သထုံမြို့မှာ ကျပ်သိန်းပေါင်း ၄သိန်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ

သထုံမြို့မှာ ကျပ်သိန်းပေါင်း ၄သိန်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ

နေပြည်‌တော်၊ဩဂုတ် ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသောက်သူ အမျိုးသားတစ်ဦးဆီကနေ ကျပ်သိန်းပေါင်း ၄သိန်း နီးပါးတန်ဖိုးရှိ ICE နဲ့ WY ဆေးပြားတွေကို ဩဂုတ်လ ၁၃ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“သတင်းအရ ကျွန်တော်တို့ စောင့်ဆိုင်း‌နေ့တဲ့အခါမှာ အမျိုးသားတစ်ဦးကားနဲ့ရောက်လာတာပါ။ ကား‌ပေါ်စစ်‌ဆေးတဲ့အခါ လက်‌ကေစ့်တွေ့နဲ့ထည့်ထားတဲ့ အထုတ်တွေကို ဖမ်းမိခဲ့တာပါ။ ရှမ်းပြည်နယ်က သယ်လာတာပါ”လို့ သုဓမ္မဝတီရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ် မှုခင်းနှိမ်နင်းရေးအကူဌာနက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က သထုံမြို့နယ် သုဓမ္မဝတီမြို့သစ် စားသောက်ဆိုင်တစ်ဆိုင်မှာ သတင်းအရ စောင့်ဆိုင်းနေချိန် Honda Fit အမျိုးအစား အိမ်စီး မော်တော်ယာဉ်တစ်စင်းနဲ့ ရောက်ရှိလာသူ စိုင်းကျော်နိုင်(ခ)ကျော်ကျော် (၂၉ နှစ်)ကိုတွေ့ရှိခဲ့ရပြီး ယာဉ်ကိုစစ်ဆေးရာမှာတော့ တစ်ကီလိုဂရမ် ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိ ICE တစ်ကီလိုပါတဲ့ အထုတ်၂၂ ထုတ် စုစု‌ပေါင်းတန်ဖိုးကျပ်သိန်း ၁၁၀၀၀ ၊ WY အမှတ်သားပါ ပန်းရောင်စိတ်ကြွ ဆေးပြားတစ်ပြား ၅၀၀၀ ကျပ် တန်ဖိုးရှိတစ်ထုတ်ကို ဆေးပြား ၁၉၅ ပြားပါတဲ့အထုပ်ပေါင်း၂၉၀၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၅၆၅၅၀၀ ပြား၊တန်ဖိုး‌ငွေကျပ်သိန်းပေါင်း၂၈၂၇၅ သိန်းနဲ့ နှစ်မျိုး‌ပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၉၂၇၅ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်ပြီး စိုင်းကျော်နိုင်(ခ)ကျော်ကျော်ကို သုဓမ္မဝတီနယ်မြေရဲစခန်းမှ မယ(ပ) ၁၀/၂၀၂၀၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလည်း‌စေတဲ့‌ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀ (က)တို့နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေး‌နေတယ်လို့ သိရပါတယ်။

Photo-မွန်ပြည်နယ်ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #သထုံ

Zawgyi

သထုံၿမိဳ႔မွာ က်ပ္သိန္းေပါင္း ၄သိန္း နီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးေတြဖမ္းဆီးရမိ

ေနျပည္‌ေတာ္၊ဩဂုတ္ ၁၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ သုဓမၼဝတီၿမိဳ႕သစ္မွာရွိတဲ့ စားေသာက္ဆိုင္တစ္ဆိုင္မွာ လာေရာက္စားေသာက္သူ အမ်ိဳးသားတစ္ဦးဆီကေန က်ပ္သိန္းေပါင္း ၄သိန္း နီးပါးတန္ဖိုးရွိ ICE နဲ႔ WY ေဆးျပားေတြကို ဩဂုတ္လ ၁၃ ရက္ ညပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ မြန္ျပည္နယ္မႈခင္းႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔ကေန သိရပါတယ္။

“သတင္းအရ ကြၽန္ေတာ္တို႔ ေစာင့္ဆုိင္း‌ေန႔တဲ့အခါမွာ အမ်ိဳးသားတစ္ဦးကားနဲ႔ေရာက္လာတာပါ။ ကား‌ေပၚစစ္‌ေဆးတဲ့အခါ လက္‌ေကစ့္ေတြ႕နဲ႔ထည့္ထားတဲ့ အထုတ္ေတြကို ဖမ္းမိခဲ့တာပါ။ ရွမ္းျပည္နယ္က သယ္လာတာပါ”လို႔ သုဓမၼဝတီရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

မြန္ျပည္နယ္ မႈခင္းႏွိမ္နင္းေရးအကူဌာနက ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ ပူးေပါင္းအဖြဲ႕က သထုံၿမိဳ႕နယ္ သုဓမၼဝတီၿမိဳ႕သစ္ စားေသာက္ဆိုင္တစ္ဆိုင္မွာ သတင္းအရ ေစာင့္ဆိုင္းေနခ်ိန္ Honda Fit အမ်ိဳးအစား အိမ္စီး ေမာ္ေတာ္ယာဥ္တစ္စင္းနဲ႔ ေရာက္ရွိလာသူ စိုင္းေက်ာ္ႏိုင္(ခ)ေက်ာ္ေက်ာ္ (၂၉ ႏွစ္)ကိုေတြ႕ရွိခဲ့ရၿပီး ယာဥ္ကိုစစ္ေဆးရာမွာေတာ့ တစ္ကီလိုဂရမ္ က်ပ္သိန္း ၅၀၀ ခန႔္တန္ဖိုးရွိ ICE တစ္ကီလိုပါတဲ့ အထုတ္၂၂ ထုတ္ စုစု‌ေပါင္းတန္ဖိုးက်ပ္သိန္း ၁၁၀၀၀ ၊ WY အမွတ္သားပါ ပန္းေရာင္စိတ္ႂကြ ေဆးျပားတစ္ျပား ၅၀၀၀ က်ပ္ တန္ဖိုးရွိတစ္ထုတ္ကို ေဆးျပား ၁၉၅ ျပားပါတဲ့အထုပ္ေပါင္း၂၉၀၀ ထုပ္၊ စုစုေပါင္း ေဆးျပား ၅၆၅၅၀၀ ျပား၊တန္ဖိုး‌ေငြက်ပ္သိန္းေပါင္း၂၈၂၇၅ သိန္းနဲ႔ ႏွစ္မ်ိဳး‌ေပါင္း ကာလတန္ဖိုး က်ပ္သိန္းေပါင္း ၃၉၂၇၅ သိန္းခန႔္ကို ဖမ္းဆီးရမိခဲ့တယ္လို႔ မြန္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိခဲ့တာနဲ႔ပတ္သက္ၿပီး စိုင္းေက်ာ္ႏိုင္(ခ)ေက်ာ္ေက်ာ္ကို သုဓမၼဝတီနယ္ေျမရဲစခန္းမွ မယ(ပ) ၁၀/၂၀၂၀၊ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလည္း‌ေစတဲ့‌ေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၀ (က)တို႔နဲ႔ အမႈဖြင့္ဖမ္းဆီးစစ္ေဆး‌ေနတယ္လို႔ သိရပါတယ္။

Photo-မြန္ျပည္နယ္ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #သထံု

Related posts

Leave a Comment

VOM News

FREE
VIEW