EU မြန်ကူ ရဲ့ အရေးပေါ်ထောက်ပံ့ငွေပေးတဲ့အပေါ် လိမ်လည်တောင်းခံသူတွေရှိလာ

EU မြန်ကူ ရဲ့ အရေးပေါ်ထောက်ပံ့ငွေပေးတဲ့အပေါ် လိမ်လည်တောင်းခံသူတွေရှိလာ

ရန်ကုန်၊ ဩဂုတ် ၁၀-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကာလမှာ အလုပ်သမားတွေကိုထောက်ပံ့တဲ့ EU မြန်ကူရဲ့ အရေးပေါ်ငွေကြေးအထောက်အပံ့ပေးတာကို လိမ်လည်တောင်းခံသူတွေများလာတာကြောင့် သေချာစိစစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ EU ရဲ့ ငွေကြေးထောက်ပံ့မှုအစီစဉ်ကို လုပ်သားတွေအကြား သိရှိမှုများပြားလာတာကြောင့် အဲ့ဒီအထောက်အပံ့အပေါ် လိမ်လည် တောင်းခံချင်သူတွေလည်း များလာတာ ဖြစ်တယ်လို့ ဒီအစီစဉ်ကို အကောင်အထည်ဖော်နေတဲ့ EU မြန်ကူရဲ့ ပရောဂျက်မန်နေဂျာ မစုမွန်သဲကပြောပါတယ်။

“ အခုနောက်ပိုင်းမှာ ပိုသိလာတဲ့အတွက် လိမ်ညာပြီးတော့ တောင်းဆိုတာမျိုးတွေလည်း နည်းနည်း များလာတာတွေဖြစ်တယ်။ အစ်မတို့လည်း တော်တော်လေးကို စိစစ်ပြီး လုပ်ဆောင်နေရတာတွေလည်းရှိတယ်။ COVID က ဘယ်အချိန် ဘယ်ကာလ ပြီးဆုံးမယ် ပြန်ကောင်းလာမယ်ဆိုတာ မသိဘူး။ အစ်မတို့အနေနဲ့က လိုအပ်နေတဲ့ အလုပ်သမားတွေ စာရင်းတင်လာတာက ၁ သောင်းလောက်ရှိတယ်ဆိုရင် ၅၀၀၀ လောက်ကိုပဲ ထောက်ပံ့ပေးနိုင်တာတွေလည်း ရှိနေတယ်”လို့ မစုမွန်သဲကပြောပါတယ်။

EU မြန်ကူရဲ့ ထောက်ပံ့ငွေပေးတဲ့အစီအစဉ်ဟာ ကိုဗစ်ကာလမှာ အလုပ်အကိုင် ဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံတဝှမ်းက အမျိုးသမီး အထည်ချုပ်လုပ်သားတွေကို အဓိကထား ကူညီဆောင်ရွက်နေတာဖြစ်ပြီး အလုပ်သမားပေါင်း ၉၀၀၀၀ လောက်ကို ထောက်ပံ့မှုတွေပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

“တယောက်နဲ့တယောက်မတူဘူး။ တချို့က စက်ရုံ အချိန်ပြည့်မဆင်းရဘူး၊ လစာလည်းအပြည့်မရဘူး၊ ဒါမျိုးဆို စက်ရုံကပေးတာရဲ့ တစ်ဝက်တိတိကို ပေးတယ်။ စက်ရုံက ၈၀၀၀၀ ပေးရင် အမတို့က ၄၀၀၀၀ ပေးတယ်ဆိုတော့ အနည်းဆုံးပမာဏက အတိအကျပြောဖို့ခက်တယ်။ တစ်ယောက်ကိုပေးတာ အများဆုံးကတော့ ၁၂၅၀၀၀ ပါ။ အဲ့ထက်တော့မများပါဘူး။”လို့ မစုမွန်သဲကပြောပါတယ်။

အလုပ်သမားတစ်ဦးကို ပေးအပ်တဲ့ ထောက်ပံ့ကြေးဟာ အများဆုံး ၁၂၅၀၀၀ အထိသာဖြစ်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဖြစ်စဉ်အခြေအနေပေါ်မူတည်ပြီး အမျိုးအစား ၃ ခုခွဲခြားကာ အလုပ်သမားတွေကို စိစစ်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

” ဒီလိုအချိန်ကာလမှာ၊ ကျွန်မစက်ရုံက ပိတ်ထားတော့ ဝင်ငွေမရှိဘူး။ အဲဒီ့အတွက် ကျွန်မ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်၊ ဒါပေမယ့်မိသားစုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒီလိုအချိန်မှာ၊ ဒီ မြန်ကူ ထောက်ပံ့မှုက ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်” လို့ EU မြန်ကူရဲ့ ထောက်ပံ့ငွေရရှိသူ စက်ရုံအလုပ်သမားတစ်ဦးဖြစ်တဲ့ မအိန္ဒြာထက်ကပြောပါတယ်။

အခုဆိုရင် အီးယူ မြန်ကူရဲ့ ငွေကြေးထောက်ပံ့မှု အစီအစဉ်ကနေ လုပ်သား ဦးရေ ၅ သောင်းဝန်းကျင်ကို ထောက်ပံ့ပေးခဲ့ပြီး EU မြန်ကူ အနေနဲ့ လာမယ့် နိုဝင်ဘာ ၃ဝ ရက် အထိ တိုးမြှင့်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo – EU Myanmar
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

EU ျမန္ကူ ရဲ႕ အေရးေပၚေထာက္ပံ့ေငြေပးတဲ့အေပၚ လိမ္လည္ေတာင္းခံသူေတြ႐ွိလာ

ရန္ကုန္၊ ဩဂုတ္ ၁၀-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ကာလမွာ အလုပ္သမား​ေတြကို​ေထာက္ပံ့တဲ့ EU ျမန္ကူရဲ႕ အေရးေပၚေငြေၾကးအေထာက္အပံ့ေပးတာကို လိမ္လည္ေတာင္းခံသူေတြမ်ားလာတာေၾကာင့္ ေသခ်ာစိစစ္ေဆာင္ရြက္ေနရတယ္လို့ သိရပါတယ္။

ဥေရာပသမဂၢ EU ရဲ့ ေငြေၾကးေထာက္ပံ့မွုအစီစဥ္ကို လုပ္သားေတြအၾကား သိရွိမွုမ်ားျပားလာတာေၾကာင့္ အဲ့ဒီအေထာက္အပံ့အေပၚ လိမ္လည္ ေတာင္းခံခ်င္သူေတြလည္း မ်ားလာတာ ျဖစ္တယ္လို႔ ဒီအစီစဥ္ကို အေကာင္အထည္ေဖာ္ေနတဲ့ EU ျမန္ကူရဲ႕ ပေရာဂ်က္မန္ေနဂ်ာ မစုမြန္သဲကေျပာပါတယ္။

“ အခုေနာက္ပိုင္းမွာ ပိုသိလာတဲ့အတြက္ လိမ္ညာၿပီးေတာ့ ေတာင္းဆိုတာမ်ိဳးေတြလည္း နည္းနည္း မ်ားလာတာေတြျဖစ္တယ္။ အစ္မတို့လည္း ေတာ္ေတာ္ေလးကို စိစစ္ၿပီး လုပ္ေဆာင္ေနရတာေတြလည္းရွိတယ္။ COVID က ဘယ္အခ်ိန္ ဘယ္ကာလ ၿပီးဆုံးမယ္ ျပန္ေကာင္းလာမယ္ဆိုတာ မသိဘူး။ အစ္မတို့အေနနဲ႔က လိုအပ္ေနတဲ့ အလုပ္သမားေတြ စာရင္းတင္လာတာက ၁ ေသာင္းေလာက္ရွိတယ္ဆိုရင္ ၅၀၀၀ ေလာက္ကိုပဲ ေထာက္ပံ့ေပးနိုင္တာေတြလည္း ရွိေနတယ္”လို့ မစုမြန္သဲကေျပာပါတယ္။

EU ျမန္ကူရဲ႕ ေထာက္ပံ့ေငြေပးတဲ့အစီအစဥ္ဟာ ကိုဗစ္ကာလမွာ အလုပ္အကိုင္ ဆုံးရႈံးခဲ့ရတဲ့ ျမန္မာနိုင္ငံတဝွမ္းက အမ်ိဳးသမီး အထည္ခ်ဳပ္လုပ္သားေတြကို အဓိကထား ကူညီေဆာင္ရြက္ေနတာျဖစ္ျပီး အလုပ္သမားေပါင္း ၉၀၀၀၀ ေလာက္ကို ေထာက္ပ့ံမႈေတြေပးသြားဖို႔႐ွိတယ္လို႔လည္း သိရပါတယ္။

“တေယာက္နဲ႔တေယာက္မတူဘူး။ တခ်ိဳ႕က စက္႐ုံ အခ်ိန္ျပည့္မဆင္းရဘူး၊ လစာလည္းအျပည့္မရဘူး၊ ဒါမ်ိဳးဆို စက္႐ုံကေပးတာရဲ႕ တစ္ဝက္တိတိကို ေပးတယ္။ စက္႐ုံက ၈၀၀၀၀ ေပးရင္ အမတို႔က ၄၀၀၀၀ ေပးတယ္ဆိုေတာ့ အနည္းဆုံးပမာဏက အတိအက်ေျပာဖို႔ခက္တယ္။ တစ္ေယာက္ကိုေပးတာ အမ်ားဆုံးကေတာ့ ၁၂၅၀၀၀ ပါ။ အဲ့ထက္ေတာ့မမ်ားပါဘူး။”လို႔ မစုမြန္သဲကေျပာပါတယ္။

အလုပ္သမားတစ္ဦးကို ေပးအပ္တဲ့ ေထာက္ပံ့ေၾကးဟာ အမ်ားဆုံး ၁၂၅၀၀၀ အထိသာျဖစ္ၿပီး၊ တစ္ေယာက္နဲ႔တစ္ေယာက္ ျဖစ္စဥ္အေျခအေနေပၚမူတည္ၿပီး အမ်ိဳးအစား ၃ ခုခြဲျခားကာ အလုပ္သမားေတြကို စိစစ္ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

” ဒီလိုအခ်ိန္ကာလမွာ၊ ကြၽန္မစက္႐ုံက ပိတ္ထားေတာ့ ဝင္ေငြမရွိဘူး။ အဲဒီ့အတြက္ ကြၽန္မ လယ္လုပ္ငန္းကို လုပ္ကိုင္ခဲ့တယ္၊ ဒါေပမယ့္မိသားစုလိုအပ္ခ်က္ကို မျဖည့္ဆည္းေပးနိုင္ပါဘူး။ ဒီလိုအခ်ိန္မွာ၊ ဒီ ျမန္ကူ ေထာက္ပံ့မႈက ကြၽန္မမိသားစုရဲ႕ အေျခခံလိုအပ္ခ်က္ေတြကို ေျဖရွင္းေပးနိုင္ခဲ့ပါတယ္” လို႔ EU ျမန္ကူရဲ႕ ေထာက္ပံ့ေငြရ႐ွိသူ စက္ရုံအလုပ္သမားတစ္ဦးျဖစ္တဲ့ မအိျႏၵာထက္ကေျပာပါတယ္။

အခုဆိုရင္ အီးယူ ျမန္ကူရဲ႕ ​ေငြေျကးေထာက္ပံ့မွု အစီအစဥ္က​ေန လုပ္သား ဦးေရ ၅ ေသာင္းဝန္းက်င္ကို ​ေထာက္ပံ့ေပးခဲ့ျပီး EU ျမန္ကူ အေနနဲ႔ လာမယ့္ နိုဝင္ဘာ ၃ဝ ရက္ အထိ တိုးျမႇင့္ေထာက္ပံ့ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Photo – EU Myanmar
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW