တောင်ဥက္ကလာက ပန်းထိမ် လင်မယား ၂ လောင်းပြိုင်လူသတ်မှု တရားခံဖမ်းဆီးရမိ

တောင်ဥက္ကလာက ပန်းထိမ် လင်မယား ၂ လောင်းပြိုင်လူသတ်မှု တရားခံဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၇-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ထဲက ပန်းတိမ် လင်မယား နှစ်ဦး အသတ်ခံရမှုအတွက် တရားခံကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

“တရားခံကို မိတော့မိသွားပြီ အတိအကျမသိရသေးဘူး၊ တိုင်းရဲအဖွဲ့က ဦးဆောင်ပြီးလုပ်နေတယ်။ မိတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ အသေးစိတ်တော့မသိရသေးပါဘူး။ တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေတယ်။”လို့ တောင်ဥက္ကလာပမြို့မရဲစခန်းမှ ဒုရဲမှူး ဦးရွှေဌေးကပြောပါတယ်။
တရားခံကို မနေ့သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ခုလိုတရားခံဖမ်းဆီးရမိရေးအတွက် နာမည်ကြီး ဟက်ကာတစ်ယောက်ဖြစ်သူ ကိုသျှားထက်ပိုင်က သူ ကူညီပေးခဲ့တယ်ဆိုပြီး သူ့ဖေ့ဘုတ်စ်အကောင့်မှာရေးသားထားပါတယ်။

“၂ လောင်းပြိုင် လူသတ်မှု ယနေ့ပဲ တရားခံ ဖမ်းမိ၊ကိုယ်တက်တဲ့အပိုင်းနဲ့ တဖက်တလှမ်းက ကူညီပေးလို့ ကျေးဇူးတင်ကြောင်း တိုင်းရုံးက လှမ်းပြောတယ် “လို့ ကိုသျှားထက်ပိုင်ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ သြဂုတ်လ ၆ ရက်နေ့က ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ပန်းထိမ် လင်မယားနှစ်ဦးဟာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၇ရပ်ကွက်၊ ၆လမ်းရှိ ကန်ထရိုက်တိုက် ၅လွှာမှာနေထိုင်ပြီး အဲ့ဒီတိုက်ခန်းမှာပဲ ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းက အသတ်ခံခဲ့ရတာဖြစ်ကာ အမျိုးသားခန္ဓာကိုယ်မှာ ဓားဒဏ်ရာ အချက်၂၀ လောက်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ေတာင္ဥကၠလာက ပန္းထိမ္ လင္မယား ၂ ေလာင္းၿပိဳင္လူသတ္မႈ တရားခံဖမ္းဆီးရမိ

ရန္ကုန္၊ ၾသဂုတ္ ၇-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႔နယ္ထဲက ပန္းတိမ္ လင္မယား ႏွစ္ဦး အသတ္ခံရမႈအတြက္ တရားခံကို ဖမ္းဆီးရမိၿပီျဖစ္တယ္လို႔ ကနဦးသတင္းေတြအရ သိရပါတယ္။

“တရားခံကို မိေတာ့မိသြားၿပီ အတိအက်မသိရေသးဘူး၊ တိုင္းရဲအဖြဲ႕က ဦးေဆာင္ၿပီးလုပ္ေနတယ္။ မိတယ္လို႔ အၾကမ္းဖ်င္းသိရပါတယ္။ အေသးစိတ္ေတာ့မသိရေသးပါဘူး။ တိုင္းရဲတပ္ဖြဲ႕က တိုက္႐ိုက္ကိုင္တြယ္ေနတယ္။”လို႔ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းမွ ဒုရဲမႉး ဦးေ႐ႊေဌးကေျပာပါတယ္။
တရားခံကို မေန႔ၾသဂုတ္လ ၆ ရက္ေန႔က ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး ခုလိုတရားခံဖမ္းဆီးရမိေရးအတြက္ နာမည္ႀကီး ဟက္ကာတစ္ေယာက္ျဖစ္သူ ကိုသွ်ားထက္ပိုင္က သူ ကူညီေပးခဲ့တယ္ဆိုၿပီး သူ႔ေဖ့ဘုတ္စ္အေကာင့္မွာေရးသားထားပါတယ္။

“၂ ေလာင္းၿပိဳင္ လူသတ္မႈ ယေန႔ပဲ တရားခံ ဖမ္းမိ၊ကိုယ္တက္တဲ့အပိုင္းနဲ႔ တဖက္တလွမ္းက ကူညီေပးလို႔ ေက်းဇူးတင္ေၾကာင္း တိုင္း႐ုံးက လွမ္းေျပာတယ္ “လို႔ ကိုသွ်ားထက္ပိုင္ရဲ႕ ေဖ့ဘုတ္စ္အေကာင့္မွာ ၾသဂုတ္လ ၆ ရက္ေန႔က ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

ပန္းထိမ္ လင္မယားႏွစ္ဦးဟာ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္ ၇ရပ္ကြက္၊ ၆လမ္းရွိ ကန္ထ႐ိုက္တိုက္ ၅လႊာမွာေနထိုင္ၿပီး အဲ့ဒီတိုက္ခန္းမွာပဲ ဇူလိုင္ ၃၁ ရက္ေန႔ ညပိုင္းက အသတ္ခံခဲ့ရတာျဖစ္ကာ အမ်ိဳးသားခႏၶာကိုယ္မွာ ဓားဒဏ္ရာ အခ်က္၂၀ ေလာက္ေတြ႕ရွိခဲ့ရတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW