လူငယ်သင်တန်းကျောင်းက ကျောင်းသား(၂)ဦးသေတဲ့ကိစ္စ မိဘဖက်ကနေ အမှုဖွင့်မရသေး

လူငယ်သင်တန်းကျောင်းက ကျောင်းသား(၂)ဦးသေတဲ့ကိစ္စ မိဘဖက်ကနေ အမှုဖွင့်မရသေး

မန္တလေး၊ သြဂုတ် ၆-၂၀၂၀
မှူးသခင်(VOM)

မန္တလေးမြို့က လူငယ်ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေထွက်ပြေးလို့ ကလေးနှစ်ယောက် ဟာရိုက်နှက်ခံရပြီး လက်လွန်လို့သေဆုံးခဲ့တဲ့ဖြစ်စဉ်က သေဆုံးသူကလေးရဲ့ မိဘတွေဖက်ကနေ အမှုဖွင့်ခွင့်မရသေးဘူးလို့ သိရပါတယ်။

အဲ့ဒီကလေးနှစ်ယောက်ဟာ ခိုးမှုနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းမှာ ၁နှစ်နဲ့၈လကြာ အချုပ်ကျခံခဲ့ရပြီး တရားရုံးအမိန့်အရ ထောင်ဒဏ်၂နှစ်ကျကာ မန္တလေးမြို့လူငယ်ထိမ်းသိမ်းရေးစခန်းကို ဂျူလိုင်လ ၂၆ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လူငယ်သင်တန်းကျောင်းကိုရောက်ပြီး ငါးရက်အကြာ ဂျူလိုင်လ ၃၀ရက်နေ့ နေ့လည်ထမင်းစားလွှတ်ချိန်မှာ အဲ့ဒီကလေးတွေဟာ ထွက်ပြေးတဲ့အတွက် ရိုက်နှက်ခံရပြီး မောင်ပြည့်ဖြိုးမောင် (ခ)ဒွေးပေါက်စအသက် (၁၇)နှစ် သေးဆုံးခဲ့ပါတယ်။
၆ရက်အကြာ ဩဂုတ်လ ၅ရက်နေ့မှာတော့ မောင်ခိုင်ဇော်ထွန်း အသက်(၁၇)နှစ်ဟာလည်း ထပ်မံသေဆုံးခဲ့ပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး သေဆုံးသူ မောင်ခိုင်ဇော်ထွန်းရဲ့မိခင်ဖြစ်သူ မချိုကို ဆက်သွယ်မေးမြန်းရာမှာတော့” ကျွန်မကလေးက နှိပ်စက်ခံရလို့သေသွားတာ၊ ဒါကြောင့်မို့အမှတ်၂ရဲစခန်းမှာအမှုဖွင့်ဖို့သွားတယ်၊ အမှတ်၁ရဲစခန်းကိုရွှေ့လိုက်တယ်၊ ကျွန်မတို့သွားတော့ အမှုကဖွင့်လို့မရဘူး၊ ဆေးစာပါမှဖွင့်လို့ရမယ်လို့ပြောတယ်၊ ကျွန်မလက်ထဲမှာတော့ ခုထိဘာဆေးစာမှ မရှိသေးဘူးလို့ “ပြောပါတယ်။

အမှတ်(၁)ရဲစခန်းကိုဆက်သွယ်မေးမြန်းရာမှာတော့ ” စခန်းကိုလာပြီးတော့ မေးချင်ရင်မေးလိုက်ပါ၊ တာဝန်မှူးက ၈နာရီကိုချိန်းတာဆိုတော့မနေ့ကအကြောင်းအရာကိုကျ ရုံးဘက်ကိုမေးမှအဆင်ပြေမယ်၊ ရုံးဘက်ကိုသာမေးလိုက်ပါ”လို့ပြောပါတယ်။

အခုလို လူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းခံရသူ (၂)ဦး သေဆုံးသွားတာနဲ့ပတ်သက်ပြီးတော့ လူမှုဝန်ထမ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

လူငယ္သင္တန္းေက်ာင္းက ေက်ာင္းသား(၂)ဦးေသတဲ့ကိစၥ မိဘဖက္ကေန အမႈဖြင့္မရေသး

မႏၲေလး၊ ၾသဂုတ္ ၆-၂၀၂၀
မႉးသခင္(VOM)

မႏၲေလးၿမိဳ႕က လူငယ္ထိမ္းသိမ္းေရးသင္တန္းေက်ာင္းကေနထြက္ေျပးလို႔ ကေလးႏွစ္ေယာက္ ဟာ႐ိုက္ႏွက္ခံရၿပီး လက္လြန္လို႔ေသဆုံးခဲ့တဲ့ျဖစ္စဥ္က ေသဆံုးသူကေလးရဲ႕ မိဘေတြဖက္ကေန အမႈဖြင့္ခြင့္မရေသးဘူးလို႔ သိရပါတယ္။

အဲ့ဒီကေလးႏွစ္ေယာက္ဟာ ခိုးမႈနဲ႔မုံ႐ြာၿမိဳ႕အမွတ္၁ရဲစခန္းမွာ ၁ႏွစ္နဲ႔၈လၾကာ အခ်ဳပ္က်ခံခဲ့ရၿပီး တရား႐ုံးအမိန႔္အရ ေထာင္ဒဏ္၂ႏွစ္က်ကာ မႏၲေလးၿမိဳ႕လူငယ္ထိမ္းသိမ္းေရးစခန္းကို ဂ်ဴလိုင္လ ၂၆ရက္ေန႔မွာ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

လူငယ္သင္တန္းေက်ာင္းကိုေရာက္ၿပီး ငါးရက္အၾကာ ဂ်ဴလိုင္လ ၃၀ရက္ေန႔ ေန႔လည္ထမင္းစားလႊတ္ခ်ိန္မွာ အဲ့ဒီကေလးေတြဟာ ထြက္ေျပးတဲ့အတြက္ ႐ိုက္ႏွက္ခံရၿပီး ေမာင္ျပည့္ၿဖိဳးေမာင္ (ခ)ေဒြးေပါက္စအသက္ (၁၇)ႏွစ္ ေသးဆုံးခဲ့ပါတယ္။
၆ရက္အၾကာ ဩဂုတ္လ ၅ရက္ေန႔မွာေတာ့ ေမာင္ခိုင္ေဇာ္ထြန္း အသက္(၁၇)ႏွစ္ဟာလည္း ထပ္မံေသဆုံးခဲ့ပါတယ္။

ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ေသဆုံးသူ ေမာင္ခိုင္ေဇာ္ထြန္းရဲ႕မိခင္ျဖစ္သူ မခ်ိဳကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” ကြၽန္မကေလးက ႏွိပ္စက္ခံရလို႔ေသသြားတာ၊ ဒါေၾကာင့္မို႔အမွတ္၂ရဲစခန္းမွာအမႈဖြင့္ဖို႔သြားတယ္၊ အမွတ္၁ရဲစခန္းကိုေ႐ႊ႕လိုက္တယ္၊ ကြၽန္မတို႔သြားေတာ့ အမႈကဖြင့္လို႔မရဘူး၊ ေဆးစာပါမွဖြင့္လို႔ရမယ္လို႔ေျပာတယ္၊ ကြၽန္မလက္ထဲမွာေတာ့ ခုထိဘာေဆးစာမွ မရွိေသးဘူးလို႔ “ေျပာပါတယ္။

အမွတ္(၁)ရဲစခန္းကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ ” စခန္းကိုလာၿပီးေတာ့ ေမးခ်င္ရင္ေမးလိုက္ပါ၊ တာဝန္မႉးက ၈နာရီကိုခ်ိန္းတာဆိုေတာ့မေန႔ကအေၾကာင္းအရာကိုက် ႐ုံးဘက္ကိုေမးမွအဆင္ေျပမယ္၊ ႐ုံးဘက္ကိုသာေမးလိုက္ပါ”လို႔ေျပာပါတယ္။

အခုလို လူငယ္သင္တန္းေက်ာင္းမွာ ထိန္းသိမ္းခံရသူ (၂)ဦး ေသဆုံးသြားတာနဲ႔ပတ္သက္ၿပီးေတာ့ လူမႈဝန္ထမ္းဦးစီးဌာနကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ပါဘူး။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW