ကျောက်တော်ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူးသေဆုံး

ကျောက်တော်ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူးသေဆုံး

ကျောက်တော်ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူးသေဆုံး

ကျောက်တော်၊ ဩဂုတ် ၁၃- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တာ်မြို့မရဲစခန်းမှာ မနေ့ ညနေ ၇ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး ကျောက်တော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦး သေဆုံးသွားခဲ့ပါတယ်။

ကျောက်တော်မြို့မှာ အရင်ကတာဝန်ကျခဲ့ဖူးတဲ့ ရဲအရာရှိတစ်ဦးပြောပြတာက
“ စခန်းမှူးကတော့ ကျသွားတာပေါ့။ ထိသွားတာပေါ့။ စခန်းမှူးက မနေ့က ဆုံးသွားတယ်။ ကျနော်တို့လည်း သတင်းကပဲ သိရတယ်။ အဲလောက်ပဲ သိရပါတယ်။ ကျန်တာမသိပါဘူး။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ဆက်သွယ်ခဲ့ ပေမယ့် မရရှိခဲ့ ပါဘူး။

ကျောက်တော်မြို့က ဒေသခံတစ်ဦးကလည်း မနေ့က ကျောက်တော်မြို့မရဲစခန်းဖက်မှာ ပစ်ခတ်သံတွေကြားကြောင်းနဲ့ အရာရှိတစ်ယောက် ပစ်ခတ်ခံရကြောင်း ပြောပါတယ်။

” အသေးစိတ်ကို ကျနော်တို့လည်း မသိဘူး။ ကြားတာကတော့ အရာရှိတစ်ယောက် ပစ်သတ်ခံရတယ်လို့ ကြားတယ်။ ၁၅ ချက် ၁၆ ချက်လောက် ပစ်တယ်။ ၇ နာရီ ၄၅ မိနစ်လောက်က နေစဖြစ်တာ။ အစတုန်းကတော့ ပစ်သံ ၂ ချက်ကြားတယ်။ ပြီးတော့ နောက်ထပ် (၃) ချက်လောက်ကြားတယ်။ နောက်ထပ် (၄) ချက်လောက်ကြားတယ်။ နောက်ထပ် ပစ်ခတ်သံတွေက ကျနော်တို့အိမ်ဖက်ကို ပစ်သလို ကြားရတယ်။” လို့ ပြောပါတယ်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ ကနဥ◌ီးသတင်းပေးပို့ချက်မှာတော့ ဒုရဲမှူးထွန်းနိုင်ဦး နဲ့ ဒုရဲအုပ်တ‌ယောက်တို့ဟာ ရဲစခန်းနဲ့မြို့နယ်ရဲတပ်ဖွဲ့ရုံးကြား လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အေအေအဖွဲ့ဝင် ၄ ယောက်က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ တင်ပြထားတာတွေ့ရပါတယ်။

ဒီကိစ္စ​နဲ့ပတ်သက်ပြီး အေအေအဖွဲ့ကို ဗီအိုအမ်က ဆက်သွယ်မရသလို သူတို့အဖွဲ့ရဲ့ တုံပြန်ချက်တွေထုတ်ပြန်တာတော့မတွေ့ရသေးပါဘူး။

ကျောက်တော်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ ကလည်း ဒုရဲအုပ်တစ်ဦးကို ရဲစခန်းကနေ မြို့သစ်ရပ်ကွက်က သူ့ရဲ့ နေအိမ်အပြန်လမ်းမှာ အမည်မသိ အမျိုးသား (၆) ဦးက ဓား၊ စကေဘာတွေနဲ့ ဝိုင်းဝန်းထိုနှက်ခံရပြီး သေဆုံးသွားတာလည်း ဖြစ်ဖူးခဲ့ ပါတယ်။

#vocieofmyanmar #VOM #ကျောက်တော် #စခန်းမှူး

Zawgyi

ေက်ာက္ေတာ္ရဲစခန္းမွာ ပစ္ခတ္မႈျဖစ္ၿပီး စခန္းမႉးေသဆုံး

ေက်ာက္ေတာ္၊ ဩဂုတ္ ၁၃- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္တာ္ၿမိဳ႕မရဲစခန္းမွာ မေန႔ ညေန ၇ နာရီေလာက္က ပစ္ခတ္မႈေတြျဖစ္ပြားၿပီး ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းက စခန္းမႉး ဒုရဲမႉး ထြန္းႏိုင္ဦး ေသဆုံးသြားခဲ့ပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕မွာ အရင္ကတာဝန္က်ခဲ့ဖူးတဲ့ ရဲအရာရွိတစ္ဦးေျပာျပတာက
“ စခန္းမႉးကေတာ့ က်သြားတာေပါ့။ ထိသြားတာေပါ့။ စခန္းမႉးက မေန႔က ဆုံးသြားတယ္။ က်ေနာ္တို႔လည္း သတင္းကပဲ သိရတယ္။ အဲေလာက္ပဲ သိရပါတယ္။ က်န္တာမသိပါဘူး။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးကို ဆက္သြယ္ခဲ့ ေပမယ့္ မရရွိခဲ့ ပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕က ေဒသခံတစ္ဦးကလည္း မေန႔က ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းဖက္မွာ ပစ္ခတ္သံေတြၾကားေၾကာင္းနဲ႔ အရာရွိတစ္ေယာက္ ပစ္ခတ္ခံရေၾကာင္း ေျပာပါတယ္။

” အေသးစိတ္ကို က်ေနာ္တို႔လည္း မသိဘူး။ ၾကားတာကေတာ့ အရာရွိတစ္ေယာက္ ပစ္သတ္ခံရတယ္လို႔ ၾကားတယ္။ ၁၅ ခ်က္ ၁၆ ခ်က္ေလာက္ ပစ္တယ္။ ၇ နာရီ ၄၅ မိနစ္ေလာက္က ေနစျဖစ္တာ။ အစတုန္းကေတာ့ ပစ္သံ ၂ ခ်က္ၾကားတယ္။ ၿပီးေတာ့ ေနာက္ထပ္ (၃) ခ်က္ေလာက္ၾကားတယ္။ ေနာက္ထပ္ (၄) ခ်က္ေလာက္ၾကားတယ္။ ေနာက္ထပ္ ပစ္ခတ္သံေတြက က်ေနာ္တို႔အိမ္ဖက္ကို ပစ္သလို ၾကားရတယ္။” လို႔ ေျပာပါတယ္။

သက္ဆိုင္ရာရဲတပ္ဖြဲ႕ရဲ႕ ကနဥ◌ီးသတင္းေပးပို႔ခ်က္မွာေတာ့ ဒုရဲမႉးထြန္းႏိုင္ဦး နဲ႔ ဒုရဲအုပ္တ‌ေယာက္တို႔ဟာ ရဲစခန္းနဲ႔ၿမိဳ႕နယ္ရဲတပ္ဖြဲ႕႐ုံးၾကား လက္ဘက္ရည္ဆိုင္မွာ ထိုင္ေနတုန္း ေအေအအဖြဲ႕ဝင္ ၄ ေယာက္က ေသနတ္နဲ႔ပစ္ခတ္လို႔ ေသဆုံးသြားတယ္လို႔ တင္ျပထားတာေတြ႕ရပါတယ္။

ဒီကိစၥ​နဲ႔ပတ္သက္ၿပီး ေအေအအဖြဲ႕ကို ဗီအိုအမ္က ဆက္သြယ္မရသလို သူတို႔အဖြဲ႕ရဲ႕ တုံျပန္ခ်က္ေတြထုတ္ျပန္တာေတာ့မေတြ႕ရေသးပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ၿပီးခဲ့တဲ့ ဇြန္လ ၁၃ ရက္ေန႔ ကလည္း ဒုရဲအုပ္တစ္ဦးကို ရဲစခန္းကေန ၿမိဳ႕သစ္ရပ္ကြက္က သူ႔ရဲ႕ ေနအိမ္အျပန္လမ္းမွာ အမည္မသိ အမ်ိဳးသား (၆) ဦးက ဓား၊ စေကဘာေတြနဲ႔ ဝိုင္းဝန္းထိုႏွက္ခံရၿပီး ေသဆုံးသြားတာလည္း ျဖစ္ဖူးခဲ့ ပါတယ္။

#vocieofmyanmar #VOM #ေက်ာက္ေတာ္ #စခန္းမႉး

Related posts

Leave a Comment

VOM News

FREE
VIEW