မောင်းပြန်ရိုင်ဖယ် သေနတ်တွေ သိန္နီမှာ ဖမ်းမိ

မောင်းပြန်ရိုင်ဖယ် သေနတ်တွေ သိန္နီမှာ ဖမ်းမိ

မောင်းပြန်ရိုင်ဖယ် သေနတ်တွေ သိန္နီမှာ ဖမ်းမိ

မုံရွာ၊ သြဂုတ် ၄-၂၀၂၀
ကိုတိုးကြီး(မုံရွာ)

မောင်းပြန်ရိုင်ဖယ် သေနတ်တွေကို တရားမ၀င် သယ်ဆောင်လာတဲ့ ကားတစ်စီးကို ဩဂုတ်၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန်က သိန္နီ – ကွက်ခိုင်သွားလမ်း သိန္နီမြို့အ၀င် ကျောက်ပြုန်းတောင်အနီးမှာ မူးယစ်တပ်ဖွဲ့စု အမှတ် (၂၄) အဖွဲ့က ဖမ်းဆီးရရှိခဲ့ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး ဌာနစိပ်မှ သိရပါတယ် ။

“ အဲ့ဒီကိစ္စကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ် ၊ အသေးစိပ်တော့ပြောမရသေးပါဘူး” လို့ ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစိပ် တာ၀န်ခံ ရဲအုပ် အောင်စိုးမင်းက ပြောပါတယ် ။

မူးယစ်တပ်ဖွဲ့စု (၂၄) မှ မူးယစ်တပ်ဖွဲ့၀င်းများဟာ ကျောက်ပြုန်းတောင်အနီးမှာ ရပ်တန့်ထားတဲ့ Alphard အနက်ရောင် ယာဉ်အမျိုးအစား ၊ ယာဉ်အမှတ် YGN 3D / ….. ကို မသင်္ကာသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လူတစ်ယောက်မှ မတွေ့ရသည့်အတွက် ရှာဖွေ သက်သေများနှင့်အတူ ယာဉ်အား အသေးစိပ်ရှာဖွေစဉ် ယာဉ်၏ နောက်ခန်း မျက်နှာကျက်အတွင်းနေရာနှင့် စပယ်ယာဘီး ထားတဲ့နေရာကနေ မောင်းပြန်ရိုင်ဖယ် သေနတ် (၁၀)လက်၊ ကျည်အိမ် (၄၀) ခု နဲ့ သေနတ်ပြောင်းဆေးသည့် တိုက်တံ (၆)ဗူး တို့ကို ရှာဖွေတွေ့ခဲ့ရတာဖြစ်ပါတယ်။

သေနတ်အလွတ်သာဖြစ်ပြီး ကျည်ဆံကိုတော့ မတွေ့ရဘူးလို့ အမည်မဖော်လိုတဲ့ မူးယစ်တပ်ဖွဲ့၀င် တစ်ဦးမှ ပြောပါတယ်။

မောင်းပြန်ရိုင်ဖယ် သေနတ်များကို တရားမ၀င် သယ်ဆောင်လာသူအား စုံစမ်းဖော်ထုတ်၍ လက်နက်ဥပဒေများနှင့်အညီ သိန္နီမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ။

#voiceofmyanmar #VOM #မောင်ပြန်ရိုင်ဖယ် #သိန္နီ

Zawgyi

ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္ေတြ သိႏၷီမွာ ဖမ္းမိ

မုံ႐ြာ၊ ၾသဂုတ္ ၄-၂၀၂၀
ကိုတိုးႀကီး(မုံ႐ြာ)

ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္ေတြကို တရားမ၀င္ သယ္ေဆာင္လာတဲ့ ကားတစ္စီးကို ဩဂုတ္၃ ရက္ေန႔ ညေန ၄ နာရီ ၃၀ အခ်ိန္က သိႏၷီ – ကြက္ခိုင္သြားလမ္း သိႏၷီၿမိဳ႕အ၀င္ ေက်ာက္ျပဳန္းေတာင္အနီးမွာ မူးယစ္တပ္ဖြဲ႕စု အမွတ္ (၂၄) အဖြဲ႕က ဖမ္းဆီးရရွိခဲ့ေၾကာင္း လားရႈိးခ႐ိုင္ရဲတပ္ဖြဲ႕ မႈခင္းႏွိမ္နင္းေရး ဌာနစိပ္မွ သိရပါတယ္ ။

“ အဲ့ဒီကိစၥကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္ ၊ အေသးစိပ္ေတာ့ေျပာမရေသးပါဘူး” လို႔ ခ႐ိုင္မႈခင္းႏွိမ္နင္းေရး ဌာနစိပ္ တာ၀န္ခံ ရဲအုပ္ ေအာင္စိုးမင္းက ေျပာပါတယ္ ။

မူးယစ္တပ္ဖြဲ႕စု (၂၄) မွ မူးယစ္တပ္ဖြဲ႕၀င္းမ်ားဟာ ေက်ာက္ျပဳန္းေတာင္အနီးမွာ ရပ္တန႔္ထားတဲ့ Alphard အနက္ေရာင္ ယာဥ္အမ်ိဳးအစား ၊ ယာဥ္အမွတ္ YGN 3D / ….. ကို မသကၤာသျဖင့္ သြားေရာက္စစ္ေဆးခဲ့ရာ ယာဥ္ေပၚတြင္ လူတစ္ေယာက္မွ မေတြ႕ရသည့္အတြက္ ရွာေဖြ သက္ေသမ်ားႏွင့္အတူ ယာဥ္အား အေသးစိပ္ရွာေဖြစဥ္ ယာဥ္၏ ေနာက္ခန္း မ်က္ႏွာက်က္အတြင္းေနရာႏွင့္ စပယ္ယာဘီး ထားတဲ့ေနရာကေန ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္ (၁၀)လက္၊ က်ည္အိမ္ (၄၀) ခု နဲ႔ ေသနတ္ေျပာင္းေဆးသည့္ တိုက္တံ (၆)ဗူး တို႔ကို ရွာေဖြေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ေသနတ္အလြတ္သာျဖစ္ၿပီး က်ည္ဆံကိုေတာ့ မေတြ႕ရဘူးလို႔ အမည္မေဖာ္လိုတဲ့ မူးယစ္တပ္ဖြဲ႕၀င္ တစ္ဦးမွ ေျပာပါတယ္။

ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္မ်ားကို တရားမ၀င္ သယ္ေဆာင္လာသူအား စုံစမ္းေဖာ္ထုတ္၍ လက္နက္ဥပေဒမ်ားႏွင့္အညီ သိႏၷီၿမိဳ႕မရဲစခန္းမွ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရပါတယ္ ။

#voiceofmyanmar #VOM #ေမာင္ျပန္႐ိုင္ဖယ္ #သိႏၷီ

Related posts

Leave a Comment

VOM News

FREE
VIEW