ဘရာဇီးကနေ တရုတ်ကိုပို့တဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့

ဘရာဇီးကနေ တရုတ်ကိုပို့တဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့

ပေကျင်း၊ သြဂုတ်-၁၃-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန်ကျန်းမြို့မှာ ဘရာဇီးနိုင်ငံကနေ တရုတ်နိုင်ငံကို တင်သွင်းတဲ့ အေးခဲကြက်တောင်ပံနမူနာတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရှန်ကျန်းမြို့တာဝန်ရှိသူတွေက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိတဲ့ အဲ့ဒီအေးခဲကြက်သားတွေနဲ့ ထိတွေ့ခဲ့တဲ့သူအားလုံးကို ရှန်ကျန်းအာဏာပိုင်တွေက ခြေရာခံ စမ်းသပ်စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှုမရှိဘူးလို့ဆိုပါတယ်။

တရုတ်နိုင်ငံကို အီကွေဒေါနိုင်ငံကနေ တင်သွင်းတဲ့ အေးခဲပုဇွန်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှန်မန်၊ ဒါလီယန်ဆိပ်ကမ်းမြို့တွေအပါဝင် အခြားတရုတ်မြို့ကြီးတွေမှာလည်း ဇူလိုင်လအတွင်းက ဒီလိုဖြစ်စဉ်တွေကြောင့် အီကွေဒေါနိုင်ငံကနေ ပုဇွန်တင်သွင်းမှုတွေကို တရုတ်အစိုးရက ချက်ချင်းရပ်တန့်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဝူဟန်မြိုကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံအတွင်းမှာ ဇွန်လအတွင်းက ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အဓိကဆိပ်ကမ်းတွေမှာရှိတဲ့ အသားနဲ့ ပင်လယ်စာတင်သွင်းမှုတွေကို တရုတ်အစိုးရက တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

Ref : Reuters
Photo: VCG
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

ဘရာဇီးကေန တရုတ္ကိုပို႔တဲ႔ ေအးခဲၾကက္ေတာင္ပံေတြမွာ ကိုရိုနာဗိုင္းရပ္စ္ေတြ႔

ေပက်င္း၊ ၾသဂုတ္-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံေတာင္ပိုင္း၊ ရွန္က်န္းျမိဳ႕မွာ ဘရာဇီးနိုင္ငံကေန တရုတ္နိုင္ငံကို တင္သြင္းတဲ႔ ေအးခဲၾကက္ေတာင္ပံနမူနာတစ္ခုမွာ ကိုရိုနာဗိုင္းရပ္စ္ကို စစ္ေဆးေတြ႔ရိွခဲ႔တယ္လို႔ ရွန္က်န္းျမိဳ႕တာ၀န္ရိွသူေတြက ၾသဂုတ္ ၁၃ ရက္မွာ ေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္နိုင္ေျခရိွတဲ႔ အဲ့ဒီေအးခဲၾကက္သားေတြနဲ႔ ထိေတြ႔ခဲ႔တဲ႔သူအားလံုးကို ရွန္က်န္းအာဏာပိုင္ေတြက ေျခရာခံ စမ္းသပ္စစ္ေဆးခဲ႔ရာ ဗိုင္းရပ္စ္ကူးစက္မႈမရိွဘူးလို႔ဆိုပါတယ္။

တရုတ္နုိင္ငံကို အီေကြေဒါနုိင္ငံကေန တင္သြင္းတဲ႔ ေအးခဲပုဇြန္ေတြမွာလည္း ကိုရိုနာဗိုင္းရပ္စ္ကို စစ္ေဆးေတြ႔ရိွခဲ႔တယ္လို႔ တရုတ္နိုင္ငံ ၾသဂုတ္ ၁၂ ရက္မွာ ထုတ္ျပန္ထားပါတယ္။

ရွန္မန္၊ ဒါလီယန္ဆိပ္ကမ္းျမိဳ႕ေတြအပါ၀င္ အျခားတရုတ္ျမိဳ႕ၾကီးေတြမွာလည္း ဇူလိုင္လအတြင္းက ဒီလိုျဖစ္စဥ္ေတြေၾကာင္႔ အီေကြေဒါနိုင္ငံကေန ပုဇြန္တင္သြင္းမႈေတြကို တရုတ္အစိုးရက ခ်က္ခ်င္းရပ္တန္႔ခဲ႔ပါတယ္။

တရုတ္နိုင္ငံမွာ ၀ူဟန္ျမိဳကေနစတင္ျဖစ္ပြားခဲ႔တဲ႔ ကိုရိုနာဗိုင္းရပ္စ္ဟာ နိုင္ငံအတြင္းမွာ ဇြန္လအတြင္းက ကူးစက္မႈေတြ ျပန္လည္ျဖစ္ပြားခဲ႔တာေၾကာင္႔ အဓိကဆိပ္ကမ္းေတြမွာရိွတဲ႔ အသားနဲ႔ ပင္လယ္စာတင္သြင္းမႈေတြကို တရုတ္အစိုးရက တင္းတင္းၾကပ္ၾကပ္ စစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္။

Ref : Reuters
Photo: VCG
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW