ကိုဗစ်ကာလ ထောက်ပံငွေကို အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမှုးကိုဖမ်းဆီးထား

ကိုဗစ်ကာလ ထောက်ပံငွေကို အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမှုးကိုဖမ်းဆီးထား

ပုသိမ်၊ ဇူလိုင် ၃၁-၂၀၂၀
ကိုအောင်(VOM)

နိုင်ငံတော်ကနေ အခြေခံလူတန်းစားတွေအတွက်ထောက်ပံ့တဲ့ ငွေ သိန်း၅၀ကျော်ကို အလွဲသုံးစားလုပ်ခဲ့တဲ့ မြောင်းမြမြို့နယ်ကံ၊ ဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို ဖမ်းဆီးထားတယ်လို့မြောင်းမြမြို့မရဲစခန်းကနေ သိရပါတယ်။

ကံဘဲလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဦးတင်မောင်ဝင်းဟာ ကျေးရွာ အိမ်ထောင်စု (၂၇၃)စုအတွက် ထောက်ပံငွေ (၅၄၆၀၀၀၀)ကို ထုတ်ယူခဲ့ပြီး ပေးအပ်ခြင်းမရှိသေးဘဲ တိမ်းရှောင်နေတာကြောင့် မြောင်းမြမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က မြောင်းမြမြို့မရဲစခန်းမှာတိုင်ကြားခဲ့ပြီး ဇူလိူင်လ၃၀ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့
သိရပါတယ်။

“သူကိုစစ်ဆေးတဲ့အခါမှာ နိုင်ငံတော်ကထောက်ပံငွေ ၃သိန်းပဲကျန်တော့တယ်
ကျန်တာတွေကို ဓါတ်မြေသြာဇာအကြွေးဆပ်လိုက်တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်”လို့မြောင်းမြမြို့မရဲစခန်းက တာဝန်ရှိရဲအရာရှိကပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှုးဦးတင်မောင်ဝင်းကို မြောင်းမြမြို့မရဲစခန်းကနေ(ပ)၆၁၇/၂၀၂၀ရာဇသတ်ကြီး ပုဒ်မ (၄၀၉)နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

မြောင်းမြမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း(၁၁၄)အုပ်စုရှိပြီး၊ ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစားပြည်သူများအတွက် တစ်အိမ်ထောင်ကို နှစ်သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စုပေါင်း (၂၉၃၅၁)စုအတွက်နိုင်ငံတော်ကနေ ဒုတိယအကြိမ်ထောက်ပံ့ငွေ စုစုပေါင်း (၅၈၇,၀၂၀,၀၀၀)ကျပ်ကိုထောက်ပံ့ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ

Zawgyi

ကိုဗစ္ကာလ ေထာက္ပံေငြကို အလြဲသုံးစားလုပ္တဲ့ အုပ္ခ်ဳပ္ေရးမႈးကိုဖမ္းဆီးထား

ပုသိမ္၊ ဇူလိုင္ ၃၁-၂၀၂၀
ကိုေအာင္(VOM)

ႏိုင္ငံေတာ္ကေန အေျခခံလူတန္းစားေတြအတြက္ေထာက္ပံ့တဲ့ ေငြ သိန္း၅၀ေက်ာ္ကို အလြဲသုံးစားလုပ္ခဲ့တဲ့ ေျမာင္းျမၿမိဳ႕နယ္ကံ၊ ဘဲ့ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႈးကို ဖမ္းဆီးထားတယ္လို ႔ေျမာင္းျမၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ကံဘဲေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႈးျဖစ္တဲ့ ဦးတင္ေမာင္၀င္းဟာ ေက်း႐ြာ အိမ္ေထာင္စု (၂၇၃)စုအတြက္ ေထာက္ပံေငြ (၅၄၆၀၀၀၀)ကို ထုတ္ယူခဲ့ၿပီး ေပးအပ္ျခင္းမရွိေသးဘဲ တိမ္းေရွာင္ေနတာေၾကာင့္ ေျမာင္းျမၿမိဳ႕နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႈးဦးမ်ိဳးခိုင္က ေျမာင္းျမၿမိဳ႕မရဲစခန္းမွာတိုင္ၾကားခဲ့ၿပီး ဇူလိူင္လ၃၀ရက္ေန႔မွာ ဖမ္းဆီးလိုက္တယ္လို႔
သိရပါတယ္။

“သူကိုစစ္ေဆးတဲ့အခါမွာ ႏိုင္ငံေတာ္ကေထာက္ပံေငြ ၃သိန္းပဲက်န္ေတာ့တယ္
က်န္တာေတြကို ဓါတ္ေျမၾသာဇာအေႂကြးဆပ္လိုက္တယ္လို႔ ၀န္ခံထြက္ဆိုထားပါတယ္”လို႔ေျမာင္းျမၿမိဳ႕မရဲစခန္းက တာ၀န္ရွိရဲအရာရွိကေျပာပါတယ္။

လက္ရွိမွာေတာ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးဦးတင္ေမာင္၀င္းကို ေျမာင္းျမၿမိဳ႕မရဲစခန္းကေန(ပ)၆၁၇/၂၀၂၀ရာဇသတ္ႀကီး ပုဒ္မ (၄၀၉)နဲ႔အမႈဖြင့္စစ္ေဆးေနတယ္လို႔သိရပါတယ္။

ေျမာင္းျမၿမိဳ႕နယ္မွာ ေက်း႐ြာအုပ္စုေပါင္း(၁၁၄)အုပ္စုရွိၿပီး၊ ပုံမွန္၀င္ေငြမရွိတဲ့အေျခခံလူတန္းစားျပည္သူမ်ားအတြက္ တစ္အိမ္ေထာင္ကို ႏွစ္ေသာင္းက်ပ္ႏႈန္းနဲ႔ အိမ္ေထာင္စုေပါင္း (၂၉၃၅၁)စုအတြက္ႏိုင္ငံေတာ္ကေန ဒုတိယအႀကိမ္ေထာက္ပံ့ေငြ စုစုေပါင္း (၅၈၇,၀၂၀,၀၀၀)က်ပ္ကိုေထာက္ပံ့ေပးအပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေျမာင္းျမ

Related posts

Leave a Comment

VOM News

FREE
VIEW