ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား

ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား

စစ်ကိုင်း သြဂုတ် ၁၁-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသွားတဲ့ အမျိုးသားဟာ စစ်ကိုင်းမြို့၊တကောင်းရပ် နယ်မြေ (၄)မှာနေတဲ့ ကိုသိန်းထိုက် (၃၉) နှစ်ဆိုသူ ဖြစ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)ကနေ သိရပါတယ်။

”ရတနာပုံတံတားပေါ်ကနေ ဒီနေ့ နေ့လယ် ၂ နာရီ ၂၀ မိနစ် အချိန်ခန့်ကနေ လူတစ်ဦး မြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့တယ်။ ခုန်ချသွားတဲ့သူက တကောင်းရပ်ထဲကလို့ သိရပါတယ်။သူက အရက်ကြောင် ကြောင်နေတဲ့သူလို့လည်း သိရပါတယ်။တံတားပေါ်ဘာမှမကျန်ပါဘူး။”လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသွားတဲ့ အမျိုးသားကို ပြန်လည်တွေ့ရှိဖို့အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)နဲ့ စစ်ကိုင်းခရိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေရေးကို စတင်လုပ်ဆောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား (စစ်ကိုင်း) ပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ) ပေါ်က ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ၂ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ ခုန်ချသေဆုံးမှု ၁ ကြိမ် ဖြစ်ပွားခဲ့သေးတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

ဧရာဝတီတံတား (ရတနာပုံ) ေပၚကေန အမ်ိဳးသားတစ္ဦး ဧရာဝတီျမစ္အတြင္းခုန္ခ်မႈျဖစ္ပြား

စစ္ကိုင္း ၾသဂုတ္ ၁၁-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ႕၊ ဧရာဝတီတံတား(ရတနာပုံ) စစ္ကိုင္းဘက္ျခမ္းေပၚကေန အမ်ိဳးသားတစ္ဦး ဧရာဝတီျမစ္အတြင္း ခုန္ခ်မႈ ဒီကေန႔ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့ပါတယ္။

ဧရာဝတီတံတား (ရတနာပုံ) စစ္ကိုင္းဘက္ျခမ္းေပၚကေန ဧရာဝတီျမစ္အတြင္း ခုန္ခ်သြားတဲ့ အမ်ိဳးသားဟာ စစ္ကိုင္းၿမိဳ႕၊တေကာင္းရပ္ နယ္ေျမ (၄)မွာေနတဲ့ ကိုသိန္းထိုက္ (၃၉) ႏွစ္ဆိုသူ ျဖစ္တယ္လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကိုင္း)ကေန သိရပါတယ္။

”ရတနာပုံတံတားေပၚကေန ဒီေန႔ ေန႔လယ္ ၂ နာရီ ၂၀ မိနစ္ အခ်ိန္ခန႔္ကေန လူတစ္ဦး ျမစ္အတြင္း ခုန္ခ်မႈျဖစ္ပြားခဲ့တယ္။ ခုန္ခ်သြားတဲ့သူက တေကာင္းရပ္ထဲကလို႔ သိရပါတယ္။သူက အရက္ေၾကာင္ ေၾကာင္ေနတဲ့သူလို႔လည္း သိရပါတယ္။တံတားေပၚဘာမွမက်န္ပါဘူး။”လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကိုင္း) အဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

ဧရာဝတီတံတား (ရတနာပုံ) ေပၚကေန ဧရာဝတီျမစ္အတြင္း ခုန္ခ်သြားတဲ့ အမ်ိဳးသားကို ျပန္လည္ေတြ႕ရွိဖို႔အတြက္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)နဲ႔ စစ္ကိုင္းခ႐ိုင္၊ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္ေတြဟာ ဧရာဝတီျမစ္အတြင္း ေရျပင္ရွာေဖြေရးကို စတင္လုပ္ေဆာင္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းကလည္း အင္းဝတံတား (စစ္ကိုင္း) ေပၚကေန ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ (၅)ႀကိမ္၊ ဧရာဝတီတံတား (ရတနာပုံ) ေပၚက ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ ၂ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ အတြင္းကလည္း ဧရာဝတီတံတား (ရတနာပုံ) ေပၚကေန ခုန္ခ်ေသဆုံးမႈ ၁ ႀကိမ္ ျဖစ္ပြားခဲ့ေသးတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW