ထိုင်းအစိုးရနဲ့ ဘုရင်စနစ်ကို ကျောင်းသားတွေဦးဆောင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြ

ထိုင်းအစိုးရနဲ့ ဘုရင်စနစ်ကို ကျောင်းသားတွေဦးဆောင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြ

ဘန်ကောက်၊ သြဂုတ် ၁၁-၂၀၂၀
မျိုးဆက်(VOM)

ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုမှာ သြဂုတ် ၁၀ ရက်ကပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူထောင်ပေါင်းများစွာပါဝင်ခဲ့ပြီး အခုလိုဆန္ဒပြတာဟာ ကျောင်းသားတွေပါဝင်တဲ့ အကြီးဆုံးဆန္ဒပြပွဲဖြစ်ကာ အစိုးရနဲ့ တော်ဝင်မိသားစုနဲ့ပတ်သက်တဲ့ ရှေးရိုးစွဲတွေအပေါ် စိန်ခေါ်လိုက်ပါတယ်။

ဗန်ကောက်မြို့ပြင်ရှိ သမာဆက်တက္ကသိုလ်မှာ ဆန္ဒပြသူ သုံးထောင်ကနေ လေးထောင်နီးပါးဟာ ဒီမိုကရေစီအဓွန့်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

သြဂုတ် ၁၀ ရက်အစောပိုင်းမှာတော့ အစိုးရထောက်ခံသူဒါဇင်များစွာဟာ ပါလီမန်အဆောက်အဦရှေ့မှာ စုဝေးခဲ့ကြပြီး ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေဟာ တော်ဝင်အသိုင်းအဝိုင်းလို့မှတ်ယူထားတဲ့ ထိုင်းဘုရင်စနစ်ကို ခြိမ်းခြောက်နိုင်တယ်လို့ သူတို့က ဆိုပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ အကဲဆတ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တဲ့ ဘုရင်စနစ်အပေါ် ရည်ညွှန်းပြောဆိုမှု တိုးပွားလာနေပြီး ဟောပြောသူတစ်ဦးကတော့ ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲသင့်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

အစိုးရကိုထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းစစ်ဘက်က နောက်ထပ်ဝင်ရောက်စွက်ဖက်မှုကို ဖြစ်ပေါ်လာနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုကို ဖန်တီးဖို့ကြိုးစားနေတယ်လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ ကျောင်းသားတွေက စွပ်စွဲနေကြပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ထိုင္းအစိုးရနဲ႔ ဘုရင္စနစ္ကို ေက်ာင္းသားေတြဦးေဆာင္ျပီး လူေထာင္ေပါင္းမ်ားစြာ ဆႏၵျပ

ဘန္ေကာက္၊ ၾသဂုတ္ ၁၁-၂၀၂၀
မ်ိဳးဆက္(VOM)

ထိုင္းနိုင္ငံတကၠသိုလ္တစ္ခုမွာ ၾသဂုတ္ ၁၀ ရက္ကျပဳလုပ္တဲ႔ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲမွာ လူေထာင္ေပါင္းမ်ားစြာပါ၀င္ခဲ႔ျပီး အခုလိုဆႏၵျပတာဟာ ေက်ာင္းသားေတြပါ၀င္တဲ႔ အၾကီးဆံုးဆႏၵျပပြဲျဖစ္ကာ အစိုးရနဲ႔ ေတာ္၀င္မိသားစုနဲ႔ပတ္သက္တဲ႔ ေရွးရိုးစြဲေတြအေပၚ စိန္ေခၚလိုက္ပါတယ္။

ဗန္ေကာက္ျမိဳ႕ျပင္ရိွ သမာဆက္တကၠသိုလ္မွာ ဆႏၵျပသူ သံုးေထာင္ကေန ေလးေထာင္နီးပါးဟာ ဒီမိုကေရစီအဓြန္႔ရွည္ပါေစလို႔ ေၾကြးေၾကာ္ခဲ႔ၾကျပီး ၂၀၁၄ ခုနွစ္မွာ အာဏာသိမ္းယူခဲ႔တဲ႔ ၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာနႈတ္ထြက္ေပးေရး ေတာင္းဆိုခဲ႔ၾကပါတယ္။

ၾသဂုတ္ ၁၀ ရက္အေစာပိုင္းမွာေတာ႔ အစိုးရေထာက္ခံသူဒါဇင္မ်ားစြာဟာ ပါလီမန္အေဆာက္အဦေရွ႕မွာ စုေ၀းခဲ႔ၾကျပီး ေက်ာင္းသားေတြရဲ႕ ဆႏၵျပမႈေတြဟာ ေတာ္၀င္အသိုင္းအ၀ိုင္းလို႔မွတ္ယူထားတဲ႔ ထိုင္းဘုရင္စနစ္ကို ျခိမ္းေျခာက္နိုင္တယ္လို႔ သူတို႔က ဆိုပါတယ္။

အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြဟာ အကဲဆတ္တဲ႔ ကိစၥရပ္တစ္ခုျဖစ္တဲ႔ ဘုရင္စနစ္အေပၚ ရည္ညႊန္းေျပာဆိုမႈ တုိးပြားလာေနျပီး ေဟာေျပာသူတစ္ဦးကေတာ႔ ဘုရင္စနစ္ကိုျပဳျပင္ေျပာင္းလဲသင္႔တယ္လို႔ ေတာင္းဆိုခဲ႔ပါတယ္။

အစိုးရကိုေထာက္ခံတဲ႔ ဆႏၵျပသူေတြဟာ ထိုင္းစစ္ဘက္က ေနာက္ထပ္၀င္ေရာက္စြက္ဖက္မႈကို ျဖစ္ေပၚလာနုိင္တဲ႔ ထိပ္တိုက္ရင္ဆိုင္ေတြ႔ဆံုမႈကို ဖန္တီးဖို႔ၾကိဳးစားေနတယ္လို႔ အစိုးရဆန္႔က်င္ေရး ဆႏၵျပ ေက်ာင္းသားေတြက စြပ္စြဲေနၾကပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW