လူငယ်ထိမ်းသိမ်းရေးကျောင်း ရိုက်နှက်ခံ‌ရလို့ သေဆုံးတယ်ဆိုတဲ့ လူငယ်ရဲ့မိဘကို ကျောင်းက CCTV ပြန်ဖွင့်ပြ

လူငယ်ထိမ်းသိမ်းရေးကျောင်း ရိုက်နှက်ခံ‌ရလို့ သေဆုံးတယ်ဆိုတဲ့ လူငယ်ရဲ့မိဘကို ကျောင်းက CCTV ပြန်ဖွင့်ပြ

မန္တလေး၊ ဩဂုတ် ၄-၂၀၂၀
မှူးသခင် (VOM)

ဇူလိုင် ၃၀ရက်နေ့က မန္တလေးလူငယ်ထိမ်းသိမ်းရေးကျောင်းမှာ ရိုက်နှက်ခံရလို့သေဆုံးသွားတဲ့ကလေးရဲ့မိဘတွေကို ဒီကနေ့ဩဂုတ်လ၄ရက်နေ့မှာ ကျောင်းတာဝန်ရှိသူတွေက CCTVကိုပြန်လည်ဖွင့်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ရိုက်နှက်ခံရပြီးသေဆုံးသွားတဲ့ကလေးရဲ့မိခင်ဖြစ်သူ ဒေါ်မျိုးမျိုးထွေးကတော့
“ကျွန်မတို့ CCTVကိုပြန်ပြီးတော့ကြည့်ရပါတယ် ကျွန်မတို့ကလေးကထွက်ပြေးတာဟုတ်ပါတယ် ။ ရှေ့ကနှစ်ယောက်ကပြေးသွားတယ် နောက်တော့ဝုန်းဝုန်းနဲ့လိုက်ပြေးကြတယ် နောက်တော့လေးရောက်ကိုတစ်ခါတွဲခေါ်လာတယ် ကျွန်မသားကနောက်ဆုံးကနေခေါ်လာတာပေါ့ ခါးလေးကိုကုန်းပြီးနှိမ့်ခေါ်လာတာပေါ့ ကျောင်းအပ်တဲ့အဆောင်ရှေ့ကိုလည်းရောက်ရောအထဲမှာရှိတဲ့ကျောင်းသာတွေကပြေးလာပြီးတော့ထိုးကြတာပေါ့ ဝိုင်းပြီးထိုးကြတာ အဲ့နေရာပဲမြင်ရတယ် ကလေးကိုထိုးပြီး မ ခေါ်တဲ့နေရာတွေ အဲ့ဒီထဲမှာဆေးတွေလုပ်ပေးတဲ့ဟာတွေမမြင်ရတော့ဘူး အဲ့ဟာတွေကိုဖျက်ပစ်လိုက်တယ် “လို့ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းတာဝန်ရှိသူကိုဆက်မေးမြန်းရာမှာတော့”ကျွန်တော်တို့လူကြီးတွေက ဒီကိစ္စနဲ့ပတ်သတ်ပြီးဘယ်သူ့ကိုမ မဖြေကြားပါနဲ့လို့ညွှန်ကြားထားပါတယ် မိဘတွေအနေနဲ့ကလည်းအကုန်လုံးကျေနပ်သွားပါပြီ ကျွန်တော်တို့ကိုထပ်ပြီးမမေးပါနဲ့တော့ အကုန်လုံးပြီးသွားရင် ရှင်းပြပါမယ် ” လို့ပြောပါတယ် ။

သေဆုံးသူရဲ့မိခင်ဖြစ်သူကတော့ “ကျွန်မသားလေးဒီလိုနာနာကျင်ကျင်နဲ့သေရတာမကျေနပ်ဖူးပေ့ါနော် အမှန်တရားဖော်ထုတ်ပြီး ပြစ်ဒဏ်ထိုက်ထိုက်တန်တန်တော့ပေးဆပ်သင့်ပါတယ် ကျွန်မသားလေးနာကျင်ခံစားရသလို့ပေါ့ ဆရာတွေက ကျောင်းသားတွေဒီလိုဖြစ်နေတဲ့အချိန်တားရင် ကျွန်မသားလေး ခုလိုမဆုံးရှုံးရဘူးလေ ကျောင်းဆရာဆရာမအင်အားနည်းလို့ မနိုင်လို့ဆိုပြီးတော့ဒီတိုင်းထားမယ်ဆိုရင် နောင်ကလေးတွေလဲ ဒီလိုသေရမှာပါ ၊ ခုလည်း ဆေးစစ်ချက်မှတ်တမ်းတွေကို ကျမတို့စောင့်ပြီး လိုအပ်သလိုဆက်လုပ်သွားပါ့မယ်”လို့ပြောပါတယ်။

သေဆုံးသွားတဲ့ မောင်ပြည့်ဖြိုးမောင်အပါအဝင် လူငယ် ၇ယောက်ဟာ မုံရွာမြို့က
လုယက်မှုတခုမှာပါခဲ့လို့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီး မန္တလေး လူငယ်လေ့ ကျင့်​ရေးကျောင်းကို ၂၀၂၀ ဇူလိုင် ၂၆ ရက်ကမှ အပို့ခံရပြီး ၅ရက်အကြာ ဇူလိုင် ၃၀ ရက်မှာ ခုလိုထွက်ပြေးရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လူငယ်လေ့ကျင့်ရေးကျောင်း

Zawgyi

လူငယ္ထိမ္းသိမ္းေရးေက်ာင္း ႐ိုက္ႏွက္ခံ‌ရလို႔ ေသဆုံးတယ္ဆိုတဲ့ လူငယ္ရဲ႕မိဘကို ေက်ာင္းက CCTV ျပန္ဖြင့္ျပ

မႏၲေလး၊ ဩဂုတ္ ၄-၂၀၂၀
မႉးသခင္ (VOM)

ဇူလိုင္ ၃၀ရက္ေန႔က မႏၲေလးလူငယ္ထိမ္းသိမ္းေရးေက်ာင္းမွာ ႐ိုက္ႏွက္ခံရလို႔ေသဆုံးသြားတဲ့ကေလးရဲ႕မိဘေတြကို ဒီကေန႔ဩဂုတ္လ၄ရက္ေန႔မွာ ေက်ာင္းတာဝန္ရွိသူေတြက
CCTVကိုျပန္လည္ဖြင့္ျပခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီးေတာ့ ႐ိုက္ႏွက္ခံရၿပီးေသဆုံးသြားတဲ့ကေလးရဲ႕မိခင္ျဖစ္သူ ေဒၚမ်ိဳးမ်ိဳးေထြးကေတာ့
“ကြၽန္မတို႔ CCTVကိုျပန္ၿပီးေတာ့ၾကည့္ရပါတယ္ ကြၽန္မတို႔ကေလးကထြက္ေျပးတာဟုတ္ပါတယ္ ။ ေရွ႕ကႏွစ္ေယာက္ကေျပးသြားတယ္ ေနာက္ေတာ့ဝုန္းဝုန္းနဲ႔လိုက္ေျပးၾကတယ္ ေနာက္ေတာ့ေလးေရာက္ကိုတစ္ခါတြဲေခၚလာတယ္ ကြၽန္မသားကေနာက္ဆုံးကေနေခၚလာတာေပါ့ ခါးေလးကိုကုန္းၿပီးႏွိမ့္ေခၚလာတာေပါ့ ေက်ာင္းအပ္တဲ့အေဆာင္ေရွ႕ကိုလည္းေရာက္ေရာအထဲမွာရွိတဲ့ေက်ာင္းသာေတြကေျပးလာၿပီးေတာ့ထိုးၾကတာေပါ့ ဝိုင္းၿပီးထိုးၾကတာ အဲ့ေနရာပဲျမင္ရတယ္ ကေလးကိုထိုးၿပီး မ ေခၚတဲ့ေနရာေတြ အဲ့ဒီထဲမွာေဆးေတြလုပ္ေပးတဲ့ဟာေတြမျမင္ရေတာ့ဘူး အဲ့ဟာေတြကိုဖ်က္ပစ္လိုက္တယ္ “လို႔ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး မႏၲေလးလူငယ္ထိမ္းသိမ္းေရးစခန္းတာဝန္ရွိသူကိုဆက္ေမးျမန္းရာမွာေတာ့”ကြၽန္ေတာ္တို႔လူႀကီးေတြက ဒီကိစၥနဲ႔ပတ္သတ္ၿပီးဘယ္သူ႔ကိုမ မေျဖၾကားပါနဲ႔လို႔ၫႊန္ၾကားထားပါတယ္ မိဘေတြအေနနဲ႔ကလည္းအကုန္လုံးေက်နပ္သြားပါၿပီ ကြၽန္ေတာ္တို႔ကိုထပ္ၿပီးမေမးပါနဲ႔ေတာ့ အကုန္လုံးၿပီးသြားရင္ ရွင္းျပပါမယ္ ” လို႔ေျပာပါတယ္ ။

ေသဆုံးသူရဲ႕မိခင္ျဖစ္သူကေတာ့ “ကြၽန္မသားေလးဒီလိုနာနာက်င္က်င္နဲ႔ေသရတာမေက်နပ္ဖူးေပ့ါေနာ္ အမွန္တရားေဖာ္ထုတ္ၿပီး ျပစ္ဒဏ္ထိုက္ထိုက္တန္တန္ေတာ့ေပးဆပ္သင့္ပါတယ္ ကြၽန္မသားေလးနာက်င္ခံစားရသလို႔ေပါ့ ဆရာေတြက ေက်ာင္းသားေတြဒီလိုျဖစ္ေနတဲ့အခ်ိန္တားရင္ ကြၽန္မသားေလး ခုလိုမဆုံးရႈံးရဘူးေလ ေက်ာင္းဆရာဆရာမအင္အားနည္းလို႔ မႏိုင္လို႔ဆိုၿပီးေတာ့ဒီတိုင္းထားမယ္ဆိုရင္ ေနာင္ကေလးေတြလဲ ဒီလိုေသရမွာပါ ၊ ခုလည္း ေဆးစစ္ခ်က္မွတ္တမ္းေတြကို က်မတို႔ေစာင့္ၿပီး လိုအပ္သလိုဆက္လုပ္သြားပါ့မယ္”လို႔ေျပာပါတယ္။

ေသဆုံးသြားတဲ့ ေမာင္ျပည့္ၿဖိဳးေမာင္အပါအဝင္ လူငယ္ ၇ေယာက္ဟာ မုံ႐ြာၿမိဳ႕က
လုယက္မႈတခုမွာပါခဲ့လို႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရၿပီး မႏၲေလး လူငယ္ေလ့ က်င့္​ေရးေက်ာင္းကို ၂၀၂၀ ဇူလိုင္ ၂၆ ရက္ကမွ အပို႔ခံရၿပီး ၅ရက္အၾကာ ဇူလိုင္ ၃၀ ရက္မွာ ခုလိုထြက္ေျပးရင္း ေသဆုံးခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #လူငယ္ေလ့က်င့္ေရးေက်ာင္း

Related posts

Leave a Comment

VOM News

FREE
VIEW