ကိုဗစ်နိုင်တင်းကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို သုံးသောင်းကျပ်နှုန်းနဲ့ လူဦးရေ ၄၅၇၀၀၀ လောက်ကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေ

ကိုဗစ်နိုင်တင်းကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို သုံးသောင်းကျပ်နှုန်းနဲ့ လူဦးရေ ၄၅၇၀၀၀ လောက်ကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေ
နေပြည်တော်၊ သြဂုတ် ၁၁-၂၀၂၀
စွမ်းရဲထွဋ် (VOM)
ကိုဗစ်-၁၉ကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို သုံးသောင်းကျပ်နှုန်းနဲ့ လူဦးရေ ၄၅၇၀၀၀ လောက်ကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်မိုးက သတင်းမီဒီယာတွေကို ပြောပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော် PARK Royal Hotel မှာ လုပ်တဲ့ COVID – 19 ကာလ ကိုယ် ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို အသိပေးမိတ်ဆက်တဲ့အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
“ဒီ အစီအစဉ်ကို ကိုယ်ဝန်ဆောင်မိခင်တွေကိုပဲ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ လက်တလော လူမှုစီးပွားဘဝထိခိုက်တာတွေကို လျော့ချသွားနိုင်မယ်လို့ယုံကြည်ပါတယ်”လို့ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်မိုးက ပြောပါတယ်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့မှာဖြစ်ပြီး လာမယ့် စက်တင်ဘာ ဒုတိယအပတ်လောက်မှာ စတင်ပေးအပ်သွားနိုင်မှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လင်းထက်က ပြောပါတယ်။
အစီအစဉ်အကောင်အထည်ဖော်မယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီး (၉)ခုမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ တန င်္သာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ဒေသကြီးတို့ဖြစ်ပြီး ဝန်ကြီးဌာနက ခန့်မှန်းတွက် ချက်ထားတဲ့ စာရင်းတွေအရဆိုရင် နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေ ၁၇၀၀၀၊ ကချင်ပြည်နယ်မှာ ၂၄၀၀၀၊ မွန်ပြည်နယ်မှာ ၃၀၀၀၀၊ မကွေးတိုင်းဒေသကြီးမှာ  ၅၈၀၀၀၊ မန္တလေးတိုင်းဒေသကြီးမှာ ၉၂၀၀၀၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၁၀၀၀၀ ၊ ပဲခူးတိုင်းဒေသကြီးမှာ ၇၃၀၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၂၁ဝဝဝနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး (နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှာ  ၇၉၀၀၀လောက်ရှိတယ်လို့ သိရပါတယ်။
ထောက်ပံ့ငွေ ပေးအပ်ဖို့အတွက် သြဂုတ်လ ၁၁ရက်နေ့ကစပြီး စက်တင်ဘာ ၁၅ရက်နေ့ထိ အထက်ပါ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ကိုယ်ဝန်ဆောင်တွေကို စာရင်းကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထောက်ပံ့ကြေးငွေ ထုတ်ယူဖို့အတွက် ကိုယ်တိုင်သော်လည်းကောင်း၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မိတ်ဖက်အသေးစားငွေကြေးလုပ်ငန်းအဖွဲ့တွေက တဆင့် စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး နီးစပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွေနဲ့  Ngwe Bike Application အား download ရယူပြီးတော့လည်း စာရင်း ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
ထောက်ပံ့ငွေကို အကျိုးခံစားခွင့်ရှိသူတွေရဲ့ ကိုယ်ပိုင်ဘဏ်စာရင်း (ဒါမှမဟုတ်) နီးစပ်ရာ ဘဏ်ခွဲတွေ (ဒါမှမဟုတ်) မိုဘိုင်းငွေလွှဲစနစ်တွေနဲ့ သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာများတွေကတဆင့် ထောက်ပံ့ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ကုိဗစ္နုိင္တင္းကာလ ကုိယ္ဝန္ေဆာင္မိခင္တစ္ဦးကို သံုးေသာင္းက်ပ္နႈန္းနဲ႔ လူဦးေရ ၄၅၇၀၀၀ ေလာက္ကို ေငြေၾကးေထာက္ပံ့ဖုိ႔ စီစဥ္ေန
ေနၿပည္ေတာ္၊ ၾသဂုတ္ ၁၁-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ကုိဗစ္-၁၉ကာလ ကုိယ္ဝန္ေဆာင္မိခင္တစ္ဦးကို သံုးေသာင္းက်ပ္နႈန္းနဲ႔ လူဦးေရ ၄၅၇၀၀၀ ေလာက္ကို ေငြေၾကးေထာက္ပံ့ဖုိ႔ စီစဥ္ေနတယ္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ၿပန္လည္ေနရာခ်ထားေရး ဝန္ၾကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေအာင္ေက်ာ္မိုးက သတင္းမီဒီယာေတြကုိ ေၿပာပါတယ္။
ၾသဂုတ္လ ၁၁ ရက္ေန႔က ေနၿပည္ေတာ္ PARK Royal Hotel မွာ လုပ္တဲ့ COVID – 19 ကာလ ကုိယ္ ဝန္ေဆာင္မိခင္မ်ားအား ေငြေၾကးေထာက္ပံ့မႈအစီအစဥ္ကုိ အသိေပးမိတ္ဆက္တဲ့အခမ္းအနားမွာ ေၿပာခဲ့တာ ၿဖစ္ပါတယ္။
“ဒီ အစီအစဥ္ကို ကိုယ္ဝန္ေဆာင္မိခင္ေတြကိုပဲ ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ ဒီလိုေဆာင္႐ြက္ျခင္းအားျဖင့္ ျပည္သူလူထုရဲ႕ လက္တေလာ လူမႈစီးပြားဘဝထိခိုက္တာေတြကို ေလ်ာ့ခ်သြားႏိုင္မယ္လို႔ယုံၾကည္ပါတယ္”လုိ႔ ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေအာင္ေက်ာ္မိုးက ေၿပာပါတယ္။
ျပည္ေထာင္စုနယ္ေၿမ၊ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးနဲ႔ ၿပည္နယ္ ၉ ခုက ကိုယ္ဝန္ေဆာင္မိခင္ေတြကုိ ေထာက္ပံ့မွာၿဖစ္ၿပီး လာမယ့္ စက္တင္ဘာ ဒုတိယအပတ္ေလာက္မွာ စတင္ေပးအပ္သြားနုိင္မွာၿဖစ္တယ္လို႔ လူမႈဝန္ထမ္း ဦးစီးဌာန၊ လူမႈကာကြယ္ေစာင့္ေရွာက္ေရးဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္လင္းထက္က ေၿပာပါတယ္။
အစီအစဥ္အေကာင္အထည္ေဖာ္မယ့္ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး (၉)ခုမွာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္း၊ တန သၤာရီတိုင္းနဲ႔ စစ္ကိုင္းတိုင္း(နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ)ေဒသႀကီးတို႔ၿဖစ္ၿပီး ဝန္ႀကီးဌာနက ခန္႔မွန္းတြက္ ခ်က္ထားတဲ့ စာရင္းေတြအရဆိုရင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ လူဦးေရ ၁၇၀၀၀၊ ကခ်င္ျပည္နယ္မွာ ၂၄၀၀၀၊ မြန္ျပည္နယ္မွာ ၃၀၀၀၀၊ မေကြးတိုင္းေဒသၾကီးမွာ  ၅၈၀၀၀၊ မႏၲေလးတိုင္းေဒသၾကီးမွာ ၉၂၀၀၀၊ ရန္ကုန္တိုင္းေဒသႀကီးမွာ ၁၁၀၀၀၀ ၊ ပဲခူးတိုင္းေဒသၾကီးမွာ ၇၃၀၀၀၊ တနသၤာရီတိုင္းေဒသၾကီးမွာ ၂၁ဝဝဝန႔ဲ စစ္ကိုင္းတိုင္း ေဒသၾကီး (နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ) မွာ  ၇၉၀၀၀ေလာက္ရွိတယ္လုိ႔ သိရပါတယ္။
ေထာက္ပံ့ေငြ ေပးအပ္ဖုိ႔အတြက္ ၾသဂုတ္လ ၁၁ရက္ေန႔ကစၿပီး စက္တင္ဘာ ၁၅ရက္ေန႔ထိ အထက္ပါ တုိင္းေဒသၾကီးနဲ႔ ၿပည္နယ္ ၉ ခုက ကုိယ္ဝန္ေဆာင္ေတြကုိ စာရင္းေကာက္ယူသြားမွာၿဖစ္တယ္လို႔ သိရပါတယ္။
ေထာက္ပံ့ေၾကးေငြ ထုတ္ယူဖို႔အတြက္ ကိုယ္တိုင္ေသာ္လည္းေကာင္း၊ ေဆြမ်ိဳး၊ မိတ္ေဆြ၊ သူငယ္ခ်င္း၊ လူမႈဝန္ထမ္းဦးစီးဌာနရဲ့ မိတ္ဖက္အေသးစားေငြေၾကးလုပ္ငန္းအဖြဲ႕ေတြက တဆင့္ စာရင္းေပးသြင္းႏိုင္မွာၿဖစ္ၿပီး နီးစပ္ရာ လူမႈဝန္ထမ္းဦးစီးဌာန႐ုံးေတြနဲ႔  Ngwe Bike Application အား download ရယူၿပီးေတာ့လည္း စာရင္း ေပးသြင္းႏိုင္မွာၿဖစ္ပါတယ္။
ေထာက္ပံ့ေငြကို အက်ိဳးခံစားခြင့္ရွိသူေတြရဲ့ ကိုယ္ပိုင္ဘဏ္စာရင္း (ဒါမွမဟုတ္) နီးစပ္ရာ ဘဏ္ခြဲေတြ (ဒါမွမဟုတ္) မိုဘိုင္းေငြလႊဲစနစ္ေတြနဲ႔ သက္ဆိုင္ရာ၊ ရပ္ကြက္၊ ေက်း႐ြာမ်ားေတြကတဆင့္ ေထာက္ပံ့ေပးအပ္သြားမွာလည္း ၿဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW