Vince Myanmar စက်ရုံရှေ့မှာ အလုပ်သမား သပိတ်စခန်းဖွင့်

Vince Myanmar စက်ရုံရှေ့မှာ အလုပ်သမား သပိတ်စခန်းဖွင့်

ရန်ကုန်-သြဂုတ် ၇-၂၀၂၀
သိင်္ဂီ (VOM)

Vince Myanmar ဖိနပ်စက်ရုံဆီက ဥပဒေနဲ့ညီတဲ့ရပိုင်ခွင့်တွေရရှိဖို့ အလုပ်သမားတွေဟာ ဒီကနေ့ သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက စက်ရုံရှေ့မှာ အလုပ်သမား သပိတ်စခန်းဖွင့် လိုက်ပြီလို့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုစည်သူအောင်ကပြောပါတယ်။

“ဒီနေ့စက်ရုံရှေ့ရောက်တော့ အလုပ်သမားတွေကို လက်မှတ်ထိုးပြီး စက်ရုံထဲအလုပ်ဝင်လုပ်ဖို့ပြောတယ်။ အလုပ်သမားတစ်ယောက်မှမဝင်ဘူး။ ကျနော်တို့လိုချင်တာက အဲ့ဒါ မဟုတ်ဘူး။ စက်ရုံကိုယာယီပိတ်မယ့်အချိန် တနေ့၄၈၀၀ နဲ့ အလုပ်သမားတွေကိုပေးဖို့ပါ။ သူတို့က ပိတ်မယ့်ရက်လဲအတိအကျမပြောဘူး။ သူတိူ့ဘာသာ ၁၅ ရက်နေ့ကစပိတ်မယ်ပြောနေတယ်။ အလုပ်ပါးချိန် ၄၅ ရက်လောက်နားမယ်ပေါ့၊ အဲ့ဒီရက်တွေကို ၁၉၂၀ ပဲပေးမယ်ပြောလို့ ခုလိုသပိတ်စခန်းဖွင့်တောင်းဆိုနေတာဖြစ်တယ်”လို့ ဆိုပါတယ်။

Vince Myanmar စက်ရုံ အလုပ်ရှင်ဟာ စက်ရုံကို သြဂုတ်လ ၁၅ ရက်နောက်ပိုင်းကစပြီးယာယီပိတ်ဖို့ ပြင်ဆင်နေရာ စက်ရုံပိတ်မယ့်ရက်အတွက် အလုပ်သမားကို တစ်ရက် ၁၉၂၀ ကျပ်သာ ပေးမယ်လို့ ပြောဆိုတာကြောင့် အလုပ်ရှင်အလုပ်သမားကြား လုပ်ခလစာ ပြဿနာ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်သမားတွေက စက်ရုံယာယီပိတ်မယ့်ရက်မှာ တရက် လုပ်ခလစာ ၄၈၀၀ ပေးဖို့ ၊ စက်ရုံပြန်ဖွင့်ချိန်မှာလည်း အလုပ်သမားအားလုံးကို ယခင်အလုပ်၊ ယခင်ရာထူးအတိုင်း အလုပ်ပြန်လုပ်ခွင့်ရဖို့ အချက် ၂ ချက်ကို စာချုပ်စာတမ်းနဲ့ ချုပ်ဆိုဖို့ တောင်းဆိုနေကြတာဖြစ် ပါတယ်။

” ဒီနေ့သပိတ်စခန်းစဖွင့်တယ်။ အလုပ်သမားတွေကလည်း အလွန်အမင်းတောင်းနေတာမဟုတ်ပါဘူး။ အခြေခံလုပ်ခလစာရဖို့ စက်ရုံပြန်ဖွင့်ရင် ယခင်ရာထူး၊ ယခင်လစာနဲ့ တောင်းဆိုနေကြတာပါ။ ဒါတွေကို လိုက်လျောဖို့ စာချုပ်ချုပ်ဖို့တေင်းဆိုနေကြတာပါ။ဒီနေ့ ထွေအုပ်နဲ့ ဆွေးနွေး ဖို့တော့ရှိပေမယ့် ခုထိတော့ ဆွေးနွေး တာမရှိသေးဘူး” အလုပ်သမားတွေအဆင်ပြေဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)ရဲ့ကိုယ်စားလှယ် ဦးသူရကပြောပါတယ်။

Vince Myanmar ဖိနပ်စက်ရုံပိုင်ရှင်ဟာ တရုတ်နိုင်ငံသားဖြစ်ပြီး လက်လွှဲ လုပ်ကိုင်နေတဲ့ သက်တမ်း က ၂ နှစ် လောက်ရှိပြီလို့ သိရပါတယ်။

အလုပ်သမားတွေဟာ မနေ့က သြဂုတ်လ ၆ ရက်နေ့ကလည်း စက်ရုံရှေ့မှာ စက်ရုံရှိအလုပ်သမားအားလုံးက စုဝေးတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #VinceMyanmar #အလုပ်သမားသပိတ်

Zawgyi

Vince Myanmar စက္႐ုံေရွ႕မွာ အလုပ္သမား သပိတ္စခန္းဖြင့္

ရန္ကုန္-ၾသဂုတ္ ၇-၂၀၂၀
သိဂႌ (VOM)

Vince Myanmar ဖိနပ္စက္႐ုံဆီက ဥပေဒနဲ႔ညီတဲ့ရပိုင္ခြင့္ေတြရရွိဖို႔ အလုပ္သမားေတြဟာ ဒီကေန႔ ၾသဂုတ္လ ၇ ရက္ေန႔ မနက္ပိုင္းက စက္႐ုံေရွ႕မွာ အလုပ္သမား သပိတ္စခန္းဖြင့္ လိုက္ၿပီလို႔ အလုပ္သမားတစ္ဦးျဖစ္သူ ကိုစည္သူေအာင္ကေျပာပါတယ္။

“ဒီေန႔စက္႐ုံေရွ႕ေရာက္ေတာ့ အလုပ္သမားေတြကို လက္မွတ္ထိုးၿပီး စက္႐ုံထဲအလုပ္ဝင္လုပ္ဖို႔ေျပာတယ္။ အလုပ္သမားတစ္ေယာက္မွမဝင္ဘူး။ က်ေနာ္တို႔လိုခ်င္တာက အဲ့ဒါ မဟုတ္ဘူး။ စက္႐ုံကိုယာယီပိတ္မယ့္အခ်ိန္ တေန႔၄၈၀၀ နဲ႔ အလုပ္သမားေတြကိုေပးဖို႔ပါ။ သူတို႔က ပိတ္မယ့္ရက္လဲအတိအက်မေျပာဘူး။ သူတိူ႔ဘာသာ ၁၅ ရက္ေန႔ကစပိတ္မယ္ေျပာေနတယ္။ အလုပ္ပါးခ်ိန္ ၄၅ ရက္ေလာက္နားမယ္ေပါ့၊ အဲ့ဒီရက္ေတြကို ၁၉၂၀ ပဲေပးမယ္ေျပာလို႔ ခုလိုသပိတ္စခန္းဖြင့္ေတာင္းဆိုေနတာျဖစ္တယ္”လို႔ ဆိုပါတယ္။

Vince Myanmar စက္႐ုံ အလုပ္ရွင္ဟာ စက္႐ုံကို ၾသဂုတ္လ ၁၅ ရက္ေနာက္ပိုင္းကစၿပီးယာယီပိတ္ဖို႔ ျပင္ဆင္ေနရာ စက္႐ုံပိတ္မယ့္ရက္အတြက္ အလုပ္သမားကို တစ္ရက္ ၁၉၂၀ က်ပ္သာ ေပးမယ္လို႔ ေျပာဆိုတာေၾကာင့္ အလုပ္ရွင္အလုပ္သမားၾကား လုပ္ခလစာ ျပႆနာ ျဖစ္ပြားေနၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ အလုပ္သမားေတြက စက္႐ုံယာယီပိတ္မယ့္ရက္မွာ တရက္ လုပ္ခလစာ ၄၈၀၀ ေပးဖို႔ ၊ စက္႐ုံျပန္ဖြင့္ခ်ိန္မွာလည္း အလုပ္သမားအားလုံးကို ယခင္အလုပ္၊ ယခင္ရာထူးအတိုင္း အလုပ္ျပန္လုပ္ခြင့္ရဖို႔ အခ်က္ ၂ ခ်က္ကို စာခ်ဳပ္စာတမ္းနဲ႔ ခ်ဳပ္ဆိုဖို႔ ေတာင္းဆိုေနၾကတာျဖစ္ ပါတယ္။

” ဒီေန႔သပိတ္စခန္းစဖြင့္တယ္။ အလုပ္သမားေတြကလည္း အလြန္အမင္းေတာင္းေနတာမဟုတ္ပါဘူး။ အေျခခံလုပ္ခလစာရဖို႔ စက္႐ုံျပန္ဖြင့္ရင္ ယခင္ရာထူး၊ ယခင္လစာနဲ႔ ေတာင္းဆိုေနၾကတာပါ။ ဒါေတြကို လိုက္ေလ်ာဖို႔ စာခ်ဳပ္ခ်ဳပ္ဖို႔ေတင္းဆိုေနၾကတာပါ။ဒီေန႔ ေထြအုပ္နဲ႔ ေဆြးေႏြး ဖို႔ေတာ့ရွိေပမယ့္ ခုထိေတာ့ ေဆြးေႏြး တာမရွိေသးဘူး” အလုပ္သမားေတြအဆင္ေျပဖို႔ ကူညီေဆာင္႐ြက္ေပးေနတဲ့ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားမ်ားသမဂၢအဖြဲ႕ခ်ဳပ္ (MICS)ရဲ႕ကိုယ္စားလွယ္ ဦးသူရကေျပာပါတယ္။

Vince Myanmar ဖိနပ္စက္႐ုံပိုင္ရွင္ဟာ တ႐ုတ္ႏိုင္ငံသားျဖစ္ၿပီး လက္လႊဲ လုပ္ကိုင္ေနတဲ့ သက္တမ္း က ၂ ႏွစ္ ေလာက္ရွိၿပီလို႔ သိရပါတယ္။

အလုပ္သမားေတြဟာ မေန႔က ၾသဂုတ္လ ၆ ရက္ေန႔ကလည္း စက္႐ုံေရွ႕မွာ စက္႐ုံရွိအလုပ္သမားအားလုံးက စုေဝးေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

#voiceofmyanmar #VOM #VinceMyanmar #အလုပ္သမားသပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW