၂၀၂၀ ရွေးကောက်ပွဲမှာ မသန်စွမ်းဦးရေ တစ်သိန်းနဲ့အထက် မဲပေးနိုင်ဖို့မျှော်မှန်း

၂၀၂၀ ရွေးကောက်ပွဲမှာ မသန်စွမ်းဦးရေ တစ်သိန်းနဲ့အထက် မဲပေးနိုင်ဖို့မျှော်မှန်း

ရန်ကုန်၊ သြဂုတ် ၁၄-၂၀၂၀
ကျော်ကျော်(VOM)

နိုဝင်ဘာမှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းဦးရေ တစ်သိန်းနဲ့အထက် မဲပေးနိုင်ဖို့မျှော်မှန်းထားတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းဦးရေ ၅၀၀ ကနေ ၈၀၀ ကြားသာမဲပေးနိုင်ခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းမှာတော့ မသန်စွမ်းဦးရေ ရှစ်သောင်းကျော်ပါဝင်နေတာဖြစ်ပြီး တစ်သိန်းခန့်အထိ မဲပေးနိုင်ဖို့မျှော်မှန်းထားတာဖြစ်ပါတယ်။

“မသန်စွမ်းဦးရေတစ်သိန်းအထက်ကို မဲပေးနိုင်ဖို့မှန်းထားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ရော အရပ်ဖက် အဖွဲ့စည်းတွေနဲ့ရော ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲပေချင်တဲ့ မသန်စွမ်းသူဦးရေအများကြီးတက်လာပါတယ်”လို့ ဦးမြတ်သူဝင်းကပြောပါတယ်။

နိုင်ငံရဲ့ အရွေ့တစ်ခုဖြစ်တဲ့ ၅နှစ်တစ်ခါသာကြုံ့တွေ့ရတဲ့ ရွေးကောက်ပွဲမှာ မသန်စွမ်းတွေလည်းမဲပေးဖို့ နိုင်ငံသားအခွင့်အရေးပေးအပ်ထားတာဖြစ်တဲ့အတွက် ပထမအသုတ်အခြေခံမဲစာရင်းထဲမှာ ကျန်ရှိခဲ့တဲ့သူတွေ နီးစပ်ရာမသန်စွမ်းအဖွဲ့တွေကို ဆက်သွယ်ဖို့လိုတယ်လို့ ဦးမြတ်သူဝင်းက အကြံပြုပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအပါအဝင် သွားလာရခက်ခဲတဲ့သူတွေ အဆင်ပြေစွာမဲပေးနိုင်ဖို့ ရန်ကုန်တိုင်းအတွင်းက မဲရုံတွေအားလုံးကို မြေညီထပ်မှာသာ ထားရှိရေးကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းထားတယ်လို့လည်း သိရပါတယ်။

“မဲစာရင်းတော့ သွားမကြည့်ရသေးဘူး။ ရွေးကောက်ပွဲမှာ မဲထည့်ဖို့တော့ အစီအစဉ်ရှိပါတယ်။ မသန်စွမ်းတစ်ယောက်ဖြစ်နေပေမယ့် နိုင်ငံသားတစ်ယောက်အနေနဲ့ရော၊ အားလုံးအတွက်ရော မဲပေးသင့်တယ်လို့ ထင်ပါတယ်”လို့ မသန်စွမ်းတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ငြိမ်းက ပြောပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ မြို့နယ် ၅၀ က မသန်စွမ်းအဖွဲ့အစည်းကိုယ်စားလှယ်တွေကိုဖိတ်ခေါ်ပြီး မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေခြင်းနဲ့ မသန်စွမ်းသူတွေကို မဲစာရင်းတွေစစ်ဆေးဖို့ တိုက်တွန်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။

Photo-ရွှေမင်းသားဖောင်ဒေးရှင်း
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

၂၀၂၀ ေရြးေကာက္ပြဲမွာ မသန္စြမ္းဦးေရ တစ္သိန္းနဲ႔အထက္ မဲေပးႏုိင္ဖို႔ေမွ်ာ္မွန္း

ရန္ကုန္၊ ၾသဂုတ္ ၁၄-၂၀၂၀
ေက်ာ္ေက်ာ္(VOM)

ႏုိ၀င္ဘာမွာက်င္းပမယ့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ မသန္စြမ္းဦးေရ တစ္သိန္္းနဲ႔အထက္ မဲေပးႏုိင္ဖို႔ေမွ်ာ္မွန္းထားတယ္လို႔ ေရႊမင္းသားေဖာင္ေဒးရွင္း(ျမန္မာ)ဥကၠ႒ ဦးျမတ္သူ၀င္းက ေျပာပါတယ္။

ၿပီးခဲ့တဲဲ့ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲမွာ မသန္စြမ္းဦးေရ ၅၀၀ ကေန ၈၀၀ ၾကားသာမဲေပးႏုိင္ခဲဲ့ေပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ အေျခခံမဲစာရင္းမွာေတာ့ မသန္စြမ္းဦးေရ ရွစ္ေသာင္းေက်ာ္ပါ၀င္ေနတာျဖစ္ၿပီီး တစ္သိန္းခန္႔အထိ မဲေပးႏိုင္ဖို႔ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

“မသန္စြမ္းဦးေရတစ္သိန္းအထက္ကို မဲေပးႏုိင္ဖို႔မွန္းထားတယ္။ အဲ့ဒါနဲ႔ပတ္သက္ၿပီီး ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ေရာ အရပ္ဖက္ အဖြဲ႕စည္းေတြနဲ႔ေရာ ညွိႏိႈင္းေဆာင္ရြက္ေနတာရွိတယ္။ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲနဲ႔ ႏိႈင္းယွဥ္ရင္ လာမယ့္ေရြးေကာက္ပြဲမွာ မဲေပခ်င္တဲ့ မသန္စြမ္းသူဦးေရအမ်ားႀကီးတက္လာပါတယ္”လို႔ ဦးျမတ္သူ၀င္းကေျပာပါတယ္။

နုိင္ငံရဲ႕ အေရြ႕တစ္ခုျဖစ္တဲ့ ၅နွစ္တစ္ခါသာၾကံဳ႕ေတြ႕ရတဲ့ ေရြးေကာက္ပြဲမွာ မသန္စြမ္းေတြလည္းမဲေပးဖို႔ ႏုိိင္ငံသားအခြင့္အေရးေပးအပ္ထားတာျဖစ္တဲ့အတြက္ ပထမအသုတ္အေျခခံမဲစာရင္းထဲမွာ က်န္ရွိခဲဲ့တဲ့သူေတြ နီးစပ္ရာမသန္စြမ္းအဖြဲ႕ေတြကို ဆက္သြယ္ဖို႔လိုတယ္လို႔ ဦးျမတ္သူဝင္းက အၾကံျပဳေျပာပါတယ္။

၂၀၂၀ ေရြးေကာက္္ပြဲမွာ မသန္စြမ္းသူေတြအပါအ၀င္ သြားလာရခက္ခဲတဲ့သူေတြ အဆင္ေျပစြာမဲေပးႏုိင္ဖို႔ ရန္ကုန္တိုင္းအတြင္းက မဲရံုေတြအားလံုးကို ေျမညီထပ္မွာသာ ထားရွိေရးကိုလည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ညွိနိႈင္းထားတယ္လို႔လည္း သိရပါတယ္။

“မဲစာရင္းေတာ့ သြားမၾကည့္ရေသးဘူး။ ေရြးေကာက္ပြဲမွာ မဲထည့္ဖို႔ေတာ့ အစီအစဥ္ရွိပါတယ္။ မသန္စြမ္းတစ္ေယာက္ျဖစ္ေနေပမယ့္ ႏုိင္္ငံသားတစ္ေယာက္အေနနဲဲ႔ေရာ၊ အားလံုးအတြက္ေရာ မဲေပးသင့္တယ္လို႔ ထင္ပါတယ္”လို႔ မသန္စြမ္းတစ္ဦးျဖစ္တဲ့ ဦးေမာင္ေမာင္ၿငိမ္းက ေျပာပါတယ္။

ေရႊမင္းသားေဖာင္ေဒးရွင္း(ျမန္မာ)အေနနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၅၀ က မသန္စြမ္းအဖြဲ႕အစည္းကိုယ္စားလွယ္ေတြကိုဖိတ္ေခၚၿပီး မဲဆႏၵရွင္အသိပညာေပးလက္ကမ္းစာေစာင္ေတြျဖန္႔ေ၀ျခင္းနဲ႔ မသန္စြမ္းသူေတြကို မဲစာရင္းေတြစစ္ေဆးဖို႔ တိုက္တြန္းတာေတြလုပ္ေနတယ္လို႔ သိရပါတယ္။

Photo-ေရႊမင္းသားေဖာင္ေဒးရွင္း
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW