တရားဟောဆရာစောဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို ထောင် ၃ လ အမိန့်ချ

တရားဟောဆရာစောဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို ထောင် ၃ လ အမိန့်ချ

ရန်ကုန်၊ သြဂုတ် ၆-၂၀၂၀
အေးချမ်းသူ(VOM)

တရားဟောဆရာ စောဒေးဗစ်(ခ) စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်း ဦးဝေထွန်းတို့ကို ဒီကနေ့မနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃လ အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၂၅နဲ့ တရားစွဲဆိုခံရတဲ့ တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရတ်)တို့ကို မရမ်းကုန်တရားရုံးက ရုံးချိန်း၁၄ချိန်းအပြီးမှာ အခုလိုအမိန့်ချခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေဦးအောင်ကြည်ဝင်းကပြောပါတယ်။

ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ မေလ ၂၀ရက်နေ့ကတည်းက သူတို့ ၂ဦးကို ချုပ်ရမန်ယူခဲ့တာဖြစ်ပြီး အခုလ ၂၀ ရက်နေ့မှာ ၃ လပြည့်မှာဖြစ်တဲ့အတွက် သူတို့ ၂ ဦးအနေနဲ့ ထောင်ထဲမှာ ၁၄ရက် (၂ ပတ်ခန့်) နေရဦးမှာ ဖြစ်တယ်လို့ တရားရုံးကနေ သိရပါတယ်။

COVID-19 ဖြစ်ပွားနေချိန် လူစုလူဝေးနဲ့ တရားပွဲပြုလုပ်ခဲ့တာကြောင့် တရားဟောဆရာစောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်း ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ တရားစွဲဆိုခဲ့ပြီး မရမ်းကုန်မြို့မရဲစခန်းကနေ တရားလိုပြုလုပ်တရားစွဲဆိုခဲတာဖြစ်ပါတယ်။

တရားဟောဆရာ ဦးစောဒေးဗစ်လားကို ယခင်တရားစွဲဆိုထားတဲ့ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ အမိန့်မချဘဲ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေ၃၀(က)နဲ့ ပြောင်းလဲအမိန့်ချခဲ့ခြင်းအပေါ် မြို့နယ်တရားသူကြီးကို မေးမြန်းဖို့ သတင်းမီဒီ
ယာတွေက စောင့်ဆိုင်းနေကြပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

တရားေဟာဆရာေစာေဒးဗစ္လား နဲ႔ ဦးေဝထြန္းတို႔ကို ေထာင္ ၃ လ အမိန႔္ခ်

ရန္ကုန္၊ ၾသဂုတ္ ၆-၂၀၂၀
ေအးခ်မ္းသူ(VOM)

တရားေဟာဆရာ ေစာေဒးဗစ္(ခ) ေစာေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္း ဦးေဝထြန္းတို႔ကို ဒီကေန႔မနက္ပိုင္းက မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးကေန ေထာင္ဒဏ္ ၃လ အမိန႔္ခ်မွတ္လိုက္ၿပီး ခ်ဳပ္ရက္ကို ထုတ္ႏႈတ္ခံစားခြင့္ျပဳလိုက္တယ္လို႔ သိရပါတယ္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ-၂၅နဲ႔ တရားစြဲဆိုခံရတဲ့ တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ ဦးေဝထြန္း(နဝရတ္)တို႔ကို မရမ္းကုန္တရား႐ုံးက ႐ုံးခ်ိန္း၁၄ခ်ိန္းအၿပီးမွာ အခုလိုအမိန႔္ခ်ခဲ့တာျဖစ္တယ္လို႔ အမႈလိုက္ပါေဆာင္႐ြက္ေပးတဲ့ ေရွ႔ေနဦးေအာင္ၾကည္ဝင္းကေျပာပါတယ္။

ဦးေစာေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ဟာ ေမလ ၂၀ရက္ေန႔ကတည္းက သူတို႔ ၂ဦးကို ခ်ဳပ္ရမန္ယူခဲ့တာျဖစ္ၿပီး အခုလ ၂၀ ရက္ေန႔မွာ ၃ လျပည့္မွာျဖစ္တဲ့အတြက္ သူတို႔ ၂ ဦးအေနနဲ႔ ေထာင္ထဲမွာ ၁၄ရက္ (၂ ပတ္ခန႔္) ေနရဦးမွာ ျဖစ္တယ္လို႔ တရား႐ုံးကေန သိရပါတယ္။

COVID-19 ျဖစ္ပြားေနခ်ိန္ လူစုလူေဝးနဲ႔ တရားပြဲျပဳလုပ္ခဲ့တာေၾကာင့္ တရားေဟာဆရာေစာေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္း ဦးေဝထြန္းတို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅နဲ႔ တရားစြဲဆိုခဲ့ၿပီး မရမ္းကုန္ၿမိဳ႕မရဲစခန္းကေန တရားလိုျပဳလုပ္တရားစြဲဆိုခဲတာျဖစ္ပါတယ္။

တရားေဟာဆရာ ဦးေစာေဒးဗစ္လားကို ယခင္တရားစြဲဆိုထားတဲ့ သဘာဝေဘးအႏၲရယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅နဲ႔ အမိန႔္မခ်ဘဲ သဘာဝေဘးအႏၲရယ္စီမံခန႔္ခြဲမႈဥပေဒ၃၀(က)နဲ႔ ေျပာင္းလဲအမိန႔္ခ်ခဲ့ျခင္းအေပၚ ၿမိဳ႕နယ္တရားသူႀကီးကို ေမးျမန္းဖို႔ သတင္းမီဒီ
ယာေတြက ေစာင့္ဆိုင္းေနၾကပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW