လယ်ထဲကို ချောင်းရေမဝင်အောင် ပြုလုပ်ထားတဲ့ တာရိုးကျိုးကျ၊ ဧက ၃၅၀ နီးပါး ပျက်စီး

လယ်ထဲကို ချောင်းရေမဝင်အောင် ပြုလုပ်ထားတဲ့ တာရိုးကျိုးကျ၊ ဧက ၃၅၀ နီးပါး ပျက်စီး

ကလေး သြဂုတ် ၆-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေစိုက်ပျိုးကြတဲ့ လယ်တွေထဲကို နတ်မြောင်းချောင်းရေမဝင်အောင် ပြုလုပ်ထားတဲ့ တာရိုးကျိုးကျတာကြောင့် လယ်ဧက ၃၅၀ နီးပါး ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ရာဇဂြိုဟ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကြွေ က ပြောပါတယ်။

“၂၀၁၅ တုန်းက ရေကြီးရေလျှံဖြစ်ပြီးတော့ ချောင်းက လယ်ထဲကို ပေါက်သွားတယ်။ အဲ့လို ဖြစ်ပြီးတော့ အစိုးရကိုတင်လိုက်တဲ့အခါကျတော့ ၂၀၁၈ မှာ တာရိုးလာကာပေးတယ်။အဲ့ဒါပြီးတော့ တာရိုးက ၂၀၁၉ ခုနှစ် မိုးရာသီမှာ ပေါက်သွားတယ်။ အဲ့ဒါ ပြီးခဲ့တဲ့ ၅ လ ပိုင်းအထိ တာရိုးကာပေးတယ်။ အခု မိုးကျပြီး ချောင်းရေတက်လာတော့ တာရိုး ပြန်ပေါက်သွားတယ်”လို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ကြွေ က ပြောပါတယ်။

အဲ့ဒီတာရိုးဟာ သြဂုတ်လ ၅ ရက်နေ့ ည ၉ နာရီ အချိန်လောက်က ကျိုးကျခဲ့တာဖြစ်တဲ့အတွက် စိုက်ပျိုးထားတာ မကြာသေးတဲ့ လယ် ဧက ၃၃၅ ဧက ရေဝင်နစ်မြုပ် ပျက်စီးခဲ့တာဖြစ်ပါတယ်။

“စပါးတွေက ပျက်မှာဗျ။ဘာလို့လဲ ဆိုတော့ စိုက်ပြီးကျတာ ရက်ပိုင်းပဲရှိသေးတာ။ အခုကတော့ ချောင်းရေကလည်းများတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ချောင်းရေကလည်း သန်တယ်”လို့ ဦးမြင့်ကြွေ က ပြောပါတယ်။

နတ်မြောင်းချောင်းဟာဆိုရင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းမှာရှိတဲ့ တောင်ကုန်းတောင်တန်းတွေပေါ်ကနေ စတင် မြစ်ဖျားခံစီးဆင်းတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီချောင်းကို ၂၀၁၅ ခုနှစ် သဘာဝဘေး ဖြစ်ပွားပြီးချိန်မှာ ချောင်းရေစီးဆင်းတဲ့ လမ်းကြောင်း ပြောင်းပြီး တောင်သူတွေစိုက်ပျိုးတဲ့ လယ်ယာမြေတွေထဲကို ရေလမ်းကြောင်း အဖြစ် ပြောင်းလဲစီးဆင်းခဲ့တာဖြစ်ပါတယ်။

ဒီလို စီးဆင်းတာကြောင့် လယ်ဧက နှစ်ထောင်ကျော် မိုးစပါး စိုက်လို့မရတာကြောင့် အစိုးရဘတ်ဂျတ် နဲ့ ကုမ္ပဏီတွေကနေ တာဝန်ယူပြီးတော့ အရှည်ပေ တစ်သောင်း ရှိတဲ့ တာရိုးကို ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီတာရိုးဟာ တာရိုး ပြုလုပ်ပြီးကတည်းက နှစ်စဉ် မိုးရာသီကာလ သြဂုတ်လရောက်တိုင်း တာရိုးကျိုးပြီး လယ်ယာမြေတွေထဲ ရေဝင်နစ်မြုပ် ပျက်စီးတာတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

Photo.ကလေး ပြန်/ဆက်
#voiceofmyanmar #VOM #ကလေး

Zawgyi

လယ္ထဲကို ေခ်ာင္းေရမဝင္ေအာင္ ျပဳလုပ္ထားတဲ့ တာ႐ိုးက်ိဳးက်၊ ဧက ၃၅၀ နီးပါး ပ်က္စီး

ကေလး ၾသဂုတ္ ၆-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္၊ ရာဇၿဂိဳဟ္ေက်း႐ြာအုပ္စုအတြင္းမွာရွိတဲ့ ေက်း႐ြာေတြက ေတာင္သူေတြစိုက္ပ်ိဳးၾကတဲ့ လယ္ေတြထဲကို နတ္ေျမာင္းေခ်ာင္းေရမဝင္ေအာင္ ျပဳလုပ္ထားတဲ့ တာ႐ိုးက်ိဳးက်တာေၾကာင့္ လယ္ဧက ၃၅၀ နီးပါး ေရနစ္ျမဳပ္ ပ်က္စီးခဲ့တယ္လို႔ ရာဇၿဂိဳဟ္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေႂကြ က ေျပာပါတယ္။

“၂၀၁၅ တုန္းက ေရႀကီးေရလွ်ံျဖစ္ၿပီးေတာ့ ေခ်ာင္းက လယ္ထဲကို ေပါက္သြားတယ္။ အဲ့လို ျဖစ္ၿပီးေတာ့ အစိုးရကိုတင္လိုက္တဲ့အခါက်ေတာ့ ၂၀၁၈ မွာ တာ႐ိုးလာကာေပးတယ္။အဲ့ဒါၿပီးေတာ့ တာ႐ိုးက ၂၀၁၉ ခုႏွစ္ မိုးရာသီမွာ ေပါက္သြားတယ္။ အဲ့ဒါ ၿပီးခဲ့တဲ့ ၅ လ ပိုင္းအထိ တာ႐ိုးကာေပးတယ္။ အခု မိုးက်ၿပီး ေခ်ာင္းေရတက္လာေတာ့ တာ႐ိုး ျပန္ေပါက္သြားတယ္”လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေႂကြ က ေျပာပါတယ္။

အဲ့ဒီတာ႐ိုးဟာ ၾသဂုတ္လ ၅ ရက္ေန႔ ည ၉ နာရီ အခ်ိန္ေလာက္က က်ိဳးက်ခဲ့တာျဖစ္တဲ့အတြက္ စိုက္ပ်ိဳးထားတာ မၾကာေသးတဲ့ လယ္ ဧက ၃၃၅ ဧက ေရဝင္နစ္ျမဳပ္ ပ်က္စီးခဲ့တာျဖစ္ပါတယ္။

“စပါးေတြက ပ်က္မွာဗ်။ဘာလို႔လဲ ဆိုေတာ့ စိုက္ၿပီးက်တာ ရက္ပိုင္းပဲရွိေသးတာ။ အခုကေတာ့ ေခ်ာင္းေရကလည္းမ်ားေတာ့ ဘယ္လိုမွ လုပ္လို႔မရဘူး။ေခ်ာင္းေရကလည္း သန္တယ္”လို႔ ဦးျမင့္ေႂကြ က ေျပာပါတယ္။

နတ္ေျမာင္းေခ်ာင္းဟာဆိုရင္ ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေတာင္ကုန္းေတာင္တန္းေတြေပၚကေန စတင္ ျမစ္ဖ်ားခံစီးဆင္းတဲ့ ေခ်ာင္းတစ္ခု ျဖစ္ပါတယ္။

အဲ့ဒီေခ်ာင္းကို ၂၀၁၅ ခုႏွစ္ သဘာဝေဘး ျဖစ္ပြားၿပီးခ်ိန္မွာ ေခ်ာင္းေရစီးဆင္းတဲ့ လမ္းေၾကာင္း ေျပာင္းၿပီး ေတာင္သူေတြစိုက္ပ်ိဳးတဲ့ လယ္ယာေျမေတြထဲကို ေရလမ္းေၾကာင္း အျဖစ္ ေျပာင္းလဲစီးဆင္းခဲ့တာျဖစ္ပါတယ္။

ဒီလို စီးဆင္းတာေၾကာင့္ လယ္ဧက ႏွစ္ေထာင္ေက်ာ္ မိုးစပါး စိုက္လို႔မရတာေၾကာင့္ အစိုးရဘတ္ဂ်တ္ နဲ႔ ကုမၸဏီေတြကေန တာဝန္ယူၿပီးေတာ့ အရွည္ေပ တစ္ေသာင္း ရွိတဲ့ တာ႐ိုးကို ျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ အဲ့ဒီတာ႐ိုးဟာ တာ႐ိုး ျပဳလုပ္ၿပီးကတည္းက ႏွစ္စဥ္ မိုးရာသီကာလ ၾသဂုတ္လေရာက္တိုင္း တာ႐ိုးက်ိဳးၿပီး လယ္ယာေျမေတြထဲ ေရဝင္နစ္ျမဳပ္ ပ်က္စီးတာေတြ ျဖစ္ေပၚေနတာလည္း ျဖစ္ပါတယ္။

Photo.ကေလး ျပန္/ဆက္
#voiceofmyanmar #VOM #ကေလး

Related posts

Leave a Comment

VOM News

FREE
VIEW