Quarantineမဝင်တဲ့ ပြည်ပပြန်(၂)ဦးကို အလုပ်နဲ့ထောင်ဒဏ်(၃)လချ

Quarantineမဝင်တဲ့ ပြည်ပပြန်(၂)ဦးကို အလုပ်နဲ့ထောင်ဒဏ်(၃)လချ

ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၂၀
သိင်္ဂီ(VOM)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကွာရန်တင်းမဝင်တဲ့ ပြည်ပပြန် ၂ ဦးကို မနေ့ဇူလိုင်လ ၂၃ ရက်နေ့က အုတ်ဖိုမြို့နယ်တရားရုံးကနေ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေအရ အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနဲ့ လာအိုကနေ ပြန်ရောက်လာသူတွေဖြစ်ပါတယ်။ အုတ်ဖိုကိုပြန်ရောက်စဉ် ရပ်ကျေးအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနကို အသိမပေးခဲ့သလို ကွာရန်တင်းဝင်ရောက်ပြီး သီးခြားနေထိုင်ခြင်းမရှိတာကြောင့် ခုလို အရေးယူကာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ ၂ ဦးကို သာယာဝတီအကျဉ်းထောင်ကို ရွှေ့ပြောင်းပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အစည်းအဝေး ထိုင်တယ်၊ သူတို့၂ ဦးကို တရားဥပဒေအရ တရားစွဲသင့်၊မစွဲသင့် စဉ်းစားတဲ့အခါ မြို့နယ်ကိုဗစ်ကော်မတီရဲ့ဆုံးဖြတ်ချက်အရ တရားစွဲသင့်တယ် ယူဆလို့ တရားစွဲတာဖြစ်ပါတယ်။”လို့ အုတ်ဖိုမြို့နယ် ကျန်းမာရေးအရာရှိ ဒေါက်တာသန့်ဇော်မောင်က ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားတဲ့ အမိန့်ညွှန့်ကြားချက်ကို ပျက်ကွက်ခဲ့တာကြောင့် သူတို့ ၂ ဦး အရေးယူပေးဖို့ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ အရေးယူခြင်းခံလိုက်ရတဲ့ လာအိုပြန်နဲ့ ထိုင်းပြန်မှာ ကိုဗစ် ၁၉ ရောဂါ ဆေးစစ်ချက်က Negative ဖြစ်ပါတယ်။ ဥပဒေအရ အရေးမယူခင်မှာ စိတ်ချအောင် ဆေးရုံကွာရန်တင်း ၂၁ ရက်စောင့်ကြည့်ခဲ့တာဖြစ်ပြီး ၂၁ ရက်ပြည့်မှ ရုံးတင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #အုတ်ဖို

Zawgyi

Quarantineမဝင္တဲ့ ျပည္ပျပန္(၂)ဦးကို အလုပ္နဲ႔ေထာင္ဒဏ္(၃)လခ်

ရန္ကုန္၊ ဇူလိုင္ ၂၄-၂၀၂၀
သိဂႌ(VOM)

ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္က ကြာရန္တင္းမဝင္တဲ့ ျပည္ပျပန္ ၂ ဦးကို မေန႔ဇူလိုင္လ ၂၃ ရက္ေန႔က အုတ္ဖိုၿမိဳ႕နယ္တရား႐ုံးကေန ကူးစက္ေရာဂါကာကြယ္ႏွိမ္ႏွင္းေရးဥပေဒအရ အလုပ္နဲ႔ ေထာင္ဒဏ္ ၃ လ ခ်မွတ္လိုက္ပါတယ္။

သူတို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ဇြန္လက ထိုင္းနဲ႔ လာအိုကေန ျပန္ေရာက္လာသူေတြျဖစ္ပါတယ္။ အုတ္ဖိုကိုျပန္ေရာက္စဥ္ ရပ္ေက်းအုပ္ခ်ဳပ္ေရးနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္က်န္းမာေရးဌာနကို အသိမေပးခဲ့သလို ကြာရန္တင္းဝင္ေရာက္ျပီး သီးျခားေနထိုင္ျခင္းမ႐ွိတာေၾကာင့္ ခုလို အေရးယူကာ ေထာင္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ႔ သူတို႔ ၂ ဦးကို သာယာဝတီအက်ဥ္းေထာင္ကို ေရႊ႕ေျပာင္းၿပီး တရားဥပေဒအရ အေရးယူေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။
“ကၽြန္ေတာ္တို႔ အစည္းအေဝး ထိုင္တယ္၊ သူတို႔၂ ဦးကို တရားဥပေဒအရ တရားစြဲသင့္၊မစြဲသင့္ စဥ္းစားတဲ့အခါ ၿမိဳ႕နယ္ကိုဗစ္ေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္အရ တရားစြဲသင့္တယ္ ယူဆလို႔ တရားစြဲတာျဖစ္ပါတယ္။”လို႔ အုတ္ဖိုၿမိဳ႕နယ္ က်န္းမာေရးအရာရွိ ေဒါက္တာသန႔္ေဇာ္ေမာင္က ေျပာပါတယ္။

ျပည္သူ႔က်န္းမာေရးဦးစီးဌာနကထုတ္ျပန္ထားတဲ့ အမိန္႔ၫႊန္႔ၾကားခ်က္ကို ပ်က္ကြက္ခဲ့တာေၾကာင့္ သူတို႔ ၂ ဦး အေရးယူေပးဖို႔ ၿမိဳ႕နယ္ျပည္သူက်န္းမာေရးဦးစီးဌာနက တရားလိုျပဳလုပ္ တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

ကူးစက္ေရာဂါကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒနဲ႔ အေရးယူျခင္းခံလိုက္ရတဲ့ လာအိုျပန္နဲ႔ ထိုင္းျပန္မွာ ကိုဗစ္ ၁၉ ေရာဂါ ေဆးစစ္ခ်က္က Negative ျဖစ္ပါတယ္။ ဥပေဒအရ အေရးမယူခင္မွာ စိတ္ခ်ေအာင္ ေဆး႐ုံကြာရန္တင္း ၂၁ ရက္ေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး ၂၁ ရက္ျပည့္မွ ႐ုံးတင္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #အုတ္ဖို

Related posts

Leave a Comment

VOM News

FREE
VIEW