ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲသာ ဝင်ရောက်ယှဉ်ပြိုင်မယ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲသာ ဝင်ရောက်ယှဉ်ပြိုင်မယ်

စစ်တွေ၊ သြဂုဏ် ၁၀-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာ ကျရောက်မယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းထားပြီး ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က (VOM)ကို ပြောပါတယ်။

သူတို့အနေနဲ့ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ လက်ရှိမြေပြင်အခြေအနေတွေအရ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ကြောင်းနဲ့ ပါတီရဲ့ ဌာနချုပ်ရှိရာ ကျောက်တော်မြို့နယ်မှာတော့ ဝင်ပြိုင်သွားမှာလို့ ပြောပါတယ်။

ALDပါတီအနေနဲ့ သံတွဲခရိုင်အတွင်းက ဂွမြို့နယ်ကလွှဲပြီး ကျန်တဲ့ တောင်ပိုင်းမြို့နယ်တွေမှာ ဝင်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပါတီဥက္ကဌက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးကျော်မြင့်ပြောပြတာက ” ကိုယ်စားလှယ်လောင်း အမည်စာရင်းက ၇ ရက်နေ့ နောက်ဆုံးဆိုတော့ အခုကတော့ အကုန်ရွေးပြီးပါပြီး။ အကုန်လုံးက (၂၆) ယောက်ရှိတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် အားလုံးပါပဲ။ မြို့နယ်ကတော့ (၇) မြို့နယ်ပေါ့။ ဂွမှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မပါဘူး။ ကိုယ်ကတော့ မျှော်မှန်းထားတာပေါ့။ ကိုယ်အရွေးခံတဲ့နေရာမှာ အနိုင်ရမယ်လို့ မျှော်လင့်ထားတာပေါ့။ ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမှုတွေကြောင့် ရခိုင်ပြည်သူလူထုဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေပါတယ်လို့ ဦးကျော်မြင့်ကထောက်ပြ ပြောဆိုထားပါတယ်။

” ပြည်သူတွေအတွက် ပြောချင်တာက ရွေးကောက်ပွဲကာလမှာ နှစ်ဖက်အပစ်အခတ်ရပ်ဖို့ပေါ့။ အဲဒါကို ကျနော်တို့အမြဲပဲ ပြောပါတယ်။ ဘာလို့ဆိုတော့ ပြည်သူတွေလည်း ဒုက္ခရောက်နေတယ်။ အဲ့ဒီလိုသာ စစ်ပွဲတွေဖြစ်နေရင် မဲဘယ်လိုလုပ်ပေးမလဲ။ ပြည်သူတွေ ရွေးကောက်ပွဲအပေါ် ဘယ်လိုလုပ် စိတ်ဝင်စားမလဲ။ ဒါကြောင့် အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်လုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ပေါ့။ အထူးသဖြင့်အစိုးရဖက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ စစ်ရပ်ဖို့အတွက် လုပ်ပေးဖို့ ပါတီအနေနဲ့ လိုလားပါတယ်။” လို့ ဦးကျော်မြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့နယ်တချို့မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေပြီး ရွှေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်ရဲ့ ဒေသအခြေအနေကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ ရခိုင္က ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ထဲသာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္

စစ္ေတြ၊ ၾသဂုဏ္ ၁၀-၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD)အေနနဲ႔ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာမွာ က်ေရာက္မယ့္ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြကို တင္သြင္းထားၿပီး ျဖစ္ေၾကာင္း ပါတီဥကၠဌ ဦးေက်ာ္ျမင့္က (VOM)ကို ေျပာပါတယ္။

သူတို႔အေနနဲ႔ လာမယ့္ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြမွာ လက္ရွိေျမျပင္အေျခအေနေတြအရ ပါဝင္ယွဥ္ၿပိဳင္မွာမဟုတ္ေၾကာင္းနဲ႔ ပါတီရဲ႕ ဌာနခ်ဳပ္ရွိရာ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာေတာ့ ဝင္ၿပိဳင္သြားမွာလို႔ ေျပာပါတယ္။

ALDပါတီအေနနဲ႔ သံတြဲခ႐ိုင္အတြင္းက ဂြၿမိဳ႕နယ္ကလႊဲၿပီး က်န္တဲ့ ေတာင္ပိုင္းၿမိဳ႕နယ္ေတြမွာ ဝင္ၿပိဳင္သြားမွာ ျဖစ္တယ္လို႔ ပါတီဥကၠဌက ေျပာပါတယ္။

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ဥကၠဌ ဦးေက်ာ္ျမင့္ေျပာျပတာက ” ကိုယ္စားလွယ္ေလာင္း အမည္စာရင္းက ၇ ရက္ေန႔ ေနာက္ဆုံးဆိုေတာ့ အခုကေတာ့ ​အကုန္ေ႐ြးၿပီးပါၿပီး။ အကုန္လုံးက (၂၆) ေယာက္ရွိတယ္။ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္ အားလုံးပါပဲ။ ၿမိဳ႕နယ္ကေတာ့ (၇) ၿမိဳ႕နယ္ေပါ့။ ဂြမွာေတာ့ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က မပါဘူး။ ကိုယ္ကေတာ့ ေမွ်ာ္မွန္းထားတာေပါ့။ ကိုယ္အေ႐ြးခံတဲ့ေနရာမွာ အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ထားတာေပါ့။ ” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမႈေတြေၾကာင့္ ရခိုင္ျပည္သူလူထုဟာ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈ နည္းပါးေနပါတယ္လို႔ ဦးေက်ာ္ျမင့္ကေထာက္ျပ ေျပာဆိုထားပါတယ္။

” ျပည္သူေတြအတြက္ ေျပာခ်င္တာက ေ႐ြးေကာက္ပြဲကာလမွာ ႏွစ္ဖက္အပစ္အခတ္ရပ္ဖို႔ေပါ့။ အဲဒါကို က်ေနာ္တို႔အၿမဲပဲ ေျပာပါတယ္။ ဘာလို႔ဆိုေတာ့ ျပည္သူေတြလည္း ဒုကၡေရာက္ေနတယ္။ အဲ့ဒီလိုသာ စစ္ပြဲေတြျဖစ္ေနရင္ မဲဘယ္လိုလုပ္ေပးမလဲ။ ျပည္သူေတြ ေ႐ြးေကာက္ပြဲအေပၚ ဘယ္လိုလုပ္ စိတ္ဝင္စားမလဲ။ ဒါေၾကာင့္ အပစ္အခတ္ရပ္စဲဖို႔ ႏွစ္ဖက္လုံးက ထိန္းထိန္းသိမ္းသိမ္း လုပ္ၾကဖို႔ေပါ့။ အထူးသျဖင့္အစိုးရဖက္က ထိန္းထိန္းသိမ္းသိမ္းနဲ႔ စစ္ရပ္ဖို႔အတြက္ လုပ္ေပးဖို႔ ပါတီအေနနဲ႔ လိုလားပါတယ္။” လို႔ ဦးေက်ာ္ျမင့္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္ရွိတဲ့အနက္ ရခိုင္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြရွိေနၿပီး ေ႐ႊးေကာက္ပြဲကာလအတြင္း ရခိုင္ျပည္နယ္ရဲ႕ ေဒသအေျခအေနကို ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW