ဧရာဝတီမြစ်အတွင်း ငါးရှော့ခ်တိုက်ဖမ်းဆီးသည့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ဧရာဝတီမြစ်အတွင်း ငါးရှော့ခ်တိုက်ဖမ်းဆီးသည့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ

မုံရွာ-ဩဂုတ်-၃-၂၀၂၀
ရန်နိုင်စိုး (VOM)

စစ်ကိုင်းတိုင်း‌ ၊ ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့နားမှာ ဩဂုတ်လ ၂ ရက်နေ့ညက ဧရာဝတီမြစ်အတွင်း ငါးရှော့ခ်တိုက်ဖမ်းဆီးကြောင်း သတင်းရရှိတဲ့အတွက် သက်ဆိုင်ရာက လိုက်လံဖမ်းဆီးရာမှာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ဘက်က သဲသောင်ပြင်မှာ စက်လှေနဲ့ ငါးဖမ်းပစ္စည်းတွေကို ‌ဖမ်းဆီးရမိခဲ့ပါတယ်။

ရှော့ခ်တိုက်ငါးဖမ်းသူတွေကတော့ ထွက်ပြေးလွတ်‌မြောက်လျှက်ရှိပြီး မန္တလေးတိုင်းထဲ ဝင်ရောက်သွား‌တယ်လို့ စစ်ကိုင်းတိုင်းလူဝန်မှုကြီးကြပ်‌ရေးနှင့် လူစွမ်းအားဝန်ကြီး ဦးမိုးကျော်သူက ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

” ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့ခ်တိုက်ငါးဖမ်းနေသောစက်လှေအား ကျောက်မြောင်းမြို့ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ တဖက်ကမ်းမန္တလေးတိုင်းဘက်သို့ထွက်ပြေးသွားပါတယ် စက်လှေနှင့်ဆက်စပ်ပစ္စည်းများအားသိမ်းဆည်းခဲ့ပြီးတရားခံများဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်နေပါပြီ ” လို့ ရေးသားထားပါတယ်။

ဖမ်းဆီးရမိတဲ့ ဆက်စပ်ပစ္စည်းတွေကတော့ စိမ်းပြာရောင်လှေ(၁)စီး၊ လှေမှာ တပ်ဆင်ထားသော ကန်ဘို (၁၃)ကောင် အင်ဂျင်(၁)လုံး၊ (3K 12-V)ဘက်ထရီအိုး(၂)လုံး၊ (3800 W)ဗို့အားထိန်းတစ်ခုတို့ ဖြစ်တယ် သိရပါတယ်။

” ကျနော်တို့ ရဲတပ်ဖွဲ့ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှုးရယ်၊ မီးသတ်တပ်ဖွဲ့ဝင်တွေရယ် သတင်းအရ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် ပစ္စည်းတွေကတော့ ဖမ်းမိခဲ့တယ်၊ လူက လွတ်မြောက်နေဆဲဖြစ်ပါတယ် ” လို့ ကျောက်မြောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧရာတီမြစ်အတွင်း ရှော့ခ်တိုက်ငါးဖမ်းဆီးတာတွေကို သက်ဆိုင်ရာ‌အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ ရေကင်းချပြီး ယခင်ကထက် ကြပ်မတ်ဖမ်းဆီးခြင်းများဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်အများစုဟာ မန္တလေးနဲ့ ဗန်းမော်အကြားမှာ ကျင်လည်ကျက်စားလျှက်ရှိပြီး ‌ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဧရာဝတီလင်းပိုင်ထိမ်းသိမ်းရေးအဖွဲ့နဲ့ သားငှက်ထိမ်းသိမ်း‌ရေး ( WCS Myanmar)ရဲ့ ထုတ်ပြန်ချက်အရ လင်းပိုင်အကောင်ရေ ၇၉ ကောင်ရှိပြီး ယခုနှစ်ဝက်မှာ ဘတ္ထီလျှော့တိုက်ငါးဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၇ ကောင်‌သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အထူးကာကွယ်ထိန်းသိမ်းဖို့လိုတဲ့ သတ္တဝါမျိုးစိတ် (၄၉၀ ) ကျော် ၊ နို့တိုက်သတ္တဝါ (၃၉) မျိုးထဲမှာ ဧရာဝတီလင်းပိုင်လဲ အပါဝင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီလင်းပိုင်တစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ လူမှုကွန်ယက် Facebook မှာတင်ခဲ့တဲ့ Zin Ko Tun ဆိုတဲ့အကောင့်ပိုင်ရှင်ကိုလည်း ဖော်ထုတ်တရားစွဲအရေးယူသွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကလဲ ထုတ်ပြန်ထားပါတယ်။

ငါးလျှော့တိုက်ဖမ်းဆီးမှုနဲ့ ဧရာဝတီလင်းပိုင်ဖမ်းဆီးသတ်ဖြတ်မှုမျိုးကို ဇီဝမျိုးစုံ ၊ မျိုးကွဲထိမ်းသိမ်းခြင်းဆိုင်ရာဥပ‌ဒေအရ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငါ့းရှော့တိုက်ဖမ်း

Zawgyi

ဧရာဝတီျမစ္အတြင္း ငါးေရွာ့ခ္တိုက္ဖမ္းဆီးသည့္ဆက္စပ္ပစၥည္းမ်ား ဖမ္းမိ

မုံ႐ြာ-ဩဂုတ္-၃-၂၀၂၀
ရန္ႏိုင္စိုး (VOM)

စစ္ကိုင္းတိုင္း‌ ၊ ေ႐ႊဘိုခ႐ိုင္၊ေက်ာက္ေျမာင္းၿမိဳ႕နားမွာ ဩဂုတ္လ ၂ ရက္ေန႔ညက ဧရာဝတီျမစ္အတြင္း ငါးေရွာ့ခ္တိုက္ဖမ္းဆီးေၾကာင္း သတင္းရရွိတဲ့အတြက္ သက္ဆိုင္ရာက လိုက္လံဖမ္းဆီးရာမွာ မႏၲေလးတိုင္း စဥ့္ကူးၿမိဳ႕နယ္ဘက္က သဲေသာင္ျပင္မွာ စက္ေလွနဲ႔ ငါးဖမ္းပစၥည္းေတြကို ‌ဖမ္းဆီးရမိခဲ့ပါတယ္။

ေရွာ့ခ္တိုက္ငါးဖမ္းသူေတြကေတာ့ ထြက္ေျပးလြတ္‌ေျမာက္လွ်က္ရွိၿပီး မႏၲေလးတိုင္းထဲ ဝင္ေရာက္သြား‌တယ္လို႔ စစ္ကိုင္းတိုင္းလူဝန္မႈႀကီးၾကပ္‌ေရးႏွင့္ လူစြမ္းအားဝန္ႀကီး ဦးမိုးေက်ာ္သူက ၎ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

” ေ႐ႊဘိုၿမိဳ႕နယ္ ေက်ာက္ေျမာင္းၿမိဳ႕ ဧရာဝတီျမစ္အတြင္း လွ်ပ္စစ္ေရွာ့ခ္တိုက္ငါးဖမ္းေနေသာစက္ေလွအား ေက်ာက္ေျမာင္းၿမိဳ႕ရဲတပ္ဖြဲ႕လိုက္လံဖမ္းဆီးရာ တဖက္ကမ္းမႏၲေလးတိုင္းဘက္သို႔ထြက္ေျပးသြားပါတယ္ စက္ေလွႏွင့္ဆက္စပ္ပစၥည္းမ်ားအားသိမ္းဆည္းခဲ့ၿပီးတရားခံမ်ားေဖာ္ထုတ္ႏိုင္ေရးဆက္လက္ေဆာင္႐ြက္ေနပါၿပီ ” လို႔ ေရးသားထားပါတယ္။

ဖမ္းဆီးရမိတဲ့ ဆက္စပ္ပစၥည္းေတြကေတာ့ စိမ္းျပာေရာင္ေလွ(၁)စီး၊ ေလွမွာ တပ္ဆင္ထားေသာ ကန္ဘို (၁၃)ေကာင္ အင္ဂ်င္(၁)လုံး၊ (3K 12-V)ဘက္ထရီအိုး(၂)လုံး၊ (3800 W)ဗို႔အားထိန္းတစ္ခုတို႔ ျဖစ္တယ္ သိရပါတယ္။

” က်ေနာ္တို႔ ရဲတပ္ဖြဲ႕ရယ္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးရယ္၊ မီးသတ္တပ္ဖြဲ႕ဝင္ေတြရယ္ သတင္းအရ ပူးေပါင္းၿပီး ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမယ့္ ပစၥည္းေတြကေတာ့ ဖမ္းမိခဲ့တယ္၊ လူက လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္ ” လို႔ ေက်ာက္ေျမာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဧရာတီျမစ္အတြင္း ေရွာ့ခ္တိုက္ငါးဖမ္းဆီးတာေတြကို သက္ဆိုင္ရာ‌အေနနဲ႔ အခုရက္ပိုင္းအတြင္းမွာ ေရကင္းခ်ၿပီး ယခင္ကထက္ ၾကပ္မတ္ဖမ္းဆီးျခင္းမ်ားေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ဧရာဝတီလင္းပိုင္အမ်ားစုဟာ မႏၲေလးနဲ႔ ဗန္းေမာ္အၾကားမွာ က်င္လည္က်က္စားလွ်က္ရွိၿပီး ‌ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ဧရာဝတီလင္းပိုင္ထိမ္းသိမ္းေရးအဖြဲ႕နဲ႔ သားငွက္ထိမ္းသိမ္း‌ေရး ( WCS Myanmar)ရဲ႕ ထုတ္ျပန္ခ်က္အရ လင္းပိုင္အေကာင္ေရ ၇၉ ေကာင္ရွိၿပီး ယခုႏွစ္ဝက္မွာ ဘတၳီေလွ်ာ့တိုက္ငါးဖမ္းဆီးသတ္ျဖတ္မႈေတြေၾကာင့္ ၇ ေကာင္‌ေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အထူးကာကြယ္ထိန္းသိမ္းဖို႔လိုတဲ့ သတၱဝါမ်ိဳးစိတ္ (၄၉၀ ) ေက်ာ္ ၊ ႏို႔တိုက္သတၱဝါ (၃၉) မ်ိဳးထဲမွာ ဧရာဝတီလင္းပိုင္လဲ အပါဝင္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဧရာဝတီလင္းပိုင္တစ္ေကာင္ကို ဖမ္းဆီးသတ္ျဖတ္ခဲ့ကာ လူမႈကြန္ယက္ Facebook မွာတင္ခဲ့တဲ့ Zin Ko Tun ဆိုတဲ့အေကာင့္ပိုင္ရွင္ကိုလည္း ေဖာ္ထုတ္တရားစြဲအေရးယူသြားမယ္လို႔ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ကလဲ ထုတ္ျပန္ထားပါတယ္။

ငါးေလွ်ာ့တိုက္ဖမ္းဆီးမႈနဲ႔ ဧရာဝတီလင္းပိုင္ဖမ္းဆီးသတ္ျဖတ္မႈမ်ိဳးကို ဇီဝမ်ိဳးစုံ ၊ မ်ိဳးကြဲထိမ္းသိမ္းျခင္းဆိုင္ရာဥပ‌ေဒအရ ေထာင္ဒဏ္ ၃ ႏွစ္ကေန ၁၀ ႏွစ္ထိ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ငါ့းေရွာ့တိုက္ဖမ္း

Related posts

Leave a Comment

VOM News

FREE
VIEW