ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပေါ် စိုးရိမ်ပူပန်မှု အခြေအမြစ်မရှိဘူးလို့ ရုရှားတုံ့ပြန်

ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပေါ် စိုးရိမ်ပူပန်မှု အခြေအမြစ်မရှိဘူးလို့ ရုရှားတုံ့ပြန်

မော်စကို၊ သြဂုတ်-၁၃-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှုအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ရုရှားနိုင်ငံက ပယ်ချလိုက်ပါတယ်။

အဲဒီဆေးကို လူသားတွေနဲ့ စမ်းသပ်ပြီး နှစ်လအကြာမှာ စည်းမျဉ်းဆိုင်ရာတွေကို ခွင့်ပြုပေးခဲ့တယ်လို့ ရုရှားနိုင်ငံက သြဂုတ် ၁၁ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားနိုင်ငံက ကာကွယ်ဆေးကိုအလျှင်အမြန်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ စိုးရိမ်ပူပြန်မှုတွေ အလျှင်အမြန်မြင့်တက်နေပြီး ကာကွယ်ဆေးအပေါ် သံသယရှိတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ နိုင်ငံတွေလည်း တိုးပွားလာနေပါတယ်။

ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အမေရိကန်တို့မှသိပ္ပံပညာရှင်တွေကလည်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

ရုရှားကျန်းမာရေးဝန်ကြီး မီခေးမာရာရှာကိုကတော့ အခြားနိုင်ငံတွေဟာ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးရဲ့ တိကျတဲ့ယှဉ်ပြိုင်မှုအားသာချက်တွေကို သိရှိနေပြီး လုံးဝအခြေအမြစ်မရှိတဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ကြိုးပမ်းနေကြတယ်လို့ ပြောပါတယ်။

အဲဒီကာကွယ်ဆေးပထမအသုတ်ကို လာမယ့်သီတင်းနှစ်ပတ်အတွင်း ရရှိမှာဖြစ်ပြီး ဆရာဝန်တွေကို ဦးစားပေးထိုးနှံသွားမယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးကဆိုပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #မော်စကို

Zawgyi

ကမၻာ႔ပထမဆံုး ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးအေပၚ စိုးရိမ္ပူပန္မႈ အေျခအျမစ္မရိွဘူးလို႔ ရုရွားတံု႔ျပန္

ေမာ္စကို၊ ၾသဂုတ္-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားနိုင္ငံထုတ္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးရဲ႕ ေဘးကင္းလံုျခံဳမႈအေပၚ နိုင္ငံတကာက စိုးရိမ္ပူပန္မႈေတြ ျမင္႔တက္ေနတာဟာ လံုး၀အေျခအျမစ္မရိွဘူးလို႔ ရုရွားနုိင္ငံက ပယ္ခ်လိုက္ပါတယ္။

အဲဒီေဆးကို လူသားေတြနဲ႔ စမ္းသပ္ျပီး နွစ္လအၾကာမွာ စည္းမ်ဥ္းဆိုင္ရာေတြကို ခြင္႔ျပဳေပးခဲ႔တယ္လို႔ ရုရွားနိုင္ငံက ၾသဂုတ္ ၁၁ ရက္မွာ ေၾကညာခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ္႔ ရုရွားနုိင္ငံက ကာကြယ္ေဆးကိုအလွ်င္အျမန္ထုတ္လုပ္မႈနဲ႔ ပတ္သက္ျပီး ကြ်မ္းက်င္သူေတြရဲ႕ စိုးရိမ္ပူျပန္မႈေတြ အလွ်င္အျမန္ျမင္႔တက္ေနျပီး ကာကြယ္ေဆးအေပၚ သံသယရိွတယ္လို႔ ထုတ္ေဖာ္ေျပာဆိုတဲ႔ နုိင္ငံေတြလည္း တိုးပြားလာေနပါတယ္။

ဂ်ာမနီ၊ ျပင္သစ္၊ စပိန္နဲ႔ အေမရိကန္တို႔မွသိပၸံပညာရွင္ေတြကလည္း ကာကြယ္ေဆးနဲ႔ ပတ္သက္ျပီး သတိထားၾကဖို႔ တိုက္တြန္းထားပါတယ္။

ရုရွားက်န္းမာေရး၀န္ၾကီး မီေခးမာရာရွာကိုကေတာ႔ အျခားနုိင္ငံေတြဟာ ရုရွားနုိင္ငံထုတ္ကာကြယ္ေဆးရဲ႕ တိက်တဲ႔ယွဥ္ျပိဳင္မႈအားသာခ်က္ေတြကို သိရိွေနျပီး လံုး၀အေျခအျမစ္မရိွတဲ႔ ထင္ျမင္ခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုဖို႔ ၾကိဳးပမ္းေနၾကတယ္လို႔ ေျပာပါတယ္။

အဲဒီကာကြယ္ေဆးပထမအသုတ္ကို လာမယ္႔သီတင္းနွစ္ပတ္အတြင္း ရရိွမွာျဖစ္ျပီး ဆရာ၀န္ေတြကို ဦးစားေပးထိုးနွံသြားမယ္လို႔ ရုရွားက်န္းမာေရး၀န္ၾကီးကဆိုပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW