တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၃ ဦးပျောက်ဆုံးနေ

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၃ ဦးပျောက်ဆုံးနေ

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၃ ဦးပျောက်ဆုံးနေ

ဆိုးလ်၊ သြဂုတ်-၄-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံမှာ ရက်အတန်ကြာမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀၀ ကျော်အိမ်မဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၃ ဦးထက်မနည်းသေဆုံးကာ အခြား ၁၃ ဦးပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက သြဂုတ် ၄ ရက်မှာ ပြောပါတယ်။

မိုးရွာသွန်းတာတွေကြောင့် မြေပြိုမှုတွေ၊ မော်တော်ယာဉ်တွေ ရေမျောတာတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လယ်ယာမြေ ၅၇၅၁ ဟတ်တာရေလွှမ်းမိုးနေပါတယ်။ ဒါ့အပြင် အဓိကအဝေးပြေးလမ်းမတွေနဲ့ ဆိုးလ်မြို့ရှိ တံတားတွေမှာလည်း ရေကြီးရေလျှံဖြစ်ပွားနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ယမန်နေ့ကလိုမျိုး အသက်သေဆုံးမှုတွေမဖြစ်ပေါ်ရေးအတွက် တစ်ပြိုင်တည်းအားထုတ်လုပ်ဆောင်ကြဖို့ နိုင်ငံတော်အဆင့်နဲ့ ဒေသန္တရာအဆင့်တာဝန်ရှိသူတွေကို သမ္မတမွန်ဂျေးအင်က တိုက်တွန်းပြီးနောက် သြဂုတ် ၄ ရက်မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ အခြေခံအဆောက်အအုံတွေပျက်စီးစေခဲ့တဲ့ ဆိုးလ်အလယ်ပိုင်း ဟန်မြစ်တစ်လျှောက်ရှိ တံတားတွေနဲ့ ရေလွှမ်းမိုးခဲ့နေရာအများစုကတော့ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ပတ်နေပြီဖြစ်တယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

အိမ်နီးချင်းမြောက်ကိုရီးယားနိုင်ငံမှာလည်း အချို့နေရာတွေမှာ မိုးအကြီးအကျယ်ရွာသွန်းတာတွေ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံတာတွေနဲ့ပတ်သက်ပြီး နိုင်ငံပိုင်သတင်းဌာနက သတိပေးထားပါတယ်။

Ref : Reuters
Photo: AFP
#voiceofmyanmar #VOM #တောင်ကိုရီးယားရေကြီး

Zawgyi


ဆိုးလ်၊ သြဂုတ်-၄-၂၀၂၀
မျိုးဆက် (VOM)






Ref : Reuters
Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW