အမ်းတပ်နယ်မှာ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၃) ဦးအနက် တစ်ဦးကို ဆက်လက်ဖမ်းဆီးထား

အမ်းတပ်နယ်မှာ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၃) ဦးအနက် တစ်ဦးကို ဆက်လက်ဖမ်းဆီးထား

အမ်း၊ ဩဂုတ် ၁၁-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်အတွင်းရှိ အမ်းတပ်နယ်မှာ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၃) ဦးအနက် (၂) ဦးကို မနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ကျန်တစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

အမ်းတပ်နယ်အတွင်း ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုငြိမ်းလင်းဇော် (၂၄) နှစ်၊ ကိုမင်းကျော်နိုင် အသက်(၂၆) နှစ်နဲ့ ကိုကျော်မင်းထွန်း (၂၄) နှစ်တို့ဖြစ်ပြီး သူတို့အားလုံးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က သပြုချိုင်ကျေးလက်ကျန်းမာရေးဌာနက ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့သုံးယောက်ဟာ သပြုချိုင်ကျွန်း ကျောက်မြောင်းအုပ်စုကနေ ကျန်းမာရေးဌာနက သင်တန်းရှိတဲ့အတွက် အမ်းမြို့ပေါ်ကိုသွားချိန် အမ်းမှာရှိတဲ့ တပ်မတော် တပ်ပေါင်းစုဂိတ်ကနေ ဖမ်းဆီးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့ သုံးယောက်ဟာ အမ်းမြို့ပေါ်က ကျန်းမာရေးဌာနကို သင်တန်းတက်ရောက်ဖို့ သွားရာမှာ ဆိုင်ကယ်တွေနဲ့ သွားတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးခံရစဉ် သူတို့ အားလုံးကို မျက်နှာကို အဝတ်စနဲ့စည်းပြီး ခေါ်သွားကာ နောက်တစ်နေ့မှာ ကိုမင်းကျော်နိုင်နဲ့ ကိုငြိမ်းလင်းဇော်တို့ရဲ့မျက်နှာကို အဝတ်စတွေနဲ့စည်းပြီး ကားတစ်စီးနဲ့ အဖမ်းခံရတဲ့ စစ်ဆေးရေးဂိတ်နေရာမှာ ပြန်လွှတ်လိုက်တယ်လို့ တပ်မတော်ကနေ ဖမ်းဆီးခံရပြီးပြန်လွှတ်လာတဲ့ ကျေးလက်ကျန်းမာရေးဝန်ထမ်း ကိုမင်းကျော်နိုင်က VOM ကိုပြောပါတယ်။

“ ကျနော်တို့ နှစ်ယောက်ကို ပဝါစည်းပြီး ကားတစ်စီးနဲ့ ပြန်ခေါ်လာတယ်။ ပြီးတော့ ဖမ်းတဲ့ နေရာမှာပဲပြန်လွှတ်ပေးလိုက်တာ။ ကိုကျော်မင်းထွန်းကတော့ ကျန်လိုက်တယ်။ ဘာကြောင့်လဲဆိုတာမသိဘူး။ ကျနော်တို့က မိုဘိုင်း(Mobile Tablet) သင်တန်းတက်မလို့ လာကြတာ။ စစ်ဆေးတာကတော့ ကျနော်တို့ မိဘအမည်တွေ၊ ဘယ်ကလဲ၊ ရာထူးတာဝန် အဲဒါတွေအကုန်လုံး မေးတယ်။ နောက်ပြီး ကျနော်တို့ ဖုန်းတွေကိုစစ်တယ်။ စစ်ဆေးပြီး နာရီဝက်လောက်ကြာတော့ ကားအဖြူတစ်စီး ရောက်လာတယ်။ ကျနော်နဲ့ ငြိမ်းလင်းဇော်ကို ကားတစ်စီးပေါ်တက်ခိုင်းတယ်။ အဲဒီမှာ ပဝါစည်းတယ်။ ကိုကျော်မင်းထွန်းကိုတော့ နောက်ထပ်ကားတစ်စီးနဲ့ ခေါ်သွားတယ်။ စစ်ဆေးတဲ့အခါ ခြိမ်းခြောက်တာမရှိပါဘူး။ မွေးရပ် ဇာတိတွေကိုတော့ အသေအချာ မေးတာပါပဲ။” လို့ ကိုကျော်မင်းနိုင်က ပြောပြပါတယ်။

စစ်ဆေးတဲ့အခါမှာလည်း သူတို့အားလုံးကို တစ်နေရာတည်းမှာ အတူစစ်ဆေးတာမဟုတ်ဘဲ အခန်းတစ်ခုမှာထားပြီး သီးခြားစစ်ဆေးတာဖြစ်ကြောင်းနဲ့ တပ်မတော်က ပြန်လွှတ်ပေးလိုက်ရာမှာမပါဝင်တဲ့ ကိုကျော်မင်းထွန်းကို ပြန်မလွှတ်ပေးဘဲ ဘာကြောင့် ဆက်လက်ဖမ်းဆီးထားတယ်ဆိုတာကို သူတို့အနေနဲ့ မသိဘူးလို့ ပြောပြပါတယ်။

ဆက်လက်ပြီး ကျန်ရှိနေတဲ့ ကိုကျော်မင်းထွန်းအတွက်လည်း စိုးရိမ်မှုတွေရှိကြောင်းနဲ့ အာဏာပိုင်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်တယ်လို့ ကိုကျော်မင်းနိုင်ကပြောပါတယ်။

” ကျနော်တို့က ကျန်းမာရေးဝန်ထမ်းတွေပါ။ နိုင်ငံရေးနဲ့ ဆက်စပ်မှုလည်းမရှိပါဘူး။ လာတာကလည်း သင်တန်းတက်ဖို့ပဲ လာကြတာ။ အမြန်ဆုံးတော့ လွှတ်စေချင်တာပေါ့၊ ဒီမှာ သူငယ်ချင်းတွေ အားလုံးကလည်း သူ့အတွက်စိုးရိမ်နေကြတယ်။ သူကဒီမှာ ရဲစခန်းလည်းမရောက်သေးဘူး သူက အဲဒီမှာပဲ ထိန်းသိမ်းခံထားရတာ။ အဲ့ဒီလိုဆိုတော့ ပိုပြီးစိုးရိမ်တာပေါ့ ။” လို့ ကိုကျော်မင်းနိုင်က သူရဲ့စိုးရိမ်မှုကို ပြောပြပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုကျော်မင်းထွန်း ကိစ္စနဲ့ ပတ်သက်လို့ အမ်းပြည်သူ့ဆေးရုံဆရာဝန်ကြီးရဲ့ ပြောပြချက်ကို ကိုမင်းကျော်နိုင်ပြောပြတာက” ဆရာကြီးပြောတာက ကိုကျော်မင်းထွန်းလွှတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားမယ်။ အပြစ်မရှိဘူးဆိုရင်တော့ အမြန်လွှတ်ပေးဖို့ တောင်းဆိုမယ်။ အပြစ်ရှိတယ်ဆိုရင်တော့ ဥပဒေအတိုင်း ဖြေရှင်ရမှာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ အရပ်ဖက်အဖွဲ့အစည်း တွေကလည်း ကိုကျော်မင်းထွန်းကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာမသိရှိတဲ့အတွက် စိုးရိမ်မှုရှိကြောင်းနဲ့ သူ့ကိုအမြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုမျိုးလွင်ကိုဆက်သွယ်မေးမြန်းရာမှာတော့” တပ်ကဖမ်းသွားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ စုံစမ်းနေပါတယ်။ ဥပဒေအရ ကျနောတို့ ကူညီလို့ရပါတယ်။ တကယ်လို့ ရဲကို လွှဲပေးမယ်ဆိုရင်တော့ ဥပဒေလမ်းကြောင်းက ကူညီလို့ ရတာပေါ့။ အခုအချိန်မှာ သူ့ကို စုံစမ်းလို့မရတဲ့ အနေအထားမှာရှိတယ်။”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။

တပ်မတော်ကနေ ဆက်လက်ဖမ်းဆီးထားတဲ့ ဦးမောင်ကျော်စိန်ရဲ့သား ကိုကျော်မင်းထွန်းဟာ မြေပုံမြို့နယ်ဆိ၊တ်ခုန်မကျေးရွာကဖြစ်ပြီး အမ်းမြို့နယ် သပြုချိုင်ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတာ (၂) နှစ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမ်း

Zawgyi

အမ္းတပ္နယ္မွာ ဖမ္းဆီးခံရတဲ့ က်န္းမာေရးဝန္ထမ္း (၃) ဦးအနက္ တစ္ဦးကို ဆက္လက္ဖမ္းဆီးထား

အမ္း၊ ဩဂုတ္ ၁၁-၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္အလယ္ပိုင္း အမ္းၿမိဳ႕နယ္အတြင္းရွိ အမ္းတပ္နယ္မွာ ဖမ္းဆီးခံရတဲ့ က်န္းမာေရးဝန္ထမ္း (၃) ဦးအနက္ (၂) ဦးကို မေန႔ ဩဂုတ္လ ၁၀ ရက္ေန႔ မနက္ပိုင္းက ျပန္လႊတ္ေပးလိုက္ေၾကာင္းနဲ႔ က်န္တစ္ဦးကိုေတာ့ ဆက္လက္ဖမ္းဆီးထားတယ္လို႔ ဖမ္းဆီးခံရသူေတြက ေျပာပါတယ္။

အမ္းတပ္နယ္အတြင္း ဖမ္းဆီးခံရတဲ့ က်န္းမာေရးဝန္ထမ္းေတြမွာ ကိုၿငိမ္းလင္းေဇာ္ (၂၄) ႏွစ္၊ ကိုမင္းေက်ာ္ႏိုင္ အသက္(၂၆) ႏွစ္နဲ႔ ကိုေက်ာ္မင္းထြန္း (၂၄) ႏွစ္တို႔ျဖစ္ၿပီး သူတို႔အားလုံးဟာ ၿပီးခဲ့တဲ့ ဩဂုတ္လ ၉ ရက္ေန႔က သျပဳခ်ိဳင္ေက်းလက္က်န္းမာေရးဌာနက ဝန္ထမ္းေတြျဖစ္တယ္လို႔ သိရပါတယ္။

သူတို႔သုံးေယာက္ဟာ သျပဳခ်ိဳင္ကြၽန္း ေက်ာက္ေျမာင္းအုပ္စုကေန က်န္းမာေရးဌာနက သင္တန္းရွိတဲ့အတြက္ အမ္းၿမိဳ႕ေပၚကိုသြားခ်ိန္ အမ္းမွာရွိတဲ့ တပ္မေတာ္ တပ္ေပါင္းစုဂိတ္ကေန ဖမ္းဆီးထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

သူတို႔ သုံးေယာက္ဟာ အမ္းၿမိဳ႕ေပၚက က်န္းမာေရးဌာနကို သင္တန္းတက္ေရာက္ဖို႔ သြားရာမွာ ဆိုင္ကယ္ေတြနဲ႔ သြားတာျဖစ္ေၾကာင္းနဲ႔ ဖမ္းဆီးခံရစဥ္ သူတို႔ အားလုံးကို မ်က္ႏွာကို အဝတ္စနဲ႔စည္းၿပီး ေခၚသြားကာ ေနာက္တစ္ေန႔မွာ ကိုမင္းေက်ာ္ႏိုင္နဲ႔ ကိုၿငိမ္းလင္းေဇာ္တို႔ရဲ႕မ်က္ႏွာကို အဝတ္စေတြနဲ႔စည္းၿပီး ကားတစ္စီးနဲ႔ အဖမ္းခံရတဲ့ စစ္ေဆးေရးဂိတ္ေနရာမွာ ျပန္လႊတ္လိုက္တယ္လို႔ တပ္မေတာ္ကေန ဖမ္းဆီးခံရၿပီးျပန္လႊတ္လာတဲ့ ေက်းလက္က်န္းမာေရးဝန္ထမ္း ကိုမင္းေက်ာ္ႏိုင္က VOM ကိုေျပာပါတယ္။

“ က်ေနာ္တို႔ ႏွစ္ေယာက္ကို ပဝါစည္းၿပီး ကားတစ္စီးနဲ႔ ျပန္ေခၚလာတယ္။ ၿပီးေတာ့ ဖမ္းတဲ့ ေနရာမွာပဲျပန္လႊတ္ေပးလိုက္တာ။ ကိုေက်ာ္မင္းထြန္းကေတာ့ က်န္လိုက္တယ္။ ဘာေၾကာင့္လဲဆိုတာမသိဘူး။ က်ေနာ္တို႔က မိုဘိုင္း(Mobile Tablet) သင္တန္းတက္မလို႔ လာၾကတာ။ စစ္ေဆးတာကေတာ့ က်ေနာ္တို႔ မိဘအမည္ေတြ၊ ဘယ္ကလဲ၊ ရာထူးတာဝန္ အဲဒါေတြအကုန္လုံး ေမးတယ္။ ေနာက္ၿပီး က်ေနာ္တို႔ ဖုန္းေတြကိုစစ္တယ္။ စစ္ေဆးၿပီး နာရီဝက္ေလာက္ၾကာေတာ့ ကားအျဖဴတစ္စီး ေရာက္လာတယ္။ က်ေနာ္နဲ႔ ၿငိမ္းလင္းေဇာ္ကို ကားတစ္စီးေပၚတက္ခိုင္းတယ္။ အဲဒီမွာ ပဝါစည္းတယ္။ ကိုေက်ာ္မင္းထြန္းကိုေတာ့ ေနာက္ထပ္ကားတစ္စီးနဲ႔ ေခၚသြားတယ္။ စစ္ေဆးတဲ့အခါ ၿခိမ္းေျခာက္တာမရွိပါဘူး။ ေမြးရပ္ ဇာတိေတြကိုေတာ့ အေသအခ်ာ ေမးတာပါပဲ။” လို႔ ကိုေက်ာ္မင္းႏိုင္က ေျပာျပပါတယ္။

စစ္ေဆးတဲ့အခါမွာလည္း သူတို႔အားလုံးကို တစ္ေနရာတည္းမွာ အတူစစ္ေဆးတာမဟုတ္ဘဲ အခန္းတစ္ခုမွာထားၿပီး သီးျခားစစ္ေဆးတာျဖစ္ေၾကာင္းနဲ႔ တပ္မေတာ္က ျပန္လႊတ္ေပးလိုက္ရာမွာမပါဝင္တဲ့ ကိုေက်ာ္မင္းထြန္းကို ျပန္မလႊတ္ေပးဘဲ ဘာေၾကာင့္ ဆက္လက္ဖမ္းဆီးထားတယ္ဆိုတာကို သူတို႔အေနနဲ႔ မသိဘူးလို႔ ေျပာျပပါတယ္။

ဆက္လက္ၿပီး က်န္ရွိေနတဲ့ ကိုေက်ာ္မင္းထြန္းအတြက္လည္း စိုးရိမ္မႈေတြရွိေၾကာင္းနဲ႔ အာဏာပိုင္ေတြကို အျမန္ဆုံးလႊတ္ေပးဖို႔ ေတာင္းဆိုခ်င္တယ္လို႔ ကိုေက်ာ္မင္းႏိုင္ကေျပာပါတယ္။

” က်ေနာ္တို႔က က်န္းမာေရးဝန္ထမ္းေတြပါ။ ႏိုင္ငံေရးနဲ႔ ဆက္စပ္မႈလည္းမရွိပါဘူး။ လာတာကလည္း သင္တန္းတက္ဖို႔ပဲ လာၾကတာ။ အျမန္ဆုံးေတာ့ လႊတ္ေစခ်င္တာေပါ့၊ ဒီမွာ သူငယ္ခ်င္းေတြ အားလုံးကလည္း သူ႔အတြက္စိုးရိမ္ေနၾကတယ္။ သူကဒီမွာ ရဲစခန္းလည္းမေရာက္ေသးဘူး သူက အဲဒီမွာပဲ ထိန္းသိမ္းခံထားရတာ။ အဲ့ဒီလိုဆိုေတာ့ ပိုၿပီးစိုးရိမ္တာေပါ့ ။” လို႔ ကိုေက်ာ္မင္းႏိုင္က သူရဲ႕စိုးရိမ္မႈကို ေျပာျပပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ကိုေက်ာ္မင္းထြန္း ကိစၥနဲ႔ ပတ္သက္လို႔ အမ္းျပည္သူ႔ေဆး႐ုံဆရာဝန္ႀကီးရဲ႕ ေျပာျပခ်က္ကို ကိုမင္းေက်ာ္ႏိုင္ေျပာျပတာက” ဆရာႀကီးေျပာတာက ကိုေက်ာ္မင္းထြန္းလႊတ္ေျမာက္ဖို႔အတြက္ အတတ္ႏိုင္ဆုံးႀကိဳးစားမယ္။ အျပစ္မရွိဘူးဆိုရင္ေတာ့ အျမန္လႊတ္ေပးဖို႔ ေတာင္းဆိုမယ္။ အျပစ္ရွိတယ္ဆိုရင္ေတာ့ ဥပေဒအတိုင္း ေျဖရွင္ရမွာေပါ့” လို႔ ေျပာပါတယ္။

လက္ရွိမွာ အရပ္ဖက္အဖြဲ႕အစည္း ေတြကလည္း ကိုေက်ာ္မင္းထြန္းကို ဘယ္မွာ ထိန္းသိမ္းထားတယ္ဆိုတာမသိရွိတဲ့အတြက္ စိုးရိမ္မႈရွိေၾကာင္းနဲ႔ သူ႔ကိုအျမန္လႊတ္ေပးဖို႔ ေတာင္းဆိုသြားမယ္လို႔ ေျပာဆိုေနၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္းရွိ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ ကိုမ်ိဳးလြင္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့” တပ္ကဖမ္းသြားတဲ့ ေနာက္ပိုင္းမွာ က်ေနာ္တို႔ စုံစမ္းေနပါတယ္။ ဥပေဒအရ က်ေနာတို႔ ကူညီလို႔ရပါတယ္။ တကယ္လို႔ ရဲကို လႊဲေပးမယ္ဆိုရင္ေတာ့ ဥပေဒလမ္းေၾကာင္းက ကူညီလို႔ ရတာေပါ့။ အခုအခ်ိန္မွာ သူ႔ကို စုံစမ္းလို႔မရတဲ့ အေနအထားမွာရွိတယ္။”လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံ/နယ္ဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို ဆက္သြယ္ေပမယ့္ ဖုန္းမကိုင္ပါဘူး။

တပ္မေတာ္ကေန ဆက္လက္ဖမ္းဆီးထားတဲ့ ဦးေမာင္ေက်ာ္စိန္ရဲ႕သား ကိုေက်ာ္မင္းထြန္းဟာ ေျမပုံၿမိဳ႕နယ္ဆိ၊တ္ခုန္မေက်း႐ြာကျဖစ္ၿပီး အမ္းၿမိဳ႕နယ္ သျပဳခ်ိဳင္ေက်းလက္က်န္းမာေရးဌာနမွာ တာဝန္ထမ္းေဆာင္ေနတာ (၂) ႏွစ္ေက်ာ္ရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #အမ္း

Related posts

Leave a Comment

VOM News

FREE
VIEW