ဘုန်းကြီးပင့်လာတဲ့ကား ကုက္ကိုပင်တိုက်မိပြီး ဘုန်းကြီးလည်းပျံတော်မူ ယာဥ်မောင်းပါသေဆုံး

ဘုန်းကြီးပင့်လာတဲ့ကား ကုက္ကိုပင်တိုက်မိပြီး ဘုန်းကြီးလည်းပျံတော်မူ ယာဥ်မောင်းပါသေဆုံး

မုံရွာ၊ သြဂုတ် ၇-၂၀၂၀
ကိုတိုးကြီး (VOM)

နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၀ နဲ့ ၉၁ ကြားမှာ မနေ့ သြဂုတ် ၆ ရက်နေ့မနက်ပိုင်းက ဘုန်းကြီးပင့်လာတဲ့ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ကုက္ကိုပင်ကိုတိုက်မိတာကြောင့် ယာဉ်ပေါ်ပါ ဘုန်းကြီးနဲ့ ယာဉ်မောင်းသူတို့ဟာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ ကားပေါ်မှာ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသားနှစ်ယောက် လိုက်ပါလာတယ်၊ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်က မြေသားလမ်းဘေးက ကုက္ကိုပင်ကို ၀င်တိုက်မိတယ် ၊ ယာဉ်မောင်းနဲ့ ဘုန်းကြီးတစ်ပါးက နေရာမှာတင်သေတယ်၊ ကျန်လူတစ်ယောက်ကလဲ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ အဓိကကတော့ သတ်မှတ် မိုင်နှုန်းထက် ကျော်လွန်ပြီး မောင်းတာကြောင့်ဖြစ်တယ် ” မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက တာ၀န်မှူး ရဲအရာရှိက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ အဝေရာရပ်ကွက် ၊ ဘူတာလမ်းမှာနေတဲ့ အမျိုးသားတစ်ဦးက Toyota Succeed အမျိုးအစား ယာဥ်ကို မောင်းနှင်လာချိန် အရှိန်လွန်ပြီး မြေသားလမ်းဘေးက ကုက္ကိုပင်ကို တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကိစ္စကို မြို့ချောင်းအမြန်လမ်း ရဲစခန်းက ယာဉ် (ပ) ၁၈/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ -က / ၃၃၈ အရ အမှုဖွင့်ထားပြီး သေဆုံးဒဏ်ရာရသူတွေကို အမြန်လမ်းရဲတပ်ဖွဲ့နဲ့ ထောက်ကူပြုအဖွဲ့တွေက ကူညီဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး
#voiceofmyanmar #VOM #အမြန်လမ်း #ယာဥ်တိုက်မှု

Zawgyi

ဘုန္းႀကီးပင့္လာတဲ့ကား ကုကၠိဳပင္တိုက္မိၿပီး ဘုန္းႀကီးလည္းပ်ံေတာ္မူ ယာဥ္ေမာင္းပါေသဆုံး

မုံ႐ြာ၊ ၾသဂုတ္ ၇-၂၀၂၀
ကိုတိုးႀကီး (VOM)

ေနျပည္ေတာ္ – ရန္ကုန္ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၉၀ နဲ႔ ၉၁ ၾကားမွာ မေန႔ ၾသဂုတ္ ၆ ရက္ေန႔မနက္ပိုင္းက ဘုန္းႀကီးပင့္လာတဲ့ ကားတစ္စီး အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးက ကုကၠိဳပင္ကိုတိုက္မိတာေၾကာင့္ ယာဥ္ေပၚပါ ဘုန္းႀကီးနဲ႔ ယာဥ္ေမာင္းသူတို႔ဟာ ေနရာမွာပဲ ေသဆုံးခဲ့တယ္လို႔ အျမန္လမ္းရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

“ ကားေပၚမွာ ဘုန္းႀကီးတစ္ပါးနဲ႔ အမ်ိဳးသားႏွစ္ေယာက္ လိုက္ပါလာတယ္၊ အရွိန္မထိန္းႏိုင္ဘဲ လမ္းညာဘက္က ေျမသားလမ္းေဘးက ကုကၠိဳပင္ကို ၀င္တိုက္မိတယ္ ၊ ယာဥ္ေမာင္းနဲ႔ ဘုန္းႀကီးတစ္ပါးက ေနရာမွာတင္ေသတယ္၊ က်န္လူတစ္ေယာက္ကလဲ အသက္အႏၲရာယ္ စိုးရိမ္ရတယ္၊ အဓိကကေတာ့ သတ္မွတ္ မိုင္ႏႈန္းထက္ ေက်ာ္လြန္ၿပီး ေမာင္းတာေၾကာင့္ျဖစ္တယ္ ” ၿမိဳ႕ေခ်ာင္းအျမန္လမ္းမႀကီး ရဲစခန္းက တာ၀န္မႉး ရဲအရာရွိက ေျပာပါတယ္။

ေက်ာက္တံခါးၿမိဳ႕နယ္၊ ေတာကြၽဲအင္းၿမိဳ႕၊ အေဝရာရပ္ကြက္ ၊ ဘူတာလမ္းမွာေနတဲ့ အမ်ိဳးသားတစ္ဦးက Toyota Succeed အမ်ိဳးအစား ယာဥ္ကို ေမာင္းႏွင္လာခ်ိန္ အရွိန္လြန္ၿပီး ေျမသားလမ္းေဘးက ကုကၠိဳပင္ကို တိုက္မိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ ယာဥ္တိုက္မႈကိစၥကို ၿမိဳ႕ေခ်ာင္းအျမန္လမ္း ရဲစခန္းက ယာဥ္ (ပ) ၁၈/၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄ -က / ၃၃၈ အရ အမႈဖြင့္ထားၿပီး ေသဆုံးဒဏ္ရာရသူေတြကို အျမန္လမ္းရဲတပ္ဖြဲ႕နဲ႔ ေထာက္ကူျပဳအဖြဲ႕ေတြက ကူညီေဆာင္႐ြက္ေပးတယ္လို႔ သိရပါတယ္။

ဓာတ္ပုံ – အျမန္လမ္းရဲတပ္ဖြဲ႕မႉး႐ုံး
#voiceofmyanmar #VOM #အျမန္လမ္း #ယာဥ္တိုက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW