ရန်ကုန် ကမာရွတ်မြို့မှာ ရတနာကုန်သည် လင်မယား အကြမ်းဖက် အနုကြမ်းစီးခံရ

ရန်ကုန် ကမာရွတ်မြို့မှာ ရတနာကုန်သည် လင်မယား အကြမ်းဖက် အနုကြမ်းစီးခံရ

မုံရွာ၊ သြဂုတ် ၁၁-၂၀၂၀
ကိုတိုးကြီး(VOM)

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး၊ ရတနာမြိုင်လမ်းရှိ ရွှေကွန်း ကွန်ဒို အိမ်ယာမှာနေထိုင်တဲ့ ရတနာကုန်သည် လင်မယားနှစ်ဦးကို မနေ့ သြဂုတ် ၁၀ ရက် ည၁၀ နာရီဝန်ကျင်းမှာ လူသုံးဦးရောက်လာပြီး အကြမ်းဖက်ကာ အနုကြမ်းစီးသွားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အသိုင်းအဝန်းကနေ သိရပါတယ်။

‘” ခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ အခုပဲ အခင်းဖြစ်နေရာကို သွားရောက်ပါပြီ၊ အိမ်ရှင်အမျိုးသားက ဒဏ်ရာပြင်းထန်တယ်၊ အခုထိ စကားကောင်းကောင်း မပြောနိုင်သေးဘူး၊ ကျန်တဲ့ အခြေအနေကတော့ ပြောလို့မရသေးပါဘူး ”လို့ ကမာရွတ်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မနေ့ည ၁၀ နာရီဝနိးကျင်က အကြမ်းဖက် အနုကြမ်းစီးသူတွေဟာ အဲ့ဒီ ရတနာကုန်သည် လင်မယားရဲ့နေအိမ်ကို ရောက်ရှိလာပြီး လင်မယားနှစ်ဦးစလုံးကို လက်ထိပ်ခတ် ချုပ်နှောင်ကာ ခြေတောက်တွေကို ပလပ်စတစ်ကြိုးများနဲ့ တုပ်နှောင်ခဲ့ပြီး အမျိုးသားဖြစ်သူရဲ့ ခြေတောက်ကို ဓားနဲ့ မွှန်းကာ ရတနာပစ္စည်းတွေ တောင်းယူသွားတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီ အကြမ်းဖက် အနုကြမ်းစီးမှုကို အမှုန်မှန် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုးက အနီးကပ် ကြီးကြပ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္ ကမာ႐ြတ္ၿမိဳ႕မွာ ရတနာကုန္သည္ လင္မယား အၾကမ္းဖက္ အႏုၾကမ္းစီးခံရ

မုံ႐ြာ၊ ၾသဂုတ္ ၁၁-၂၀၂၀
ကိုတိုးႀကီး(VOM)

ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ စံရိပ္ၿငိမ္မွတ္တိုင္အနီး၊ ရတနာၿမိဳင္လမ္းရွိ ေ႐ႊကြန္း ကြန္ဒို အိမ္ယာမွာေနထိ္ုင္တဲ့ ရတနာကုန္သည္ လင္မယားႏွစ္ဦးကို မေန႔ ၾသဂုတ္ ၁၀ ရက္ ည၁၀ နာရီဝန္က်င္းမွာ လူသုံးဦးေရာက္လာၿပီး အၾကမ္းဖက္ကာ အႏုၾကမ္းစီးသြားတယ္လို႔ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔အသိုင္းအဝန္းကေန သိရပါတယ္။

‘” ခ႐ိုင္ မႈခင္းႏွိမ္နင္းေရးအဖြဲ႕ အခုပဲ အခင္းျဖစ္ေနရာကို သြားေရာက္ပါၿပီ၊ အိမ္ရွင္အမ်ိဳးသားက ဒဏ္ရာျပင္းထန္တယ္၊ အခုထိ စကားေကာင္းေကာင္း မေျပာႏိုင္ေသးဘူး၊ က်န္တဲ့ အေျခအေနကေတာ့ ေျပာလို႔မရေသးပါဘူး ”လို႔ ကမာ႐ြတ္ၿမိဳ႔နယ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

မေန႔ည ၁၀ နာရီဝနိးက်င္က အၾကမ္းဖက္ အႏုၾကမ္းစီးသူေတြဟာ အဲ့ဒီ ရတနာကုန္သည္ လင္မယားရဲ႕ေနအိမ္ကို ေရာက္ရွိလာၿပီး လင္မယားႏွစ္ဦးစလံုးကို လက္ထိပ္ခတ္ ခ်ဳပ္ေႏွာင္ကာ ေျခေတာက္ေတြကို ပလပ္စတစ္ႀကိဳးမ်ားနဲ႔ တုပ္ေႏွာင္ခဲ့ၿပီး အမ်ိဳးသားျဖစ္သူရဲ႕ ေျခေတာက္ကို ဓားနဲ႔ မႊန္းကာ ရတနာပစၥည္းေတြ ေတာင္းယူသြားတာျဖစ္တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

အဲ့ဒီ အၾကမ္းဖက္ အႏုၾကမ္းစီးမႈကို အမႈန္မွန္ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕မႈးက အနီးကပ္ ႀကီးၾကပ္ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW