ရာပိုင္ဆိုင္မႈေတြကို တရုတ္ကခိုးယူေနတာေၾကာင္႔လို႔ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုကေျပာပါတယ္။

အေမရိကန္ရဲ႕လုပ္ရပ္ဟာ က်ိဳးေၾကာင္းဆီေလ်ာ္ျခင္းမရိွဘဲ ဒီကိစၥအေပၚ လိုအပ္တဲ႔တံု႕ျပန္မႈေတြျပဳသြားမယ္လို႔ တရုတ္နုိင္ငံျခားေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

တရုတ္နဲ႔အေမရိကန္အၾကား လက္ရိွ ဆက္ဆံေရးအေျခအေနဟာ မျဖစ္ခ်င္တဲ႔အေျခအေနေရာက္ေနျပီး ဒီကိစၥမွာ အေမရိကန္ကသာ တာ၀န္ရိွတယ္လို႔ ေျပာပါတယ္။

အေမရိကန္နဲ႔ တရုတ္နုိင္ငံတို႔ဟာ အဓိကျပသနာအခ်ိဳ႕အေပၚ မေၾကလည္မႈေတြျဖစ္ပြားျပီး တင္းမာမႈေတြျမင္႔တက္ေနၾကပါတယ္။

ခ်န္ဒူးမွာရိွတဲ႔ အေမရိကန္ေကာင္စစ္၀န္ရံုးကို ၁၉၈၅ ခုနွစ္မွာစတင္တည္ေထာင္ခဲ႔ျပီး ၀န္ထမ္းအင္အား ၂၀၀ ေက်ာ္ရိွကာ တိဘက္ေဒသနဲ႔ နီးကပ္တာေၾကာင္႔ အေရးပါတဲ႔ ေကာင္စစ္၀န္ရံုးလည္းျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW