၂၀၂၀ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ဗကသအဖွဲ့ဝင်များ သပိတ်မှောက်

၂၀၂၀ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ဗကသအဖွဲ့ဝင်များ သပိတ်မှောက်

မန္တလေး၊ သြဂုတ် ၈-၂၀၂၀
မှူးသခင်(VOM)

ဗကသကျောင်းသားတွေအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့အတွက် ဒီကနေ့ဩဂုတ်လ ၈ ရက် နေ့လယ်ပိုင်းက ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်း၊ ဗမာနိုင်လုံးဆိုင်ရာကျောင်းသများသမဂ္ဂအဖွဲ့ချုပ်ယာယီရုံးခွဲရှေ့မှာ သပိတ်မှောက်တာနဲ့ ၊ No Voteကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

” No vote ကျွန်တော်တို့လုပ်ပြီဆိုကတည်းက ဒီအစိုးရအသုံးမကျလို့ပေါ့ ဒီအစိုးရမအသုံးမကျရင်နောက်အစိုးရလဲအသုံးကျစရာမရှိဘူး ဒီတော့ပြည်သူလူထုအများစုကြီးကယုံယုံကြည်ကြည်နဲ့မဲပေးခဲ့ကြလို့ တောင်ပြိုကမ်းပြိုနိုင်သွားတဲ့ပါတီတောင်မအသုံးမကျဘူးဆိုရင် ဘယ်လိုပါတီကအသုံးကျမှာလဲ “လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကပြောပါတယ် ။

၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေအောက်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့အတွက် အခုလို ၂၀၂၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊No Vote ကမ်းပိန်းကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌ ကိုသက်မောင်မောင်ကပြောပါတယ်။

“ကျွန်တော်တို့မဲမပေးရေးလှုပ်ရှားမှုအောင်မြင်ခဲ့ရင် အခြေခံဥပဒေမှာ အကျပ်အတည်းပေါ်မယ်၊ လွတ်လပ်ရေးရခဲ့တဲ့ ၄၇ /၄၈အခြေခံဥပဒေအကျပ်အတည်းပေါ်တော့ ၆၂အာဏာသိမ်းမှုဖြစ်တယ်၊ ၇၄ဖွဲ့စည်းပုံအကျပ်အတည်းပေါ်တဲ့အခါမှာ ၈၈အာဏာသိမ်းမှုဖြစ်တယ်၊ သူတို့ဆက်ပြီးတော့ကိုင်ထားတယ်၊ နဝတ နအဖ အနေနဲ့အကျပ်အတည်းပေါ်တဲ့အချိန်မှာ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးပေါ်လာတယ်၊ ဒီတော့အခြေခံဥပဒေ အကျပ်အတည်းပေါ်တဲ့အခါ လူထုအုံကြွမှုတွေဖြစ်လာတယ်၊ ကျွန်တော်တို့အနေနဲ့တော့ အဲ့ဒီလိုဖြစ်ဖို့အထိ ခန့်မှန်းထားတယ်”လို့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကပြောပါတယ် ။

အခုလိုလှုပ်ရှားမှုမျိုးပြုလုပ်တာ အထမမြောက်ဖူးဆိုရင်တော့၂၀၂၀ရွေးကောက်ပွဲမမဟုတ်ဘဲ နောက်ရွေးကောက်ပွဲတွေမှာ ဆက်လုပ်သွားမယ်လို့လည်း ဗကသအဖွဲ့ဝင်တွေက ပြောပြချက်အရ သိရပါတယ်။

#voiceofmyanamr #VOM #မန္တလေး

Zawgyi

၂၀၂၀ေ႐ြးေကာက္ပြဲကို အယုံအၾကည္မရွိေၾကာင္း ဗကသအဖြဲ႕၀င္မ်ား သပိတ္ေမွာက္

မႏၲေလး၊ ၾသဂုတ္ ၈-၂၀၂၀
မႉးသခင္(VOM)

ဗကသေက်ာင္းသားေတြအေနနဲ႔ ၂၀၂၀ေ႐ြးေကာက္ပြဲကို အယုံအၾကည္မရွိတဲ့အတြက္ ဒီကေန႔ဩဂုတ္လ ၈ ရက္ ေန႔လယ္ပိုင္းက ရတနာပုံတကၠသိုလ္ေက်ာင္းသားသမဂၢ႐ုံးခန္း၊ ဗမာႏိုင္လုံးဆိုင္ရာေက်ာင္းသမ်ားသမဂၢအဖြဲ႕ခ်ဳပ္ယာယီ႐ုံးခြဲေရွ႕မွာ သပိတ္ေမွာက္တာနဲ႔ ၊ No Voteကမ္ပိန္းကို ျပဳလုပ္ခဲ့ပါတယ္။

” No vote ကြၽန္ေတာ္တို႔လုပ္ၿပီဆိုကတည္းက ဒီအစိုးရအသုံးမက်လို႔ေပါ့ ဒီအစိုးရမအသုံးမက်ရင္ေနာက္အစိုးရလဲအသုံးက်စရာမရွိဘူး ဒီေတာ့ျပည္သူလူထုအမ်ားစုႀကီးကယုံယုံၾကည္ၾကည္နဲ႔မဲေပးခဲ့ၾကလို႔ ေတာင္ၿပိဳကမ္းၿပိဳႏိုင္သြားတဲ့ပါတီေတာင္မအသုံးမက်ဘူးဆိုရင္ ဘယ္လိုပါတီကအသုံးက်မွာလဲ “လို႔ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားသမဂၢအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ကိုထူးခန႔္ေသာ္ကေျပာပါတယ္ ။

၂၀၀၈ အေျခခံဖြဲ႕စည္းပုံဥပေဒေအာက္မွာျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲကို အယုံအၾကည္မရွိတဲ့အတြက္ အခုလို ၂၀၂၀ ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္ျခင္း၊No Vote ကမ္းပိန္းကို ေဆာင္႐ြက္ရျခင္းျဖစ္တယ္လို႔ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(ဗကသ)ဥကၠ႒ ကိုသက္ေမာင္ေမာင္ကေျပာပါတယ္။

“ကြၽန္ေတာ္တို႔မဲမေပးေရးလႈပ္ရွားမႈေအာင္ျမင္ခဲ့ရင္ အေျခခံဥပေဒမွာ အက်ပ္အတည္းေပၚမယ္၊ လြတ္လပ္ေရးရခဲ့တဲ့ ၄၇ /၄၈အေျခခံဥပေဒအက်ပ္အတည္းေပၚေတာ့ ၆၂အာဏာသိမ္းမႈျဖစ္တယ္၊ ၇၄ဖြဲ႕စည္းပုံအက်ပ္အတည္းေပၚတဲ့အခါမွာ ၈၈အာဏာသိမ္းမႈျဖစ္တယ္၊ သူတို႔ဆက္ၿပီးေတာ့ကိုင္ထားတယ္၊ နဝတ နအဖ အေနနဲ႔အက်ပ္အတည္းေပၚတဲ့အခ်ိန္မွာ ၂၀၀၇ေ႐ႊဝါေရာင္ေတာ္လွန္ေရးေပၚလာတယ္၊ ဒီေတာ့အေျခခံဥပေဒ အက်ပ္အတည္းေပၚတဲ့အခါ လူထုအုံႂကြမႈေတြျဖစ္လာတယ္၊ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ အဲ့ဒီလိုျဖစ္ဖို႔အထိ ခန႔္မွန္းထားတယ္”လို႔ အေထြေထြအတြင္းေရးမႉး ကိုထူးခန႔္ေသာ္ကေျပာပါတယ္ ။

အခုလိုလႈပ္ရွားမႈမ်ိဳးျပဳလုပ္တာ အထမေျမာက္ဖူးဆိုရင္ေတာ့၂၀၂၀ေ႐ြးေကာက္ပြဲမမဟုတ္ဘဲ ေနာက္ေ႐ြးေကာက္ပြဲေတြမွာ ဆက္လုပ္သြားမယ္လို႔လည္း ဗကသအဖြဲ႕၀င္ေတြက ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanamr #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW