ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကောက်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိ
ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကောက်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိ
ရန်ကုန်၊သြဂုတ်၈-၂၀၂၀
အေးချမ်းသူ(VOM)
ပြည်တွင်းရွှေပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရရှိရေးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိတယ်လို့ မြန်မာနိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)မှ အထွေထွေအတွင်းရေးမှုး
ချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။
အလုပ်သမားအမျာစုဟာ အိမ်ဌားနေထိုင်ခြင်း၊ ကျူးကျော်တဲမှာနေထိုင်ခြင်းတို့ကြောင့် မဲစာရင်းမှာ မပါဝင်ခြင်း၊နေရပ်ပြန်ပြီး မဲပေးဖို့ အဆင်မပြေခြင်း၊ အလုပ်ပြန်နောက်ကျကာ မဲစာရင်းမကြည့်နိူင်တဲ့အတွက် ပြည်တွင်းရွှေပြောင်းရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ များစွာအခက်အခဲရှိတယ်လို့ ဦးသက်နှင်းအောင်ကသုံးသပ်ပြောပြပါတယ်။
“ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နေတဲ့အခက်အခဲက ရပ်ကွက်အတွင်းရက်ပေါင်း ၉၀အတွင်းနေထိုင်ရမယ်လို့ဥပဒေမှာပါတယ်။ ဒါပေမယ့် အခုခေတ်က ဧည့်စာရင်းကမရှိတော့ အခက်အခဲရှိတယ်။ အမှန်တကယ်နေထိုင်ကြောင်းလည်း သက်သေပြလို့မရဘူး။ရပ်ကွက်တွေကလည်း ထောက်ခံစာမပေးဘူး။ အလုပ်ရှင်ဆီကလည်း ထောက်ခံစာယူလို ရတယ်လို့ညွန်ကြားထားလည်း မရှိဘူး။ ဒါလက်ရှိ အလုပ်သမားတွေမဲပေးခွင့်နဲ့ ဖြစ်နေတဲ့ပြသာနာပါ”လို့ ဦးသက်နှင်းအောင်ကပြောပါတယ်။
အဲ့ဒီပြသာနာတွေကြောင့် အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြည်တွင်းရှိစက်ရုံအလုပ်ရုံတွေက ရွှေပြောင်းအလုပ်သမားတွေမဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ အလုပ်ရှင်များနဲ့ပူးပေါင်းပြီး မဲပေးနိူင်ဖို့အတွက် တိုက်တွန်းပြောဆိုသွားမယ်လို့ ပြောပါတယ်။
ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့နဲ့ အလုပ်သမားအဖွဲ့အစည်းများချိတ်ကာဆောင်ရွက်သွားမယ်လို့ မြန်မာနိူင်ငံလုံးဆိုင်ရာအလုပ်သမား
ကွန်ရက် ဥပဒေအကြံပေးတရားလွှတ်တော်ရှေနေ ဦးဌေးကပြောပါတယ်။
“အလုပ်သမားအဖွဲ့အစည်းတွေကြိုးစားရင် အလုပ်သမားသမဂ္ဂ
အောက်မှာရှိတဲ့ အလုပ်သမားရာဂဏန်းလောက်ပဲ မဲပေးခွင့်ရအောင်လုပ်နိူင်လိမ့်မယ်။ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနရယ်၊ပြည်ထောင်ရွေးကောက်ပွဲကော်မရှင်ရယ် သူတို့နဲ့တွေ့ဆုံဆွေးနွေးပြီး သေချာလုပ်မှ ဒီကိစွကရမှာပါ။ ဒါကြောင့် သူတို့နဲ့ဆွေးနွေးဖို့လို
တယ်”ဟု ဦးဌေးက ပြောပါတယ်။
လက်တလောဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေ မဲပေးခွင့်ရရှိဖို့အတွက် လှိုင်သာယာအနောက်မြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့်ဦးဝင်းဇော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ကျနော်တို့ မဲပေးခွင့်ရရှိရေးအတွက်လုပ်ပေးလို့မရသလို စည်းရုံးရေးလို့လည်းမရပါဘူး။ ပညာပေးအနေနဲ့ပဲ လုပ်လို့ရတယ်။အချိန်မှီ မဲပေးနိူင်ရေးအတွက် လေ့လာပေးလို့ရတယ်။ဆွေးနွေးပေးလို့ရတယ်”လို့ ပြောပါတယ်။
စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေအနေနဲ့ မဲပေးချင်ပါက မိမိနေထိုင်ရာရပ်ကွက်အတွင်း အနည်းဆုံးသုံးလအတွင်းရောက်ရှိနေထိုင်ရမယ် ၊အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာနဲ့ မှတ်ပုံတင်ရှိရမှာဖြစ်ပြီး အဲ့ဒီအချက်အလက်ပြည့်စုံပေမယ့်လည်း မဲစာရင်းမှာမပါခဲ့ရင် ပုံစံ-၃နဲ့ ဖြည့်စွက်လုပ်ရမှာဖြစ်တယ်လို့ မြန်မာနိူင်ငံလုံးဆိုင်ရာအလုပ်သမားကွန်ရက် ဥပဒေအကြံပေးတရားလွှတ်တော်ရှေနေ ဦးဌေးရဲ့ပြောပြချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်
Zawgyi
ရန်ကုန်၊သြဂုတ်၈-၂၀၂၀
အေးချမ်းသူ(VOM)
ပြည်တွင်းရွှေပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရရှိရေးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)မှ အထွေထွေအတွင်းရေးမှုး
အလုပ်သမားအမျာစုဟာ အိမ်ဌားနေထိုင်ခြင်း၊ ကျူးကျော်တဲမှာနေထိုင်ခြင်းတို့ကြောင့် မဲစာရင်းမှာ မပါဝင်ခြင်း၊နေရပ်ပြန်ပြီး မဲပေးဖို့ အဆင်မပြေခြင်း၊ အလုပ်ပြန်နောက်ကျကာ မဲစာရင်းမကြည့်နိုင်တဲ့အတွက် ပြည်တွင်းရွှေပြောင်းရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ များစွာအခက်အခဲရှိတယ်လို့ ဦးသက်နှင်းအောင်ကသုံးသပ်ပြောပြပါတယ်။
အဲ့ဒီပြသာနာတွေကြောင့် အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြည်တွင်းရှိစက်ရုံအလုပ်ရုံတွေက ရွှေပြောင်းအလုပ်သမားတွေမဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ အလုပ်ရှင်များနဲ့ပူးပေါင်းပြီး မဲပေးနိုင်ဖို့အတွက် တိုက်တွန်းပြောဆိုသွားမယ်လို့ ပြောပါတယ်။
ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့နဲ့ အလုပ်သမားအဖွဲ့အစည်းများချိတ်ကာဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား
စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေအနေနဲ့ မဲပေးချင်ပါက မိမိနေထိုင်ရာရပ်ကွက်အတွင်း အနည်းဆုံးသုံးလအတွင်းရောက်ရှိနေထိုင်ရမယ် ၊အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာနဲ့ မှတ်ပုံတင်ရှိရမှာဖြစ်ပြီး အဲ့ဒီအချက်အလက်ပြည့်စုံပေမယ့်လည်း မဲစာရင်းမှာမပါခဲ့ရင် ပုံစံ-၃နဲ့ ဖြည့်စွက်လုပ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားကွန်ရက် ဥပဒေအကြံပေးတရားလွှတ်တော်ရှေနေ ဦးဌေးရဲ့ပြောပြချက်အရ သိရပါတယ်။
Related posts
Leave a Comment
VOM News
FREE
VIEW