ရန်ကုန်တိုင်းမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်နီးပါးရှိ

ရန်ကုန်တိုင်းမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်နီးပါးရှိ

ရန်ကုန်၊သြဂုတ် ၁၀-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းဦးရေ တစ်ထောင်နီးပါးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

” ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာအတွက် ၂၉၅ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ၇၂ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၉၀ အတွက် ၅၇၅ဦး၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ၇ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ၆ဦး”လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကောက်မရှင်ဥက္ကဌ ဦးကြည်မြင့်ကပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၄၃)ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၃၂)ဦးတို့က အမည်စာရင်းတင်သွင်းထားတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ညီညွတ်တဲ့ ဒီမိုကရက်တစ်ပါတီတို့က မဲဆန္ဒနယ်(၁၄၉) နေရာအကုန်လုံးကိုဝင်ပြိုင်ဖို့ အမည်စာရင်းပေးထားတယ်လို့ ဦးကြည်မြင့်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ မဲဆန္ဒနယ် (၁၄၇) နေရာ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက (၁၄၈) နေရာ၊ ပြည်သူ့ပါတီက (၄၈) နေရာ၊ ပြည်သူ့ရှေဆောင်ပါတီက (၉၈) နေရာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၉၉၅ဦးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကြည်မြင့်က ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို မနေ့ကဩဂုတ်၇ရက်နေ့မှာ နောက်ဆုံးတင်သွင်းရတာဖြစ်ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း ရုပ်သိမ်းလိုပါက ဩဂုတ်လ၁၀ရက်နေ့မှာ အမည်စာရင်းကိုရုတ်သိမ်းနိုင်ကြောင်း
ကော်မရှင်က ကြေညာထားပါတယ်။

အမည်စာရင်တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာတွေကိုဩဂုတ်၁၁ရက်နေ့ကနေ ၁၇ရက်နေ့ထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေကို ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲ့ မဲပေးခွင့်ရှိသူဦးရေ ၅၆ သိန်းထဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေက ၁ သိန်း ဝန်းကျင်ခန့်ရှိနေပြီး ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲပေးခွင့်ရှိသူ ပထမအကြိမ် မဲစာရင်းကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကြေညာထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းမွာဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္​ေလာင္း တစ္ေထာင္နီးပါးရွိ

ရန္ကုန္၊ၾသဂုတ္ ၁၀-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္တိုင္းက မဲဆႏၵနယ္ေတြမွာဝင္ၿပိဳင္ဖို႔ အမည္စာရင္းတင္သြင္းတဲ့ ကိုယ္စားလွယ္ေလာင္းဦးေရ တစ္ေထာင္နီးပါးရွိတယ္လို႔ ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

” ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၄၅ ေနရာအတြက္ ၂၉၅ဦး၊ အမ်ိဳးသားလႊတ္ေတာ္ ၁၂ ေနရာအတြက္ ၇၂ဦး၊ တိုင္းေဒသႀကီးလႊတ္ေတာ္ မဲဆႏၵနယ္ ၉၀ အတြက္ ၅၇၅ဦး၊ ကရင္တိုင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္အတြက္ ၇ဦး၊ ရခိုင္တိုင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္အတြက္ ၆ဦး”လို႔ ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာက္မရွင္ဥကၠဌ ဦးၾကည္ျမင့္ကေျပာပါတယ္။

၂၀၂၀ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီ (၄၃)ပါတီနဲ႔ တစ္သီးပုဂၢလကိုယ္စားလွယ္ (၃၂)ဦးတို႔က အမည္စာရင္းတင္သြင္းထားတာျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီနဲ႔ညီၫြတ္တဲ့ ဒီမိုကရက္တစ္ပါတီတို႔က မဲဆႏၵနယ္(၁၄၉) ေနရာအကုန္လုံးကိုဝင္ၿပိဳင္ဖို႔ အမည္စာရင္းေပးထားတယ္လို႔ ဦးၾကည္ျမင့္ကေျပာပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီကေတာ့ မဲဆႏၵနယ္ (၁၄၇) ေနရာ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက (၁၄၈) ေနရာ၊ ျပည္သူ႔ပါတီက (၄၈) ေနရာ၊ ျပည္သူ႔ေရွေဆာင္ပါတီက (၉၈) ေနရာ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး စုစုေပါင္း ကိုယ္စားလွယ္ဦးေရ ၉၉၅ဦးရွိတယ္လို႔ ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးၾကည္ျမင့္က ေျပာပါတယ္။

၂၀၂၀ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းေတြကို မေန႔ကဩဂုတ္၇ရက္ေန႔မွာ ေနာက္ဆုံးတင္သြင္းရတာျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္းအမည္စာရင္း ႐ုပ္သိမ္းလိုပါက ဩဂုတ္လ၁၀ရက္ေန႔မွာ အမည္စာရင္းကို႐ုတ္သိမ္းႏိုင္​ေၾကာင္း
ေကာ္မရွင္က ေၾကညာထားပါတယ္။

အမည္စာရင္တင္သြင္းလာတဲ့ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းလႊာေတြကိုဩဂုတ္၁၁ရက္ေန႔ကေန ၁၇ရက္ေန႔ထိ သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲေတြကို ေဆာင္႐ြက္သြားမွာလည္းျဖစ္ပါတယ္။

ရန္ကုန္တိုင္းရဲ႕ မဲေပးခြင့္ရွိသူဦးေရ ၅၆ သိန္းထဲမွာ မဲေပးခြင့္ရွိတဲ့ မသန္စြမ္းဦးေရက ၁ သိန္း ဝန္းက်င္ခန႔္ရွိေနၿပီး ၂၀၂၀ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ မဲေပးခြင့္ရွိသူ ပထမအႀကိမ္ မဲစာရင္းကိုေတာ့ ဇူလိုင္လ ၂၅ ရက္ေန႔မွာ ေၾကညာထုတ္ျပန္ေပးထားၿပီး ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW