ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေ

ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၂၆-၂၀၂၀
သိင်္ဂီ (VOM)

ဇွဲကပင်တောင်ပေါ်က အခန်းတစ်ခုထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးမှု ဒီကနေ့ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရ၊ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။

သေဆုံးသူနှစ်ဥိးဟာ လင်မယားတွေဖြစ်ပြီး ယောကျ်ားဖြစ်သူ ဓာတ်လိုက်နေချိန် မိန်းမဖြစ်သူက ဝင်ရောက်ဆွဲရာကနေ နှစ်ဦးစလုံး သေဆုံးရတာဖြစ်နိုင်တယ်လို့ လတ်တလောမှာ သုံးသပ်ထားကြပါတယ်။

“ကျနော်တို့ တောင်ပေါ်တက်ပြီး ရင်ခွဲရုံကို ပို့ဖို့စီစဉ်နေပြီ၊ အသေးစိတ်စစ်ဆေးမှုကတော့ ရဲနဲ့ ၊မီးသတ်နဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆောင်ရွက်မယ်။ သက်ဆိုင်ရာဌာနတွေရဲ့ အသေးစိတ်စစ်ဆေးပြီးမှပဲ ဘာကြောင့်လဲဆိုတာ အခြေအနေကိုပြောလို့ရမယ်။ ပြောတာ ဓာတ်လိုက်တယ်လို့လည်းပြောတယ်၊ ဘာကြောင့်ဆို ဘေးမှာဓာတ်ကြိုးအပျက်တွေ ဘာတွေရှိနေတယ်။ အသေးစိတ်ကတော့ ပြီးမှစစ်ဆေးပြီးမှ သိရမယ်။ပြောပ့မယ်။ ဒဏ်ရာပုံစံမျိုးတော့ မဟုတ်ဘူး။ အသက်အရွယ်ကလည်း ခုမှစိစစ်နေတုန်းပဲ။ တောင်ပေါ်ကအခန်းထဲမှာ တွေ့တာပါ။”လို့ လူမှုရေးဝန်ကြီးကပြောပါတယ်။

လက်ရှိမှာတော့ အလောင်းနှစ်လောင်းကို ရင်ခွဲစစ်ဆေးဖို့ တောင်ပေါ်တက်ပြိး ရုပ်အလောင်းကိုသယ်ဆောင်ကာ ရင်ခွဲရုံကို ပို့ဖို့စီစဉ်နေပါတယ်။

ဇွဲကပင်တောင်ပေါ်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ညအိပ်လက်ခံခြင်းမရှိတဲ့အတွက် သေဆုံးသူတွေဟာ ဝန်ထမ်းတွေဖြစ်ဖို့များတယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ဇွဲကပင်တောင်ပေါ်ကနေ တက္ကသိုလ်ကျောင်းသူတစ်ဦး ခုန်ချသေဆုံးခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့မှာလည်း ဇွဲကပင်တောင်ပေါ်ကနေ နောက်ထပ် တက္ကသိုလ်ကျောင်းသားတစ်ဦး ခုန်ချသေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်တွေကြောင့် ဇွဲကပင်တောင်ပေါ်ကို တစ်ယောက်ထဲ တက်ခွင့်မပြုထားသလို ညအိပ်ညနေလည်း ခွင့်မပြုထားဘဲ ညနေစောင်းနဲ့ မနက်စောတွေကိုလည်း တက်ခွင့်မပြုဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဇွဲကပင်

Zawgyi

ဇြဲကပင္ေတာင္ေပၚမွာ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ေသဆံုးေန

ရန္ကုန္၊ ဇူလိုင္ ၂၆-၂၀၂၀
သိဂႌ (VOM)

ဇြဲကပင္ေတာင္ေပၚက အခန္းတစ္ခုထဲမွာ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ေသဆုံးမႈ ဒီကေန႔ပိုင္းကျဖစ္ပြားခဲ့တယ္လို႔ ကရင္ျပည္နယ္အစိုးရ၊ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္က ေျပာပါတယ္။

ေသဆုံးသူႏွစ္ဥိးဟာ လင္မယားေတြျဖစ္ၿပီး ေယာက်္ားျဖစ္သူ ဓာတ္လိုက္ေနခ်ိန္ မိန္းမျဖစ္သူက ဝင္ေရာက္ဆြဲရာကေန ႏွစ္ဦးစလုံး ေသဆုံးရတာျဖစ္ႏိုင္တယ္လို႔ လတ္တေလာမွာ သုံးသပ္ထားၾကပါတယ္။

“က်ေနာ္တို႔ ေတာင္ေပၚတက္ၿပီး ရင္ခြဲ႐ုံကို ပို႔ဖို႔စီစဥ္ေနၿပီ၊ အေသးစိတ္စစ္ေဆးမႈကေတာ့ ရဲနဲ႔ ၊မီးသတ္နဲ႔ သက္ဆိုင္ရာက်န္းမာေရးဌာနနဲ႔ ေဆာင္ရြက္မယ္။ သက္ဆိုင္ရာဌာနေတြရဲ႕ အေသးစိတ္စစ္ေဆးၿပီးမွပဲ ဘာေၾကာင့္လဲဆိုတာ အေျခအေနကိုေျပာလို႔ရမယ္။ ေျပာတာ ဓာတ္လိုက္တယ္လို႔လည္းေျပာတယ္၊ ဘာေၾကာင့္ဆို ေဘးမွာဓာတ္ႀကိဳးအပ်က္ေတြ ဘာေတြ႐ွိေနတယ္။ အေသးစိတ္ကေတာ့ ၿပီးမွစစ္ေဆးၿပီးမွ သိရမယ္။ေျပာပ့မယ္။ ဒဏ္ရာပုံစံမ်ိဳးေတာ့ မဟုတ္ဘူး။ အသက္အရြယ္ကလည္း ခုမွစိစစ္ေနတုန္းပဲ။ ေတာင္ေပၚကအခန္းထဲမွာ ေတြ႔တာပါ။”လို႔ လူမႈေရးဝန္ႀကီးကေျပာပါတယ္။

လက္႐ွိမွာေတာ့ အေလာင္းႏွစ္ေလာင္းကို ရင္ခြဲစစ္ေဆးဖို႔ ေတာင္ေပၚတက္ၿပိး ႐ုပ္အေလာင္းကိုသယ္ေဆာင္ကာ ရင္ခြဲ႐ုံကို ပို႔ဖို႔စီစဥ္ေနပါတယ္။

ဇြဲကပင္ေတာင္ေပၚမွာ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ညအိပ္လက္ခံျခင္းမ႐ွိတဲ့အတြက္ ေသဆုံးသူေတြဟာ ဝန္ထမ္းေတြျဖစ္ဖို႔မ်ားတယ္လို႔ ခန္႔မွန္းေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၅ ရက္က ဇြဲကပင္ေတာင္ေပၚကေန တကၠသိုလ္ေက်ာင္းသူတစ္ဦး ခုန္ခ်ေသဆုံးခဲ့ျပီး ဇူလိုင္ ၁၀ ရက္ေန႔မွာလည္း ဇြဲကပင္ေတာင္ေပၚကေန ေနာက္ထပ္ တကၠသိုလ္ေက်ာင္းသားတစ္ဦး ခုန္ခ်ေသဆုံးတဲ့ျဖစ္စဥ္လည္း ႐ွိခဲ့ပါတယ္။

အဲ့ဒီျဖစ္ရပ္ေတြေၾကာင့္ ဇြဲကပင္ေတာင္ေပၚကို တစ္ေယာက္ထဲ တက္ခြင့္မျပဳထားသလို ညအိပ္ညေနလည္း ခြင့္မျပဳထားဘဲ ညေနေစာင္းနဲ႔ မနက္ေစာေတြကိုလည္း တက္ခြင့္မျပဳဘူးလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဇြဲကပင္

Related posts

Leave a Comment

VOM News

FREE
VIEW