ရုရှားအရှေ့ပိုင်းမှာ သမ္မတပူတင်ကို သူခိုးလို့ဆိုကာ နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြ

ရုရှားအရှေ့ပိုင်းမှာ သမ္မတပူတင်ကို သူခိုးလို့ဆိုကာ နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြ

မော်စကို၊ ဇူလိုင်-၂၆-၂၀၂၀
မျိုးဆက် (VOM)

ဒေသတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခုမှာ သမ္မတပူတင်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုဟာ မှားယွင်းတယ်ဆိုပြီး ရုရှားအရှေ့ပိုင်းမှာ လူသောင်းပေါင်းများစွာက သီတင်းပတ်ကုန်ရက်တွေမှာ တတိယအကြိမ်အဖြစ် ဇူလိုင်၂၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

မော်စကိုမြို့အရှေ့ဘက် ၃၈၀၀ မိုင်အကွယ်ရှိ ခါဘာရော့စ်ဒေသခံတွေဟာ ဒေသရဲ့လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်ကို လူသတ်မှုနဲ့ အခုလအတွင်း ဖမ်းဆီးထိန်းသိမ်းထားတာကို မကျေမနပ်ဖြစ်နေကြပါတယ်။ လူသတ်မှုစွဲချက်တွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးက ငြင်းဆိုထားပါတယ်။

သူ့ကို အားဖမ်းဆီးတာဟာ နိုင်ငံရေးခြေထိုးမှုကြောင့်ဖြစ်တယ်လို့ ထောက်ခံသူတွေက ပြောဆိုကာ ဆန္ဒပြပွဲတွေစတင်ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ထိခိုက်နေတဲ့ စီးပွားရေးနဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ရုရှားအစိုးရအတွက် ခေါင်းခဲစရာတစ်ခုဖြစ်လာပါတယ်။

ပူတင်နှုတ်ထွက်ပေး၊ ပူတင်သူခိုးလို့ ဆန္ဒပြသူတွေက ကြွေးကြော်အော်ဟစ်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူး ဖာဂယ်ကို မော်စကိုကနေပြန်ခေါ်လာပြီး ခါဘာရော့စ်မှာသာ ရုံးတင်စစ်ရေးကို လိုလားတယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ဆန္ဒပြပွဲမှာ လူနှစ်သောင်းကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းဌာနတစ်ခုက ဖော်ပြထားပြီး အခြားသတင်းဌာနတွေနဲ့ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေကတော့ လူငါးသောင်းကျော်ထိပါဝင်ခဲ့ကာ ဒေသတွင်းမှာတော့ လက်ရှိအချိန်ထိ အကြီးဆုံးဆန္ဒပြပွဲဖြစ်တယ်လို့ ပြောပါတယ်။

Ref : Reuters
Photo : Reuters
#voiceofmyamar # VOM #မော်စကို

Zawgyi

ရုရွားအေရွ႕ပိုင္းမွာ သမၼတပူတင္ကို သူခိုးလို႔ဆိုကာ နႈတ္ထြက္ေပးေရး ဆႏၵျပေနၾက

ေမာ္စကို၊ ဇူလိုင္-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ေဒသတြင္း နုိင္ငံေရးအၾကပ္အတည္းတစ္ခုမွာ သမၼတပူတင္ရဲ႕ ကိုင္တြယ္ေဆာင္ရြက္မႈဟာ မွားယြင္းတယ္ဆိုျပီး ရုရွားအေရွ႕ပိုင္းမွာ လူေသာင္းေပါင္းမ်ားစြာက သီတင္းပတ္ကုန္ရက္ေတြမွာ တတိယအၾကိမ္အျဖစ္ ဇူလိုင္၂၅ ရက္မွာ ဆႏၵျပခဲ႔ၾကပါတယ္။

ေမာ္စကိုၿမိဳ႕အေရွ႕ဘက္ ၃၈၀၀ မိုင္အကြယ္ရိွ ခါဘာေရာ႔စ္ေဒသခံေတြဟာ ေဒသရဲ႕လူၾကိဳက္မ်ားတဲ႔ အုပ္ခ်ဳပ္ေရးမွဴး ဆာဂီဖာဂယ္ကို လူသတ္မႈနဲ႔ အခုလအတြင္း ဖမ္းဆီးထိန္းသိမ္းထားတာကို မေက်မနပ္ျဖစ္ေနၾကပါတယ္။ လူသတ္မႈစြဲခ်က္ေတြနဲ႔ ပတ္သက္ျပီး အုပ္ခ်ဳပ္ေရးမွဴးက ျငင္းဆိုထားပါတယ္။

သူ႔ကို အားဖမ္းဆီးတာဟာ နုိင္ငံေရးေျခထိုးမႈေၾကာင္႔ျဖစ္တယ္လို႔ ေထာက္ခံသူေတြက ေျပာဆိုကာ ဆႏၵျပပြဲေတြစတင္ခဲ႔ျပီး ကိုဗစ္-၁၉ ေၾကာင္႔ ထိခိုက္ေနတဲ႔ စီးပြားေရးနဲ႔ အေျခအေနေတြကို ထိန္းသိ္မ္းဖို႔ ၾကိဳးစားေနတဲ႔ ရုရွားအစိုးရအတြက္ ေခါင္းခဲစရာတစ္ခုျဖစ္လာပါတယ္။

ပူတင္နႈတ္ထြက္ေပး၊ ပူတင္သူခိုးလို႔ ဆႏၵျပသူေတြက ေၾကြးေၾကာ္ေအာ္ဟစ္ခဲ႔ၾကျပီး အုပ္ခ်ဳပ္ေရးမွဴး ဖာဂယ္ကို ေမာ္စကိုကေနျပန္ေခၚလာျပီး ခါဘာေရာ႔စ္မွာသာ ရံုးတင္စစ္ေရးကို လိုလားတယ္လို႔ ဆႏၵျပသူေတြကေျပာပါတယ္။

ဆႏၵျပပြဲမွာ လူနွစ္ေသာင္းေက်ာ္ပါ၀င္ခဲ႔တယ္လို႔ ေဒသခံသတင္းဌာနတစ္ခုက ေဖာ္ျပထားျပီး အျခားသတင္းဌာနေတြနဲ႔ အတိုက္အခံတက္ၾကြလႈပ္ရွားသူေတြကေတာ႔ လူငါးေသာင္းေက်ာ္ထိပါ၀င္ခဲ႔ကာ ေဒသတြင္းမွာေတာ႔ လက္ရိွအခ်ိန္ထိ အၾကီးဆံုးဆႏၵျပပြဲျဖစ္တယ္လို႔ ေျပာပါတယ္။

Ref : Reuters
Photo : Reuters
#voiceofmyamar # VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW