မောင်တောမှာ ခရီးသည်တင်ကားပစ်ခတ်ခံရပြီး လူနှစ်ဦးဒဏ်ရာရ

မောင်တောမှာ ခရီးသည်တင်ကားပစ်ခတ်ခံရပြီး လူနှစ်ဦးဒဏ်ရာရ

မောင်တော၊ ဩဂုတ် ၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မောင်တောမြို့နယ်မှာ မနေ့ ဩဂုတ်လ ၆ ရက်နေ့ ညပိုင်းက ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ်မှာပါလာတဲ့ ယာဉ်မောင်းဖြစ်သူနဲ့ ယာဉ်အကူတို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့ည၇ နာရီလောက်က မောင်တောမြို့နယ် အင်ဒင်ကျေးရွာဖက်ကို ခရီးသည်နှစ်ယောက် ပို့ဆောင်ပြီး အပြန်လမ်းဖြစ်တဲ့ မြင်းလွှတ်၊ မျောချောင်းရပ်ကွပ်ကို မရောက်မီ မောင်တော- အငူမော်ကားလမ်းရဲ့ ညာဖက်ချုံပုတ်ကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဒဏ်ရာရရှိသွားတဲ့ ယာဉ်မောင်းဖြစ်သူက ပြောပါတယ်။

ပစ်ခတ်ခံရစဉ်မှာ ဘယ်နှစ်ချက်လောက်ပစ်ခတ်တယ်ဆိုတာကို အတိအကျမသိကြောင်းနဲ့ ပစ်ခတ်ခံရပြီး ခဏအကြာမှာ ယာဉ်အကူဖြစ်သူ ဒဏ်ရာရနေတာကို သိရှိရကြောင်း ပေါင်ကို ကျည်ထိဒဏ်ရာရရှိသွားတဲ့ ယာဉ်မောင်းဖြစ်သူက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသူတွေကတော့ ယာဉ်မောင်း ဦးအောင်မျိုးသန်း အသက် (၃၀) နှစ်မှာ ယာပေါင်ဒဏ်ရာ နဲ့ ယာဉ်ကူ အသက် (၃၆) နှစ် ဦးမောင်သန်းဝင်းမှာ မှန်စ ပြတ်ရှဒဏ်ရာရရှိသွားတာ ဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ခ‌ရေမြိုင် (နတလ) ကျေးရွာနေသူ တွေဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူ ကာယကံရှင် ယာဉ်မောင်းဖြစ်သူ ဦးအောင်မျိုးသန်းပြောပြတာက” ကျနော်မနေ့က ညနေ ၆ နာရီကျော်လောက်က အင်းဒင်ရွာကို ခရီးသည်နှစ်ယောက်သွားပို့ခဲ့တယ်။ ကျနော် အင်းဒင်က ပြန်လာလို့ ၇ နာရီ ၁၀ မိနစ်လောက်မှာ ပစ်ခတ်တယ်။ ဘယ်ကပစ်လဲဆိုတာကို အတိအကျမသိဘူး။ အဲ့ဒီအချိန်မှာ ကျနော်လည်း ကားကိုအရှိန်နဲ့မောင်းလာတယ်။ ကြည့်လိုက်တဲ့အခါ ကျနော့် ဘေးမှာ တစ်ယောက် ဒဏ်ရာရနေပြီ။ ပစ်တော့ပစ်တယ် ဘယ်နှစ်ချက်လောက်ပစ်လဲ အတိအကျ မသိဘူး။ ကျည်ထိတုန်းကတော့ ပေါင်မှာထိတာ ကျနော့်မှာ ထုံသွားတယ်။ အခုကတော့ နည်းနည်းနာတယ်။” လို့ ပြောပြပါတယ်။

လက်ရှိ ဦးအောင်မျိုးသန်းဟာ စစ်တွေဆေးရုံကို ရောက်ရှိနေပြီး သူ့ရဲ့ယာဉ်အကူ ၊ဦးမောင်သန်းဝင်းကတော့ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။

ဦးအောင်မျိုးသန်း ဆက်ပြောပြတာက” ကျနော်တို့ကို အစတုန်းက မောင်တောဆေးရုံကို ပို့တာ။ မောင်တောမှာ ဆရာဝန်က ဘာပြောလဲဆိုတော့ ဒီမှာခွဲစိတ်လို့ အဆင်ပြေမှာမဟုတ်ဘူး။ စစ်တွေကို သွားရမယ်လို့ ပြောလို့ စစ်တွေဆေးရုံကို အခုရောက်နေတာပါ။” လို့ပြောပါတယ်။

အခုလိုမျိုး ပစ်ခတ်ခံရတဲ့အတွက် အရင်ကလို မသွားလာတော့ဘဲ သတိထားကာ အချိန်အတိုင်းအတာတစ်ခုနဲ့ သွားလာရဖို့ အခြေအနေတွေဖြစ်နေတယ်လို့ သူကထပ်ပြောပါတယ်။

အခုလိုမျိုး ပစ်ခတ်တာဟာ ဘယ်အဖွဲ့က အစ်ခတ်တယ်ဆိုတာကို အတိအကျမသိကြောင်း ကာယကံရှင်နဲ့ မိသားစုဝင်တွေက VOM ကိုပြောထားတာဖြစ်ပါတယ်။

မောင်တောမြို့နယ်ဖက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အင်းဒင်တောင်ကျော်လမ်းဖြစ်တဲ့ မေယုတောင်တကြောနဲ့ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာဖက်တွေမှာလည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အေအေတို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #မောင်တော

Zawgyi

ေမာင္ေတာမွာ ခရီးသည္တင္ကားပစ္ခတ္ခံရၿပီး လူႏွစ္ဦးဒဏ္ရာရ

ေမာင္ေတာ၊ ဩဂုတ္ ၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက ေမာင္ေတာၿမိဳ႕နယ္မွာ မေန႔ ဩဂုတ္လ ၆ ရက္ေန႔ ညပိုင္းက ခရီးသည္တင္ကားတစ္စီး ပစ္ခတ္ခံရၿပီး ကားေပၚမွာပါလာတဲ့ ယာဥ္ေမာင္းျဖစ္သူနဲ႔ ယာဥ္အကူတို႔ ဒဏ္ရာရရွိသြားတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ မေန႔ည၇ နာရီေလာက္က ေမာင္ေတာၿမိဳ႕နယ္ အင္ဒင္ေက်း႐ြာဖက္ကို ခရီးသည္ႏွစ္ေယာက္ ပို႔ေဆာင္ၿပီး အျပန္လမ္းျဖစ္တဲ့ ျမင္းလႊတ္၊ ေမ်ာေခ်ာင္းရပ္ကြပ္ကို မေရာက္မီ ေမာင္ေတာ- အငူေမာ္ကားလမ္းရဲ႕ ညာဖက္ခ်ဳံပုတ္ကေန ပစ္ခတ္တာျဖစ္တယ္လို႔ ဒဏ္ရာရရွိသြားတဲ့ ယာဥ္ေမာင္းျဖစ္သူက ေျပာပါတယ္။

ပစ္ခတ္ခံရစဥ္မွာ ဘယ္ႏွစ္ခ်က္ေလာက္ပစ္ခတ္တယ္ဆိုတာကို အတိအက်မသိေၾကာင္းနဲ႔ ပစ္ခတ္ခံရၿပီး ခဏအၾကာမွာ ယာဥ္အကူျဖစ္သူ ဒဏ္ရာရေနတာကို သိရွိရေၾကာင္း ေပါင္ကို က်ည္ထိဒဏ္ရာရရွိသြားတဲ့ ယာဥ္ေမာင္းျဖစ္သူက ေျပာပါတယ္။

ပစ္ခတ္ခံရမႈေၾကာင့္ ဒဏ္ရာရရွိသြားသူေတြကေတာ့ ယာဥ္ေမာင္း ဦးေအာင္မ်ိဳးသန္း အသက္ (၃၀) ႏွစ္မွာ ယာေပါင္ဒဏ္ရာ နဲ႔ ယာဥ္ကူ အသက္ (၃၆) ႏွစ္ ဦးေမာင္သန္းဝင္းမွာ မွန္စ ျပတ္ရွဒဏ္ရာရရွိသြားတာ ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္လုံးဟာ ေမာင္ေတာခ႐ိုင္၊ ေမာင္ေတာၿမိဳ႕နယ္၊ ခ‌ေရၿမိဳင္ (နတလ) ေက်း႐ြာေနသူ ေတြျဖစ္တယ္လို႔ သိရပါတယ္။

ပစ္ခတ္ခံရသူ ကာယကံရွင္ ယာဥ္ေမာင္းျဖစ္သူ ဦးေအာင္မ်ိဳးသန္းေျပာျပတာက” က်ေနာ္မေန႔က ညေန ၆ နာရီေက်ာ္ေလာက္က အင္းဒင္႐ြာကို ခရီးသည္ႏွစ္ေယာက္သြားပို႔ခဲ့တယ္။ က်ေနာ္ အင္းဒင္က ျပန္လာလို႔ ၇ နာရီ ၁၀ မိနစ္ေလာက္မွာ ပစ္ခတ္တယ္။ ဘယ္ကပစ္လဲဆိုတာကို အတိအက်မသိဘူး။ အဲ့ဒီအခ်ိန္မွာ က်ေနာ္လည္း ကားကိုအရွိန္နဲ႔ေမာင္းလာတယ္။ ၾကည့္လိုက္တဲ့အခါ က်ေနာ့္ ေဘးမွာ တစ္ေယာက္ ဒဏ္ရာရေနၿပီ။ ပစ္ေတာ့ပစ္တယ္ ဘယ္ႏွစ္ခ်က္ေလာက္ပစ္လဲ အတိအက် မသိဘူး။ က်ည္ထိတုန္းကေတာ့ ေပါင္မွာထိတာ က်ေနာ့္မွာ ထုံသြားတယ္။ အခုကေတာ့ နည္းနည္းနာတယ္။” လို႔ ေျပာျပပါတယ္။

လက္ရွိ ဦးေအာင္မ်ိဳးသန္းဟာ စစ္ေတြေဆး႐ုံကို ေရာက္ရွိေနၿပီး သူ႔ရဲ႕ယာဥ္အကူ ၊ဦးေမာင္သန္းဝင္းကေတာ့ ေမာင္ေတာေဆး႐ုံမွာ ေဆးကုသမႈခံယူေနတာ ျဖစ္ပါတယ္။

ဦးေအာင္မ်ိဳးသန္း ဆက္ေျပာျပတာက” က်ေနာ္တို႔ကို အစတုန္းက ေမာင္ေတာေဆး႐ုံကို ပို႔တာ။ ေမာင္ေတာမွာ ဆရာဝန္က ဘာေျပာလဲဆိုေတာ့ ဒီမွာခြဲစိတ္လို႔ အဆင္ေျပမွာမဟုတ္ဘူး။ စစ္ေတြကို သြားရမယ္လို႔ ေျပာလို႔ စစ္ေတြေဆး႐ုံကို အခုေရာက္ေနတာပါ။” လို႔ေျပာပါတယ္။

အခုလိုမ်ိဳး ပစ္ခတ္ခံရတဲ့အတြက္ အရင္ကလို မသြားလာေတာ့ဘဲ သတိထားကာ အခ်ိန္အတိုင္းအတာတစ္ခုနဲ႔ သြားလာရဖို႔ အေျခအေနေတြျဖစ္ေနတယ္လို႔ သူကထပ္ေျပာပါတယ္။

အခုလိုမ်ိဳး ပစ္ခတ္တာဟာ ဘယ္အဖြဲ႕က အစ္ခတ္တယ္ဆိုတာကို အတိအက်မသိေၾကာင္း ကာယကံရွင္နဲ႔ မိသားစုဝင္ေတြက VOM ကိုေျပာထားတာျဖစ္ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ဖက္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး အင္းဒင္ေတာင္ေက်ာ္လမ္းျဖစ္တဲ့ ေမယုေတာင္တေၾကာနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္ေက်း႐ြာဖက္ေတြမွာလည္း နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ေအေအတို႔ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာလည္း ရွိေနပါတယ္။

#voiceofmyanmar #VOM #ေမာင္ေတာ

Related posts

Leave a Comment

VOM News

FREE
VIEW