အရွယ်မရောက်သေးသူကို သားမယားပြုကျင့်ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထောင်ဒဏ် ၃၂ နှစ် အမိန့်ချ

အရွယ်မရောက်သေးသူကို သားမယားပြုကျင့်ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထောင်ဒဏ် ၃၂ နှစ် အမိန့်ချ

မြဝတီ ၊ သြဂုတ် ၁၄ – ၂၀၂၀
ကိုတိုးကြီး (VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂) ရပ်ကွက် အောက်ချိုင့်အနီးမှာရှိတဲ့ ဂိမ်းဆိုင်အလုပ်သမား အသက်(၁၄) နှစ်နဲ့ (၁၁)လ အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဂိမ်းဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ဟာ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုတာကို စစ်ဆေးပေါ်ခဲ့တဲ့အတွက် မြဝတီခရိုင်တရားရုံးက သူတို့နှစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် (၃၂) နှစ်ကျခံစေဖို့ မနေ့သြဂုတ်လ ၁၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

မြဝတီမြို့မရဲစခန်းမှာ အမှုစစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “တရုတ်နိုင်ငံသား တရုတ်လူမျိုးက Mr . WANG WEI WEI အသက် (၂၈) နှစ်နဲ့ စကားပြန် သန့်ဇင်ဝင်း အသက်(၄၀)နှစ် တို့ဖြစ်တယ် ၊ အမှုဖြစ်စဉ်က ၂၀၁၉ မတ်လမှာဖြစ်ပွားခဲ့တာပါ ၊ မြဝတီမြို့မရဲစခန်း (ပ) ၃၃၇/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၃ / ၃၇၆ / ၁၁၄ အရ အမှုဖွင့်ပြီး ခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်တယ် ” လို့ပြောပါတယ်။

အဲ့ဒီအမှုကို မြဝတီခရိုင်တရားရုံးက အချိန်တစ်နှစ်ကျော်ကြာ နှစ်ဘက်ကြားနာစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ဟာ အရွယ်မရောက်သေးသူကို အုပ်ထိန်းသူရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေချိန်ခိုးယူမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ ကာမစပ်ယှက်စေရန်အကြံဖြင့် သွေးဆောင်ဆွဲခေါ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၆ အရ အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် နဲ့ အလိုမတူ ငြင်းဆန်လျက် အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀) နှစ် အသီးသီး ကျခံစေဖို့အတွက် အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ

Zawgyi

အရြယ္မေရာက္ေသးသူကို သားမယားျပဳက်င္႔ခဲ႔တဲ႔ တရုတ္နိုင္ငံသားကို ေထာင္ဒဏ္ ၃၂ ႏွစ္ အမိန္႔ခ်

ျမ၀တီ ၊ ၾသဂုတ္ ၁၄ – ၂၀၂၀
ကိုတိုးၾကီး (VOM)

ကရင္ျပည္နယ္၊ ျမ၀တီျမိဳ႕၊ အမွတ္(၂) ရပ္ကြက္ ေအာက္ခ်ိဳင္႔အနီးမွာရွိတဲ႔ ဂိမ္းဆိုင္အလုပ္သမား အသက္(၁၄) ႏွစ္နဲ႔ (၁၁)လ အရြယ္ရွိတဲ့ မိန္းကေလးတစ္ေယာက္ကို ဂိမ္းဆိုင္ပိုင္ရွင္ တရုတ္နိုင္ငံသားတစ္ဦးနဲ႔ စကားျပန္တစ္ဦးတို႔ဟာ သားမယားအျဖစ္ အတင္းအဓမၼျပဳက်င္႔ခဲ႔တယ္ဆိုတာကို စစ္ေဆးေပၚခဲ့တဲ့အတြက္ ျမ၀တီခရိုင္တရားရံုးက သူတို႔ႏွစ္ဦးကို အလုပ္နဲ႔ ေထာင္ဒဏ္ (၃၂) ႏွစ္က်ခံေစဖို႔ မေန႔ၾသဂုတ္လ ၁၃ ရက္ေန႔က အမိန္႔ခ်မွတ္ခဲ႔ပါတယ္။

ျမ၀တီျမိဳ႕မရဲစခန္းမွာ အမႈစစ္တာ၀န္ထမ္းေဆာင္ေနတဲ႔ ရဲအရာရွိတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “တရုတ္နိုင္ငံသား တရုတ္လူမ်ိဳးက Mr . WANG WEI WEI အသက္ (၂၈) ႏွစ္နဲ႔ စကားျပန္ သန္႔ဇင္၀င္း အသက္(၄၀)ႏွစ္ တို႔ျဖစ္တယ္ ၊ အမႈျဖစ္စဥ္က ၂၀၁၉ မတ္လမွာျဖစ္ပြားခဲ႔တာပါ ၊ ျမ၀တီျမိဳ႕မရဲစခန္း (ပ) ၃၃၇/ ၂၀၁၉ ရာဇသတ္ၾကီး ဥပေဒ ပုဒ္မ ၃၆၃ / ၃၇၆ / ၁၁၄ အရ အမႈဖြင္႔ျပီး ခရိုင္တရားရံုးမွာ တရားစြဲဆိုထားတာျဖစ္တယ္ ” လို႔ေျပာပါတယ္။

အဲ႔ဒီအမႈကို ျမ၀တီခရိုင္တရားရံုးက အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာ ႏွစ္ဘက္ၾကားနာစစ္ေဆးခဲ႔ျပီး တရုတ္နိုင္ငံသားတစ္ဦးနဲ႔ စကားျပန္တစ္ဦးတို႔ဟာ အရြယ္မေရာက္ေသးသူကို အုပ္ထိန္းသူရဲ႕ ထိန္းသိမ္းမႈေအာက္မွာရွိေနခ်ိန္ခိုးယူမႈ ရာဇသတ္ၾကီး ဥပေဒပုဒ္မ – ၃၆၃ အရ အလုပ္ႏွင္႔ေထာင္ဒဏ္ (၅) ႏွစ္၊ ကာမစပ္ယွက္ေစရန္အၾကံျဖင္႔ ေသြးေဆာင္ဆြဲေခၚမႈ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၃၆၆ အရ အလုပ္ႏွင္႔ ေထာင္ဒဏ္ (၇) ႏွစ္ နဲ႔ အလိုမတူ ျငင္းဆန္လ်က္ အတင္းအဓမၼ သားမယားအျဖစ္ျပဳက်င္႔မႈ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၃၇၆ အရ အလုပ္ႏွင္႔ေထာင္ဒဏ္ (၂၀) ႏွစ္ အသီးသီး က်ခံေစဖို႔အတြက္ အမိန္႔ခ်ခဲ႔တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ျမဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW