မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာက လူနေအိမ်ငါးလုံး မီးလောင်

မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာက လူနေအိမ်ငါးလုံး မီးလောင်

မုံရွာ ၊ သြဂုတ် ၇ -၂၀၂၀
ကိုတိုးကြီး (VOM)

မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာမှာ ဒီကနေ့မနက် ၁၀ နာရီက မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ လူနေအိမ်ငါးလုံးကို မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ ဒေါ်ဝင်းနု နေအိမ်က မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး မီးစတင်လောင်တာဖြစ်တယ် ၊ နေအိမ်ငါးလုံး မီးကူးဆက်လောင်တယ် ၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ၂၃၇၉၀၀၀ ဖြစ်တယ် ၊ လူနဲ့ တိရိစ္ဆာန် ထိခိုက် သေဆုံးမှုမရှိပါဘူး ”လို့ မီးငြိမ်းသတ်ရာမှာ လိုက်ပါခဲ့သူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဉ်ကို မီးငြိမ်းသတ်ယာဉ် (၆)စီး နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့က ငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ကို မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ခင်သန်းက အမှုဖွင့်အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi


မုံရွာ ၊ သြဂုတ် ၇ -၂၀၂၀
ကိုတိုးကြီး (VOM)





Related posts

Leave a Comment

VOM News

FREE
VIEW