ကျောက်တန်း စစ်ဆေးရေးဂိတ်မှာ AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိ

ကျောက်တန်း စစ်ဆေးရေးဂိတ်မှာ AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိ

စစ်တွေ ၊ သြဂုတ် ၁၄ – ၂၀၂၀
ကိုတိုးကြီး (VOM)

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ AA အဖွဲ့ဝင်သုံးဦးကို မူးယစ်စိတ်ကြွ ရူးသွပ်ဆေးပြားတွေနဲ့ သြဂုတ်လ ၁၂ရက်နေ့က ဖမ်းဆီးရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ် ။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်မှုခင်းအကူဌာနစိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာဖြစ်တယ် ၊ AA ယူနီဖောင်း (၁)စုံ ၊AA နဲ့ဆက်သွယ်ပြောဆိုထားတာတဲ့ ဆက်သွယ်ရေးမှတ်တမ်းပါ ဖုန်း(၂)လုံး ၊ပိုက်ဆံ(၁၂) သိန်းနဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၆၀၀)ပြား ၊ ကာလတန်ဖိုးကတော့ ငွေကျပ် (၃၉၂) သိန်းဖြစ်တယ် ” လို့ပြောပါတယ်။

ပုဏ္ဏားကျွန်းဘက်နေ စစ်တွေမြို့ဘက်ကို မောင်းနှင်လာတဲ့ သုံးဘီးယာဉ်ကို ကျောက်တန်းပူးပေါင်းစစ်ဆေးရေး လုံခြုံရေးဂိတ်က တားဆီးစစ်ဆေးတဲ့အခါ အဲ့ဒီ သုံးဘီးယာဉ်ပေါ်လိုက်ပါလာတဲ့ စစ်တွေမြို့နေ ဦးကျော်ကျော် (ယာဉ်မောင်း) ၊ စစ်တွေမြို့နေ ဦးသာဇံ နဲ့ မြေပုံမြို့နယ် ၊တမ်ရာရွာနေ ဦးမောင်ပု ဆီကနေ အဲ့ဒီ ပစ္စည်းတွေကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ ပူးပေါင်းစစ်ဆေးရေးဂိတ်က အတည်ပြုပြောပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ လူသုံးဦးကို တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်ကနေ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဆီကို လွဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ည ၈ နာရီကျော်အချိန်က ကျောက်တန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးဟာ AA အဖွဲ့ဝင် လူလေးဦးရဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Photo – ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး
#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ေက်ာက္တန္း စစ္ေဆးေရးဂိတ္မွာ AA လက္နက္ကိုင္အဖြဲ႔၀င္ ၃ ဦးကို မူးယစ္ေဆး၀ါးေတြနဲ႔ ဖမ္းဆီးရမိ

စစ္ေတြ ၊ ၾသဂုတ္ ၁၄ – ၂၀၂၀
ကိုတိုးၾကီး (VOM)

ရခိုင္ျပည္နယ္ ၊ စစ္ေတြျမိဳ႕နယ္ ေက်ာက္တန္းပူးေပါင္းစစ္ေဆးေရးဂိတ္မွာ AA အဖြဲ႔ဝင္သံုးဦးကို မူးယစ္စိတ္ၾကြ ရူးသြပ္ေဆးျပားေတြနဲ႔ ၾသဂုတ္လ ၁၂ရက္ေန႔က ဖမ္းဆီးရရွိခဲ႔တယ္လို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုးကေန သိရပါတယ္ ။

ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုး ျပည္နယ္မႈခင္းအကူဌာနစိပ္မွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ ရဲအရာရွိတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ ၁၂ ရက္ေန႔ မြန္းလြဲ ၂ နာရီေလာက္က ေက်ာက္တန္း ပူးေပါင္းစစ္ေဆးေရးဂိတ္မွာ ဖမ္းမိတာျဖစ္တယ္ ၊ AA ယူနီေဖာင္း (၁)စံု ၊AA နဲ႔ဆက္သြယ္ေျပာဆိုထားတာတဲ႔ ဆက္သြယ္ေရးမွတ္တမ္းပါ ဖုန္း(၂)လံုး ၊ပိုက္ဆံ(၁၂) သိန္းနဲ႔ စိတ္ၾကြရူးသြပ္ေဆးျပား (၁၉၆၀၀)ျပား ၊ ကာလတန္ဖိုးကေတာ႔ ေငြက်ပ္ (၃၉၂) သိန္းျဖစ္တယ္ ” လို႔ေျပာပါတယ္။

ပုဏၰားကၽြန္းဘက္ေန စစ္ေတြျမိဳ႕ဘက္ကို ေမာင္းႏွင္လာတဲ႔ သံုးဘီးယာဥ္ကို ေက်ာက္တန္းပူးေပါင္းစစ္ေဆးေရး လံုျခံဳေရးဂိတ္က တားဆီးစစ္ေဆးတဲ႔အခါ အဲ႔ဒီ သံုးဘီးယာဥ္ေပၚလိုက္ပါလာတဲ႔ စစ္ေတြျမိဳ႕ေန ဦးေက်ာ္ေက်ာ္ (ယာဥ္ေမာင္း) ၊ စစ္ေတြျမို႕ေန ဦးသာဇံ နဲ႔ ေျမပံုျမိဳ႕နယ္ ၊တမ္ရာရြာေန ဦးေမာင္ပု ဆီကေန အဲ႔ဒီ ပစၥည္းေတြကို ဖမ္းဆီးရမိတာျဖစ္တယ္လို႔ ပူးေပါင္းစစ္ေဆးေရးဂိတ္က အတည္ျပဳေျပာပါတယ္။

မူးယစ္ေဆး၀ါးေတြနဲ႔အတူ ဖမ္းဆီးရမိတဲ႔ လူသံုးဦးကို တရားဥပေဒအရ ဆက္လက္အေရးယူနိုင္ဖို႔ ေက်ာက္တန္း ပူးေပါင္းစစ္ေဆးေရးဂိတ္ကေန ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ဆီကို လြဲေျပာင္းေပးလိုက္တယ္လို႔ သိရပါတယ္။

ဒါ႔အျပင္ အဲ႔ဒီေန႔ည ၈ နာရီေက်ာ္အခ်ိန္က ေက်ာက္တန္းျမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ထြန္းနိုင္ဦးဟာ AA အဖြဲ႔၀င္ လူေလးဦးရဲ႕ ေသနတ္နဲ႔ ပစ္ခတ္လုပ္ၾကံမႈကို ခံခဲ့ရျပီး ေသဆံုးသြားခဲ႔တယ္လို႔ သိရပါတယ္။

Photo – ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ရံုး
#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW