မော်လမြိုင် တရားရုံးဝင်းထဲမှာ ရှေ့နေအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဝက်အူလှည့်နဲ့ ဝင်ထိုး

မော်လမြိုင် တရားရုံးဝင်းထဲမှာ ရှေ့နေအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဝက်အူလှည့်နဲ့ ဝင်ထိုး

နေပြည်တော်၊ဩဂုတ် ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တရားရုံးဝင်းထဲမှာ ဩဂုတ်လ ၁၃ ရက်နေ့ည‌နေပိုင်းက တရားလွှတ်တော်ရှေ့နေအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဝက်အူလှည့်နဲ့ဝင်ထိုးခဲ့လို့ ‌မော်လမြိုင်‌‌ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ မော်လမြိုင်လူမှုကူညီရေးအဖွဲ့မှ ဦးအောင်လင်းယုက ပြောပါတယ်။

“အခုလက်ရှိတော့ မော်လမြိုင်ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးထားရပါတယ်။ ထိုးသွင်းဒဏ်ရာ‌နှစ်ချက်ရှိပြီး အနည်းငယ်သက်သာလာပြီလို့သိရပါတယ်”လို့ ဦးအောင်လင်းယုက ပြောပါတယ်။

အဆိုပါညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ မော်လမြိုင်မြို့နယ် တရားရုံးဝင်းအတွင်းက ဆိုင်တစ်‌ဆိုင်မှာထိုင်နေတဲ့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးကို ဝင်းမြင့်ဆိုသူက ဝက်အူလှည့်နဲ့ဝင်ထိုးပြီး ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပါတယ်။

အမျိုးသမီးရဲ့ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာလက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာတို့ရရှိခဲ့ပြီး အခင်းဖြစ်ပြီးညမှပဲ ဖမ်းဆီးရမိခဲ့တယ်လို့ မော်လမြိုင်မြို့မရဲစခန်းကနေ သိရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဝင်းမြင့်ဆိုသူကို မော်လမြိုင်မြို့မရဲစခန်းမှာ (ပ)၅၅၅/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၇ နဲ့အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo -မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့
#voiceofmyanmar #VOM #မော်လမြိုင်

Zawgyi

ေမာ္လၿမိဳင္ တရား႐ုံးဝင္းထဲမွာ ေရွ႕ေနအမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားတစ္ဦးက ဝက္အူလွည့္နဲ႔ ဝင္ထိုး

ေနျပည္ေတာ္၊ဩဂုတ္ ၁၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ တရား႐ုံးဝင္းထဲမွာ ဩဂုတ္လ ၁၃ ရက္ေန႔ည‌ေနပိုင္းက တရားလႊတ္ေတာ္ေရွ႕ေနအမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားတစ္ဦးက ဝက္အူလွည့္နဲ႔ဝင္ထိုးခဲ့လုိ႔ ‌ေမာ္လၿမိဳင္‌‌ေဆးရံုႀကီးမွာ ေဆးကုသမႈခံေနရတယ္လို႔ ေမာ္လၿမိဳင္လူမႈကူညီေရးအဖြဲ႕မွ ဦးေအာင္လင္းယုက ေျပာပါတယ္။

“အခုလက္ရွိေတာ့ ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ ပို႔ေဆာင္ကုသေပးထားရပါတယ္။ ထိုးသြင္းဒဏ္ရာ‌ႏွစ္ခ်က္ရွိၿပီး အနည္းငယ္သက္သာလာၿပီလို႔သိရပါတယ္”လို႔ ဦးေအာင္လင္းယုက ေျပာပါတယ္။

အဆိုပါညေန ၃ နာရီ ၄၅ မိနစ္ခန႔္မွာ ေမာ္လၿမိဳင္ၿမိဳ႕နယ္ တရား႐ုံးဝင္းအတြင္းက ဆိုင္တစ္‌ဆိုင္မွာထိုင္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန အမ်ိဳးသမီးတစ္ဦးကို ဝင္းျမင့္ဆိုသူက ဝက္အူလွည့္နဲ႔ဝင္ထိုးၿပီး ထြက္ေျပးတိမ္းေရွာင္သြားတာျဖစ္ပါတယ္။

အမ်ိဳးသမီးရဲ႔ဝမ္းဗိုက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ညာလက္ေမာင္း ထိုးသြင္းဒဏ္ရာတစ္ခ်က္နဲ႔ လက္ေကာက္ဝတ္ ျပတ္ရွဒဏ္ရာတို႔ရရွိခဲ့ၿပီး အခင္းျဖစ္ၿပီးညမွပဲ ဖမ္းဆီးရမိခဲ့တယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

အဲ့ဒီအမႈနဲ႔ပတ္သက္ၿပီး ဝင္းျမင့္ဆိုသူကို ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းမွာ (ပ)၅၅၅/၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ – ၃၀၇ နဲ႔အမႈဖြင့္ဖမ္းဆီးစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Photo -ေမာ္လၿမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔
#voiceofmyanmar #VOM #ေမာ္လၿမိဳင္

Related posts

Leave a Comment

VOM News

FREE
VIEW