အာဏာရှင်တော်လှန်ခဲ့တဲ့ သြဂုတ်လ(၈)ရက်နေ့ကို အသိအမှတ်ပြုဖို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုများကတောင်းဆို

အာဏာရှင်တော်လှန်ခဲ့တဲ့ သြဂုတ်လ(၈)ရက်နေ့ကို အသိအမှတ်ပြုဖို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုများကတောင်းဆို

ပြည်၊ သြဂုတ် ၈-၂၀၂၀
လမင်း(VOM)

၁၉၈၈ ခုနှစ်မှာ ကျောင်းသား ၊ ပြည်သူတက်ညီလက်ညီနဲ့ အာဏာရှင်စနစ်ကိုတိုက်ထုတ်ပြီး ဒီမိုကရေစီစနစ်ရရှိအောင်ကြိုးစားတဲ့ လူထု့အရေးတော်ပုံကြီးဟာ အခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ၃၂ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီလို ၃၂ နှစ်ပြည့်မြောက်ခဲ့သော်လည်း ၈၈၈၈ အောက့်မေ့ဖွယ်နေ့ဖြစ်တဲ့ ဩဂုတ်လ ၈ ရက်နေ့ကို လက်ရှိအစိုးရအနေနဲ့ တရားဝင်အသိအမှတ်မပြုသေးတာကြောင့် တရားဝင်အသိအမှတ်ပြုဖို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုတွေက ဒီကနေ့မှာပဲ တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

“ခုလက်ရှိက ဒီနေ့ကို အသိအမှတ်မပြုမခံရသေးပါဘူး၊ အသိအမှတ်ပြုတယ်ဆိုရင်အစိုးရကျောင်းတွေပိတ်ပေးဖို့ ရုံးတွေပိတ်ပေးဖို့ အဲ့လိုပုံစံမျိုးနဲ့ အသိအမှတ်ပြုပေးစေချင်တာပါ၊ ရှစ်လေးလုံးက တကယ့်တော်လှန်ရေးသမိုင်းကြီးပါ၊ တော်လှန်ရေးသမိုင်းကြီးကို အသိအမှတ်ပြုပိတ်သိမ်းပေးရပါမယ်။ အစိုးရရုံးပိတ်ရက်တွေပုံစံမျိုး အသိအမှတ်ပြုတဲ့အနေနဲ့လုပ်ပေးရပါမယ်” လို့ ညီညွတ်သောတိုင်းရင်းသားများဒီမိုကရေစီပါတီမှ တိုင်းတာဝန်ခံ ကိုကျော်ဆွေကပြောပါတယ် ။

ဒါ့အပြင် ၁၃၀၀ပြည့်အရေးတော်ပုံကြောင့် လွတ်လပ်‌ရေးကိုရခဲ့ပြီး ၁၉၈၈ လူထု့အရေးတော်ပုံရဲ့ရလဒ်ဟာ ကျောင်းသားပြည်သူတွေရဲ့ အသက်သွေး‌ချွေးတွေကိုစတေးခဲ့ရပေမယ့်လည်း ခုလက်ရှိအချိန်ထိ အရေးတော်ပုံမှာတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအရေး လူ့အခွင့်အရေး တရားဉပဒေစိုးမိုးရေးတွေကတော့ ဘာမှအပြည့်အဝမရသေးပါဘူးလို့ ဦးကျော်ဆွေက ထပ်ပြောပါတယ် ။

ရှစ်လေးလုံးလူထု့အရေးတော်ပုံကို ပြည်သူလူထု့ကသာ အသိအမှတ်ပြုပြီး ရှစ်လေးလုံးအရေးတော်ပုံကပေါ်ပေါက်လာခဲ့တဲ့အစိုးရက လက်ရှိအချိန်ထိ အသိအမှတ်မပြုတာ‌ပေါ်လွင်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ် ။

“ရှစ်လေးလုံးအရေးတော်ပုံက လူထု့အနေနဲ့အသိအမှတ်ပြုတယ်၊ အစိုးရအနေနဲ့ အသိအမှတ်မပြုသေးဘူးဆိုတာက ခုချိန်ထိကိုတွေ့ရတယ်၊ ဒီအစိုးရဆိုတာက ရှစ်လေးလုံးအရေးတော်ပုံကနေပေါ်ပေါက်လာတဲ့အစိုးရပါတီတွေဖြစ်တယ်၊ တခြား အရင်စစ်အစိုးရတွေက အသိအမှတ်မပြုခဲ့ရင်တောင်မှ မြှောက်ထားတဲ့အခုအစိုးရက အသိအမှတ်ပြုဖို့လိုတယ်ဒါေ၊ပမယ့်အခုချိန်ထိ သမ္မတ ၅ နှစ်တာကုန်ဆုံးသွားတယ်အသိအမှတ်ပြုတာမရှိဘူး”လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ပြည်မြို့နယ်ဒုဥက္ကဌ မဇင်မာဝင်းကပြောပါတယ် ။

ဒီကနေ့မှာကျရောက်တဲ့ (၃၂) နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့ အောက့်မေ့ဖွယ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက ပြည်မြို့ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည်

Zawgyi

အာဏာရွင္ေတာ္လွန္ခဲ့တဲ့ ၾသဂုတ္လ(၈)ရက္ေန႔ကို အသိအမွတ္ျပဳဖို႔ ျပည္ခ႐ိုင္ႏိုင္ငံေရးအင္အားစုမ်ားကေတာင္းဆို

ျပည္၊ ၾသဂုတ္ ၈-၂၀၂၀
လမင္း(VOM)

၁၉၈၈ ခုႏွစ္မွာ ေက်ာင္းသား ၊ ျပည္သူတက္ညီလက္ညီနဲ႔ အာဏာရွင္စနစ္ကိုတိုက္ထုတ္ၿပီး ဒီမိုကေရစီစနစ္ရရွိေအာင္ႀကိဳးစားတဲ့ လူထု႔အေရးေတာ္ပုံႀကီးဟာ အခုႏွစ္ ဩဂုတ္လ ၈ ရက္ေန႔မွာ ၃၂ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။

ဒီလို ၃၂ ႏွစ္ျပည့္ေျမာက္ခဲ့ေသာ္လည္း ၈၈၈၈ ေအာက့္ေမ့ဖြယ္ေန႔ျဖစ္တဲ့ ဩဂုတ္လ ၈ ရက္ေန႔ကို လက္ရွိအစိုးရအေနနဲ႔ တရားဝင္အသိအမွတ္မျပဳေသးတာေၾကာင့္ တရားဝင္အသိအမွတ္ျပဳဖို႔ ျပည္ခ႐ိုင္ႏိုင္ငံေရးအင္အားစုေတြက ဒီကေန႔မွာပဲ ေတာင္းဆိုလိုက္ၾကတာျဖစ္ပါတယ္။

“ခုလက္ရွိက ဒီေန႔ကို အသိအမွတ္မျပဳမခံရေသးပါဘူး၊ အသိအမွတ္ျပဳတယ္ဆိုရင္အစိုးရေက်ာင္းေတြပိတ္ေပးဖို႔ ႐ုံးေတြပိတ္ေပးဖို႔ အဲ့လိုပုံစံမ်ိဳးနဲ႔ အသိအမွတ္ျပဳေပးေစခ်င္တာပါ၊ ရွစ္ေလးလုံးက တကယ့္ေတာ္လွန္ေရးသမိုင္းႀကီးပါ၊ ေတာ္လွန္ေရးသမိုင္းႀကီးကို အသိအမွတ္ျပဳပိတ္သိမ္းေပးရပါမယ္။ အစိုးရ႐ုံးပိတ္ရက္ေတြပုံစံမ်ိဳး အသိအမွတ္ျပဳတဲ့အေနနဲ႔လုပ္ေပးရပါမယ္” လို႔ ညီၫြတ္ေသာတိုင္းရင္းသားမ်ားဒီမိုကေရစီပါတီမွ တိုင္းတာဝန္ခံ ကိုေက်ာ္ေဆြကေျပာပါတယ္ ။

ဒါ့အျပင္ ၁၃၀၀ျပည့္အေရးေတာ္ပုံေၾကာင့္ လြတ္လပ္‌ေရးကိုရခဲ့ၿပီး ၁၉၈၈ လူထု႔အေရးေတာ္ပုံရဲ႕ရလဒ္ဟာ ေက်ာင္းသားျပည္သူေတြရဲ႕ အသက္ေသြး‌ေခြၽးေတြကိုစေတးခဲ့ရေပမယ့္လည္း ခုလက္ရွိအခ်ိန္ထိ အေရးေတာ္ပုံမွာေတာင္းဆိုခဲ့တဲ့ ဒီမိုကေရစီအေရး လူ႔အခြင့္အေရး တရားဉပေဒစိုးမိုးေရးေတြကေတာ့ ဘာမွအျပည့္အဝမရေသးပါဘူးလို႔ ဦးေက်ာ္ေဆြက ထပ္ေျပာပါတယ္ ။

ရွစ္ေလးလုံးလူထု႔အေရးေတာ္ပုံကို ျပည္သူလူထု႔ကသာ အသိအမွတ္ျပဳၿပီး ရွစ္ေလးလုံးအေရးေတာ္ပုံကေပၚေပါက္လာခဲ့တဲ့အစိုးရက လက္ရွိအခ်ိန္ထိ အသိအမွတ္မျပဳတာ‌ေပၚလြင္ေၾကာင္း ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူတစ္ဦးက ေျပာပါတယ္ ။

“ရွစ္ေလးလုံးအေရးေတာ္ပုံက လူထု႔အေနနဲ႔အသိအမွတ္ျပဳတယ္၊ အစိုးရအေနနဲ႔ အသိအမွတ္မျပဳေသးဘူးဆိုတာက ခုခ်ိန္ထိကိုေတြ႕ရတယ္၊ ဒီအစိုးရဆိုတာက ရွစ္ေလးလုံးအေရးေတာ္ပုံကေနေပၚေပါက္လာတဲ့အစိုးရပါတီေတြျဖစ္တယ္၊ တျခား အရင္စစ္အစိုးရေတြက အသိအမွတ္မျပဳခဲ့ရင္ေတာင္မွ ေျမႇာက္ထားတဲ့အခုအစိုးရက အသိအမွတ္ျပဳဖို႔လိုတယ္ဒါေ၊ပမယ့္အခုခ်ိန္ထိ သမၼတ ၅ ႏွစ္တာကုန္ဆုံးသြားတယ္အသိအမွတ္ျပဳတာမရွိဘူး”လို႔ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီမွ ျပည္ၿမိဳ႕နယ္ဒုဥကၠဌ မဇင္မာဝင္းကေျပာပါတယ္ ။

ဒီကေန႔မွာက်ေရာက္တဲ့ (၃၂) ႏွစ္ျပည့္ ၈၈၈၈ ႏွစ္ပတ္လည္ေန႔ ေအာက့္ေမ့ဖြယ္အခမ္းအနားကို ဩဂုတ္လ ၈ ရက္ေန႔မနက္ပိုင္းက ျပည္ၿမိဳ႕ရွိ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ႐ုံးခန္းမွာ က်င္းပခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW