မန္တလေးလူငယ်သင်တန်းကျောင်းမှာ ကျောင်းလက်စွဲရှိပုံမရဘူးလို့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌဝေဖန်

မန္တလေးလူငယ်သင်တန်းကျောင်းမှာ ကျောင်းလက်စွဲရှိပုံမရဘူးလို့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌဝေဖန်

မန္တလေး၊ ဩဂုတ် ၁၀-၂၀၂၀
မှူးသခင်(VOM)

မန္တလေး လူငယ်ထိမ်းသိမ်းရေး သင်တန်းကျောင်း က ကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး အဲ့ဒီကျောင်းမှာ ကျောင်းလက်စွဲရှိပုံမရဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်က ဒီကိစ္စနဲ့ပတ်သက်ပြီး VOMကမေးမြန်းချိန်မှာ ဝေဖန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ ကျောင်းကလည်း ကြည့်ရတာတော့ကျောင်းသားတွေကို ကိုင်တွယ်တဲ့အခါမှာ ကျောင်းလက်စွဲတွေရှိပုံမရဘူး၊ ဒါလေးတွေ သူတို့လိုနေတာပေါ့၊ လုပ်တာကလည်း သူတို့က ပုံမှန် ကလေးလေးတွေကို ဆုံးမတတ်တယ်လို့ပြောတယ် ဒီတစ်ခါတော့လက်လွန်သွားတဲ့သဘောမျိုးလို့ မြင်ပါတယ်၊ ကျောင်းကလွန်တာမဟုတ်ဖူး ကျောင်းမှာရှိတဲ့ သင်တန်းသားအချင်းချင်းဖြစ်ကြလို့ လက်လွန်တာ၊ တစ်ချို့ကလဲ အသစ်ရှိတယ်၊ တချို့ကလည်းအမှုစစ်ဖို့စောင့်နေတာ၊ သူတို့အချင်းချင်းလုပ်တာကိုတွေ့ရတယ်၊ လုပ်တဲ့လူအပြစ်ခံရဖို့ဆိုတာကတော့ ဆက်ပြီးတော့လုပ်ရမှာပေါ့ “လို့ ဦးလှမြင့်ကပြောပါတယ်။

ဒီသေဆုံးမှုဖြစ်စဉ်ဟာ မန္တလေးလူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းကနေထွက်ပြေးလို့ ကလေးနှစ်ယောက် ရိုက်နှက်ခံရပြီး လက်လွန်လို့သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကလေးနှစ်ယောက်ဟာ ခိုးမှုနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းမှာ ၁နှစ်နဲ့၈လကြာ အချုပ်ကျခံခဲ့ရပြီး တရားရုံးအမိန့်အရ ထောင်ဒဏ်၂နှစ်ကျခံရကာ မန္တလေးလူငယ်ထိန်းသိမ်းရေးစခန်းကို ဂျူလိုင်လ ၂၆ရက်နေ့မှာရောက်ရှိခဲ့တာဖြစ်ပါတယ်။

လူငယ်သင်တန်းကျောင်းကိုရောက်ပြီး ၅ရက်အကြာ ဇူလိုင်လ ၃၀ရက်နေ့ ၊ နေ့လယ်ထမင်းစားလွှတ်ချိန်မှာ ‌ထွက်ပြေးခဲ့တာကြောင့် ရိုက်နှက်ခံရပြီး မောင်ပြည့်ဖြိုးမောင် (ခ)ဒွေးပေါက်စအသက် (၁၇)နှစ် သေးဆုံးခဲ့တဲ့အပြင် ၆ရက်အကြာ ဩဂုတ်လ ၅ရက်နေ့မှာတော့ မောင်ခိုင်ဇော်ထွန်းအသက်(၁၇)နှစ်လည်း ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကလေးနှစ်ဦးနဲ့အတူ ရိုက်နှက်ခံရတဲ့ အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦးကလည်း အခုလက်ရှိ မန္တလေးဆေးရုံကြီးမှာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ဆေးဝါးကုသမှု နေဆဲဖြစ်ပါတယ်။

အခုလိုဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က မန္တလေးလူငယ်သင်တန်းကျောင်းကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကနေ လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီက စစ်ဆေးတွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို အစီရင်ခံပြီး လူမှုဝန်ထမ်းနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကိုတင်ပြထားတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၲေလးလူငယ္သင္တန္းေက်ာင္းမွာ ေက်ာင္းလက္စြဲရွိပုံမရဘူးလို႔ လူ႔အခြင့္အေရးေကာ္မရွင္ဥကၠဌေဝဖန္

မႏၲေလး၊ ဩဂုတ္ ၁၀-၂၀၂၀
မႉးသခင္(VOM)

မႏၲေလး လူငယ္ထိမ္းသိမ္းေရး သင္တန္းေက်ာင္း က ေက်ာင္းသားႏွစ္ဦးေသဆုံးမႈနဲ႔ပတ္သက္ၿပီး အဲ့ဒီေက်ာင္းမွာ ေက်ာင္းလက္စြဲရွိပုံမရဘူးလို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ ဥကၠဌ ဦးလွျမင့္က ဒီကိစၥနဲ႔ပတ္သက္ၿပီး VOMကေမးျမန္းခ်ိန္မွာ ေဝဖန္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“ ေက်ာင္းကလည္း ၾကည့္ရတာေတာ့ေက်ာင္းသားေတြကို ကိုင္တြယ္တဲ့အခါမွာ ေက်ာင္းလက္စြဲေတြရွိပုံမရဘူး၊ ဒါေလးေတြ သူတို႔လိုေနတာေပါ့၊ လုပ္တာကလည္း သူတို႔က ပုံမွန္ ကေလးေလးေတြကို ဆုံးမတတ္တယ္လို႔ေျပာတယ္ ဒီတစ္ခါေတာ့လက္လြန္သြားတဲ့သေဘာမ်ိဳးလို႔ ျမင္ပါတယ္၊ ေက်ာင္းကလြန္တာမဟုတ္ဖူး ေက်ာင္းမွာရွိတဲ့ သင္တန္းသားအခ်င္းခ်င္းျဖစ္ၾကလို႔ လက္လြန္တာ၊ တစ္ခ်ိဳ႕ကလဲ အသစ္ရွိတယ္၊ တခ်ိဳ႕ကလည္းအမႈစစ္ဖို႔ေစာင့္ေနတာ၊ သူတို႔အခ်င္းခ်င္းလုပ္တာကိုေတြ႕ရတယ္၊ လုပ္တဲ့လူအျပစ္ခံရဖို႔ဆိုတာကေတာ့ ဆက္ၿပီးေတာ့လုပ္ရမွာေပါ့ “လို႔ ဦးလွျမင့္ကေျပာပါတယ္။

ဒီေသဆုံးမႈျဖစ္စဥ္ဟာ မႏၲေလးလူငယ္ထိန္းသိမ္းေရးသင္တန္းေက်ာင္းကေနထြက္ေျပးလို႔ ကေလးႏွစ္ေယာက္ ႐ိုက္ႏွက္ခံရၿပီး လက္လြန္လို႔ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီကေလးႏွစ္ေယာက္ဟာ ခိုးမႈနဲ႔မုံ႐ြာၿမိဳ႕အမွတ္၁ရဲစခန္းမွာ ၁ႏွစ္နဲ႔၈လၾကာ အခ်ဳပ္က်ခံခဲ့ရၿပီး တရား႐ုံးအမိန႔္အရ ေထာင္ဒဏ္၂ႏွစ္က်ခံရကာ မႏၲေလးလူငယ္ထိန္းသိမ္းေရးစခန္းကို ဂ်ဴလိုင္လ ၂၆ရက္ေန႔မွာေရာက္ရွိခဲ့တာျဖစ္ပါတယ္။

လူငယ္သင္တန္းေက်ာင္းကိုေရာက္ၿပီး ၅ရက္အၾကာ ဇူလိုင္လ ၃၀ရက္ေန႔ ၊ ေန႔လယ္ထမင္းစားလႊတ္ခ်ိန္မွာ ‌ထြက္ေျပးခဲ့တာေၾကာင့္ ႐ိုက္ႏွက္ခံရၿပီး ေမာင္ျပည့္ၿဖိဳးေမာင္ (ခ)ေဒြးေပါက္စအသက္ (၁၇)ႏွစ္ ေသးဆုံးခဲ့တဲ့အျပင္ ၆ရက္အၾကာ ဩဂုတ္လ ၅ရက္ေန႔မွာေတာ့ ေမာင္ခိုင္ေဇာ္ထြန္းအသက္(၁၇)ႏွစ္လည္း ထပ္မံေသဆုံးခဲ့တာျဖစ္ပါတယ္။

ေသဆုံးသြားတဲ့ ကေလးႏွစ္ဦးနဲ႔အတူ ႐ိုက္ႏွက္ခံရတဲ့ အသက္ ၁၅ႏွစ္အ႐ြယ္ ကေလးတစ္ဦးကလည္း အခုလက္ရွိ မႏၲေလးေဆး႐ုံႀကီးမွာ ရရွိထားတဲ့ဒဏ္ရာေတြနဲ႔ ေဆး၀ါးကုသမႈ ေနဆဲျဖစ္ပါတယ္။

အခုလိုျဖစ္စဥ္ေတြေၾကာင့္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၇ရက္ေန႔က မႏၲေလးလူငယ္သင္တန္းေက်ာင္းကို ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ကေန လာေရာက္စစ္ေဆးတာေတြ ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီက စစ္ေဆးေတြ႕ရွိခ်က္ေတြ၊ အႀကံျပဳခ်က္ေတြကို အစီရင္ခံၿပီး လူမႈဝန္ထမ္းနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနကိုတင္ျပထားတယ္လို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ ဥကၠဌ ဦးလွျမင့္ရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW