Dihuali အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ ကျော် အငြင်းပွားမှု အလုပ်သမား ၆၀၀ကလျော်ကြေးယူ၊ ကျန်တဲ့ ၁၀၀ကျော်က အလုပ်ပြန်ရဖို့ ဆက်လက်တောင်းဆို
ရန်ကုန်၊ သြဂုတ် ၆-၂၀၂၀
သိင်္ဂီ (VOM)
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ Dihuali အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို ဥပဒေမဲ့အလုပ်ထုတ်ခဲ့မှုအပေါ် အလုပ်သမား ၆၀၀ လောက်က လျော်ကြေးယူခဲ့ပေမယ့် ကျန်တဲ့ အလုပ်သမား ၁၀၀ ကျော်ကတော့ အလုပ်ပြန်လည်ရရှှိဖို့ကို တောင်းဆိုနေဆဲဖြစ်ပါတယ်။
” အလုပ်သမား ၆၀၀ လောက်ကတော့ လျော်ကြေးယူပြီး အဆင်ပြေသွားတယ် ။ ကျန်တဲ့ ၁၀၀ ကျော်လောက်ကတော့ အလုပ်ကိုပဲပြန်လည်ရရှိလိုတယ်ဆိုပြီး ဆက်လက်တောင်းဆိုဖို့ လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်တဲ့နေရာမှာ ဥပဒေအတိုင်းသာ ဆောင်ရွက်မှာဖြစ်တယ်။ ကုန်အမှတ်တံဆိပ်တွေကို လိုက်နေတယ်။ အမှတ်တံဆိပ်နဲ့တွဲပြီး လုပ်ဖို့ဆောင်ရွက်နေတယ်”လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်ကပြောပါတယ် ။
Dihuali အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၇၀၀ ကျော်ကို ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ဒီလို အလုပ်ကနေထုတ်ပယ်ကြောင်းကိုတော့ ကြိုတင်အသိပေးပြောဆိုခြင်းမရှိဘဲ၊ အလုပ်သမားတွေ ညနေပိုင်းအလုပ်ဆင်းချိန် ဇူလိုင်လ ၂၉ ရက်နေ့မှ ကပ်ပြီး ပြောဆိုခဲ့တဲ့အတွက် အလုပ်သမားတွေနဲ့အငြင်းပွားမှုဖြစ်ခဲ့တာဖြစ်ပါတယ်။
” ကျမတို့ကတော့ အလုပ်ပြန်လည်ရရှိဖို့ပါ။ ခုကာလက အလုပ်အသစ်ထပ်ရဖို့က မသေချာဘူး။ လျော်ကြေးဆိုတာလည်း ဘယ်လောက်ထိုင်စားလို့ရမှာလဲ။ ကျမတို့အတွက်က နေ့စဉ်အလုပ်ရှိပြီး ပုံမှန်ဝင်ငွေရှိနေမှ မိသားစုအဆင်ပြေတာပါ”လို့ အလုပ်ပြန်လည်ရရှိရေး လုပ်ဆောင်နေတဲ့ အလုပ်သမား မဝင်းဝင်းသန်းကပြောပါတယ်။
Dihuali အထည်ချုပ်စက်ရုံဟာ နိုင်ငံတကာ Brand တွေဖြစ်တဲ့ Zara နဲ့ Mango Brand တွေကို ချုပ်လုပ်တာဖြစ်ပြီး အဲ့ဒီစက်ရုံမှာဆိုရင် အလုပ်သမားပေါင်း ၁၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
အလုပ်သမားတစ်ဦးဟာ အခြေခံလစာ၊ အချိန်ပိုဆင်းကြေး နဲ့ စက်ချုပ်ခ အပါအဝင် တစ်လကို ၂ သိန်းဝန်းကျင် ရရှိတယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်
Zawgyi
Dihuali အထည္ခ်ဳပ္စက္႐ုံက အလုပ္သမား ၇၀၀ ေက်ာ္ အျငင္းပြားမႈ အလုပ္သမား ၆၀၀ကေလ်ာ္ေၾကးယူ၊ က်န္တဲ့ ၁၀၀ေက်ာ္က အလုပ္ျပန္ရဖို႔ ဆက္လက္ေတာင္းဆို
ရန္ကုန္၊ ၾသဂုတ္ ၆-၂၀၂၀
သိဂႌ (VOM)
ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္၊ အေနာ္ရထာစက္မႈဇုန္႐ွိ Dihuali အထည္ခ်ဳပ္စက္႐ုံဟာ အလုပ္သမားေတြကို ဥပေဒမဲ့အလုပ္ထုတ္ခဲ့မႈအေပၚ အလုပ္သမား ၆၀၀ ေလာက္က ေလ်ာ္ေၾကးယူခဲ့ေပမယ့္ က်န္တဲ့ အလုပ္သမား ၁၀၀ ေက်ာ္ကေတာ့ အလုပ္ျပန္လည္ရ႐ွိွဖို႔ကို ေတာင္းဆိုေနဆဲျဖစ္ပါတယ္။
” အလုပ္သမား ၆၀၀ ေလာက္ကေတာ့ ေလ်ာ္ေၾကးယူၿပီး အဆင္ေျပသြားတယ္ ။ က်န္တဲ့ ၁၀၀ ေက်ာ္ေလာက္ကေတာ့ အလုပ္ကိုပဲျပန္လည္ရ႐ွိလိုတယ္ဆိုၿပီး ဆက္လက္ေတာင္းဆိုဖို႔ လုပ္ေဆာင္ေနပါတယ္။ လုပ္ေဆာင္တဲ့ေနရာမွာ ဥပေဒအတိုင္းသာ ေဆာင္ရြက္မွာျဖစ္တယ္။ ကုန္အမွတ္တံဆိပ္ေတြကို လိုက္ေနတယ္။ အမွတ္တံဆိပ္နဲ႔တြဲၿပီး လုပ္ဖို႔ေဆာင္ရြက္ေနတယ္”လို႔ အလုပ္သမားေတြကို ကူညီေဆာင္ရြက္ေပးေနတဲ့ ျမန္မာႏိုင္ငံအထည္ခ်ဳပ္အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ ယာယီတာဝန္ခံ မမိုးစႏၵာျမင့္ကေျပာပါတယ္ ။
Dihuali အထည္ခ်ဳပ္စက္႐ုံဟာ အလုပ္သမား ၇၀၀ ေက်ာ္ကို ဇူလိုင္လ ၃၀ ရက္ေန႔ကစၿပီး အလုပ္ကေန ထုတ္ပယ္ခဲ့ပါတယ္။ဒီလို အလုပ္ကေနထုတ္ပယ္ေၾကာင္းကိုေတာ့ ႀကိဳတင္အသိေပးေျပာဆိုျခင္းမ႐ွိဘဲ၊ အလုပ္သမားေတြ ညေနပိုင္းအလုပ္ဆင္းခ်ိန္ ဇူလိုင္လ ၂၉ ရက္ေန႔မွ ကပ္ၿပီး ေျပာဆိုခဲ့တဲ့အတြက္ အလုပ္သမားေတြနဲ႔အျငင္းပြားမႈျဖစ္ခဲ့တာျဖစ္ပါတယ္။
” က်မတို႔ကေတာ့ အလုပ္ျပန္လည္ရ႐ွိဖို႔ပါ။ ခုကာလက အလုပ္အသစ္ထပ္ရဖို႔က မေသခ်ာဘူး။ ေလ်ာ္ေၾကးဆိုတာလည္း ဘယ္ေလာက္ထိုင္စားလို႔ရမွာလဲ။ က်မတို႔အတြက္က ေန႔စဥ္အလုပ္႐ွိၿပီး ပုံမွန္ဝင္ေငြ႐ွိေနမွ မိသားစုအဆင္ေျပတာပါ”လို႔ အလုပ္ျပန္လည္ရ႐ွိေရး လုပ္ေဆာင္ေနတဲ့ အလုပ္သမား မဝင္းဝင္းသန္းကေျပာပါတယ္။
Dihuali အထည္ခ်ဳပ္စက္႐ုံဟာ နိုင္ငံတကာ Brand ေတြျဖစ္တဲ့ Zara နဲ႔ Mango Brand ေတြကို ခ်ဳပ္လုပ္တာျဖစ္ၿပီး အဲ့ဒီစက္႐ုံမွာဆိုရင္ အလုပ္သမားေပါင္း ၁၅၀၀ ေလာက္႐ွိတယ္လို႔ သိရပါတယ္။
အလုပ္သမားတစ္ဦးဟာ အေျခခံလစာ၊ အခ်ိန္ပိုဆင္းေၾကး နဲ႔ စက္ခ်ဳပ္ခ အပါအဝင္ တစ္လကို ၂ သိန္းဝန္းက်င္ ရ႐ွိတယ္လို႔လည္း သိရပါတယ္။
#voiceofmyanmar #VOM #ရန္ကုန္