NDFပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို တပ်မတော်ကနေကူညီဖို့အတွက် ရင်ဖွင့်တင်ပြ အကူညီတောင်းခဲ့ခြင်းသာဖြစ်

NDFပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို တပ်မတော်ကနေကူညီဖို့အတွက် ရင်ဖွင့်တင်ပြ အကူညီတောင်းခဲ့ခြင်းသာဖြစ်

ရန်ကုန်၊ သြဂုတ် ၁၅-၂၀၂၀
သိင်္ဂီ (VOM)

‌တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ ခုရဲ့ ခေါင်းဆောင်တွေဟာ မနေ့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး နေပြည်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီလိုတွေ့ဆုံမှုမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ပါတီအနေနဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေပေါ်မှာ ဆက်ဆံမှု ဘက်လိုက်နေကြောင်း၊ ဆက်ဆံတဲ့အခါမှာ ပါတီတွေအပေါ် တန်းတူအခွင့်အရေးမရကြောင်း ၊ NLD ပါတီကိုတော့ အခွင့်အရေးတွေ ပိုပေးနေတာကြောင့် ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်မျှတအောင် တပ်မတော်အနေနဲ့ကူညီဖို့ ရင်ဖွင့်တင်ပြ အကူညီတောင်းခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောပါတယ်။

“တပ်မတော်ဦးစီးချုပ်ကပြောတယ် ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်မျှတအောင် တပ်မတော်ကကူညီမယ်ဆိုတဲ့ စကားရှိတဲ့အတွက်ကြောင့် ဒီစကားအရ ပါတီတွေက တပ်ချုပ်ကိုပြောပြတာဖြစ်ပါတယ်။ တပ်ချုပ်က အပိတ်ကျမှ စကားလေး နှစ်ခွန်းသုံးခွန်းနဲ့ပြီးသွားတယ်။ သဘောကတော့ ပါတီတွေဟာ ရွေးကောက်ပွဲကို အကောင်းဆုံးအနေအထားနဲ့ ညီညီ ညွတ်ညွတ်ဝင်ကြပါ။ သူတို့လည်း ကူညီနိုင်တာမှန်သမျှကိုကူညီပါ့မယ်။ ပူးပေါင်းကူညီမယ် ဒါလောက်ပဲပြောတယ်ခင်ဗျ၊။ နောက်ထပ်တက်လာမယ့် အာဏာပိုင်အဖွဲ့အစည်းအစိုးရအဖွဲ့နဲ့ဥပဒေပြုရေးအဖွဲ့တွေက မှန်မှန်ကန်ကန်လုပ်တဲ့သူတွေပါလာမှ တိုင်းပြည်အနာဂတ်ကောင်းတယ်ဆိုတာကို ပါတီတွေက စိုးရိမ်ပူပန်လို့ စစ်တပ်ကလည်းကူညီမယ်ဆိုလို့ စိုးရိမ်ပူပန်တဲ့အကြောင်းကို ရင်ဖွင့်တာပဲဖြစ်ပါတယ်။ ” လို့ ဦးခင်မောင်ဆွေကပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ခုတွေ့ဆုံပွဲကို ကြံ့ခိုင်ရေးနဲ့ဖွံံဖြိုးရေးပါတီက ကမကထလုပ်ပြီးတော့ ပါတီတွေကိုဖိတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် လူမှုကွန်ယက်မှာ ဝေဖန်မှုတွေရှိနေတာကိုလည်း “ရေးတဲ့သူတွေက သေချာမသိလို့ပါဗျာ။ တပ်မတော်နဲ့ အရေးကြီးတဲ့ instiqution တစ်ခုနဲ့ ပါတီတွေ တွေ့တယ်ဆိုတာ တိုင်းပြည်ရဲ့အနေအထားကို တည့်မတ်ချင်လို့၊ သန့်ရှင်းလွတ်လတ်မျှတတဲ့ရွေးကောက်ပွဲဖြစ်ချင်လို့၊ ပြည်သူ့ဆန္ဒအမှန်ကို ကော်မရှင်ဟာ လုပ်မပေးနိုင်ဘူးဆိုတဲ့အနေအထားကိုရောက်နေလို့ သူတို့ကိုတိုင်တည်တဲ့သဘောပဲ၊ တပ်မတော်ဟာ ကူညီမယ်ဆိုတဲ့အနေအထားလည်းပါတယ်၊ နောက်တခုက ကူညီပါဆိုတဲ့ အနေအထားကိုရောက်အောင် သွားပြောတဲ့အဆင့်ပဲရှိပါတယ်၊ တပ်မတော်ကို ဟိုဟာလုပ်ပေးပါ ဒီဟာလုပ်ပေးပါ လက်သိပ်ထိုးသွားပြောတာလည်းမဟုတ်ပါဘူး။”လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

တပ်မတော်ကကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်ဖြစ်ပါတယ်။

နောက်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ ” ၀ “အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးပိုက်ထွေး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း၊ မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ် ကျော်မြင့်တို့ပဲဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတွေက ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေနဲ့တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးနဲ့ပတ်သက်တဲ့ကိစ္စ၊ ပြည်သူ့ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ရာမှာ သိရှိသင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။

Photo – တပ်မတော်သတင်းမှန်ပြန်ကြားရေး
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

NDFပါတီအေနနဲ႔ လာမယ့္ေရြးေကာက္ပြဲကို တပ္မေတာ္ကေနကူညီဖို႔အတြက္ ရင္ဖြင့္တင္ျပ အကူညီေတာင္းခဲ့ျခင္းသာျဖစ္

ရန္ကုန္၊ ျသဂုတ္ ၁၅-၂၀၂၀
သိဂႌ (VOM)

‌တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္နဲ႔ နိုင္ငံေရးပါတီ ၃၄ ခုရဲ႕ ေခါင္းေဆာင္ေတြဟာ မေန႔ ျသဂုတ္လ ၁၄ ရက္ေန႔ မွာ ေရြးေကာက္ပြဲကိစၥေတြနဲ႔ပတ္သက္ၿပီး ေနျပည္ေတာ္မွာ​ေတြ့ဆုံခဲ့ျကပါတယ္။

အဲ့ဒီလိုေတြ႕ဆံုမႈမွာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF)ပါတီအေနနဲ႔ လက္႐ွိ ေရြးေကာက္ပြဲေကာ္မ႐ွင္ဟာ ႏိုင္ငံေရးပါတီေတြေပၚမွာ ဆက္ဆံမႈ ဘက္လိုက္ေနေျကာင္း၊ ဆက္ဆံတဲ့အခါမွာ ပါတီေတြအေပၚ တန္းတူအခြင့္အေရးမရေျကာင္း ၊ NLD ပါတီကိုေတာ့ အခြင့္အေရးေတြ ပိုေပးေနတာေၾကာင့္ ေရြးေကာက္ပြဲကို သန့္ရႇင္းလြတ္လပ္မ်ွတေအာင္ တပ္မေတာ္အေနနဲ႔ကူညီဖို႔ ရင္ဖြင့္တင္ျပ အကူညီေတာင္းခဲ့တာျဖစ္တယ္လို႔ ေတြ႔ဆုံပြဲမွာပါဝင္ခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF) ဥကၠ႒ ဦးခင္ေမာင္ေဆြကေျပာပါတယ္။

“တပ္မေတာ္ဦးစီးခ်ဳပ္ကေျပာတယ္ ေရြးေကာက္ပြဲကို သန့္ရႇင္းလြတ္လပ္မ်ွတေအာင္ တပ္မေတာ္ကကူညီမယ္ဆုိတဲ့ စကား႐ွိတဲ့အတြက္​ေၾကာင့္ ဒီစကားအရ ပါတီေတြက တပ္ခ်ဳပ္ကိုေျပာျပတာျဖစ္ပါတယ္။ တပ္ခ်ဳပ္က အပိတ္က်မွ စကားေလး ႏွစ္ခြန္းသုံးခြန္းနဲ႔ၿပီးသြားတယ္။ သ​ေဘာကေတာ့ ပါတီေတြဟာ ေရြးေကာက္ပြဲကို အေကာင္းဆုံးအေနအထားနဲ႔ ညီညီ ၫြတ္ၫြတ္ဝင္ၾကပါ။ သူတို႔လည္း ကူညီႏိုင္တာမွန္သမွ်ကိုကူညီပါ့မယ္။ ပူး​ေပါင္းကူညီမယ္ ဒါေလာက္ပဲဲေျပာတယ္ခင္ဗ်၊။ ေနာက္ထပ္တက္လာမယ့္ အာဏာပိုင္အဖြဲ႔အစည္းအစိုးရအဖြဲ႔နဲ႔ဥပေဒျပဳေရးအဖြဲ႔ေတြက မွန္မွန္ကန္ကန္လုပ္တဲ့သူေတြပါလာမွ တိုင္းျပည္အနာဂတ္ေကာင္းတယ္ဆိုတာကို ပါတီေတြက စိုးရိမ္ပူပန္လို႔ စစ္တပ္ကလည္းကူညီမယ္ဆိုလို႔ စိုးရိမ္ပူပန္တဲ့အေၾကာင္းကို ရင္ဖြင့္တာပဲျဖစ္ပါတယ္။ ” လို႔ ဦးခင္ေမာင္ေဆြကေျပာပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ႏိုင္ငံေရးပါတီ ၃၄ ခုေတြ႔ဆုံပြဲကို ၾကံ့ခိုင္ေရးနဲ႔ဖြံံၿဖိဳးေရးပါတီက ကမကထလုပ္ၿပီးေတာ့ ပါတီေတြကိုဖိတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ႏိုင္ငံေရးပါတီေတြနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႔ဆုံခဲ့တဲ့အေပၚ လူမႈကြန္ယက္မွာ ေဝဖန္မႈေတြရွိေနတာကိုလည္း “ေရးတဲ့သူေတြက ေသခ်ာမသိလို႔ပါဗ်ာ။ တပ္မေတာ္နဲ႔ အေရးႀကီးတဲ့ instiqution တစ္ခုနဲ႔ ပါတီေတြ ေတြ႔တယ္ဆိုတာ တိုင္းျပည္ရဲ႕အေနအထားကို တည့္မတ္ခ်င္လို႔၊ သန္႔႐ွင္းလြတ္လတ္မ်ွတတဲ့ေရြးေကာက္ပြဲျဖစ္ခ်င္လို႔၊ ျပည္သူ႔ဆႏၵအမွန္ကို ေကာ္မ႐ွင္ဟာ လုပ္မေပးႏိုင္ဘူးဆိုတဲ့အေနအထားကိုေရာက္ေနလို႔ သူတို႔ကိုတိုင္တည္တဲ့သေဘာပဲ၊ တပ္မေတာ္ဟာ ကူညီမယ္ဆိုတဲ့အေနအထားလည္းပါတယ္၊ ေနာက္တခုက ကူညီပါဆိုတဲ့ အေနအထားကိုေရာက္ေအာင္ သြားေျပာတဲ့အဆင့္ပဲ႐ွိပါတယ္၊ တပ္မေတာ္ကို ဟိုဟာလုပ္ေပးပါ ဒီဟာလုပ္ေပးပါ လက္သိပ္ထိုးသြားေျပာတာလည္းမဟုတ္ပါဘူး။”လို႔ ဦးခင္ေမာင္ေဆြက ေျပာပါတယ္။

တပ္မေတာ္ကကြယ္ေရးဦးစီးခ်ဳပ္နဲ႔ေတြ႔ဆုံခဲ့တဲ့ ႏိုင္ငံေရးပါတီေတြကေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမႉး ဦးေနဝင္း၊ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းၫြန႔္၊ အမ်ိဳးသားတိုးတက္ေရးပါတီ ဥကၠ႒ ေဒါက္တာ ေနဇင္လတ္၊ ေခတ္သစ္ျပည္သူ႕ပါတီ ဥကၠ႒ ဦးထြန္းေအာင္ေက်ာ္၊ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြ၊ ျပည္သူ႕ ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ ေဒၚသက္သက္ခိုင္၊ အမ်ိဳးသား နိုင္ငံေရးမဟာမိတ္မ်ား အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးသိမ္းၾကည္၊ အင္းအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးဝင္းျမင့္၊ ဒီမိုကရက္တစ္ပါတီ(ျမန္မာ) ဒုတိယဥကၠ႒ ဦးတင့္ေဆြ၊ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ(ဒူးေလးပါတီ)ဥကၠ႒ ဦးေ႐ႊမင္း(ခ)ဆီဖာလာလူ၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ နာယက ဦးေစာထြန္းၾကည္ျဖစ္ပါတယ္။

ေနာက္ၿပီး ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးဖိုးရယ္၊ ဝံသာႏုဒီမိုကရက္တစ္ပါတီ ဥကၠ႒ ေဒၚနန္းေ႐ႊၾကာ၊ ” ၀ “အမ်ိဳးသားပါတီ ဒုတိယဥကၠ႒ ဦးရန္ေက်ာ္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ ဒုတိယဥကၠ႒ ဦးခြန္ေမာင္ေသာင္း၊ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးပါတီ ယာယီ ဥကၠ႒ ဦးမ်ိဳးၫြန႔္၊ ၿမိဳတိုင္းရင္းသားဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးေက်ာ္ထြန္းခိုင္၊ ရခိုင္ျပည္နယ္အမ်ိဳးသား အင္အားစုပါတီ ဥကၠ႒ ဦးေအးႀကိဳင္၊ ေခတ္သစ္ျပည္ေထာင္စုပါတီ ဥကၠ႒ ဦးေအာင္သန္း၊ ဗမာျပည္သူ႕ပါတီ ဥကၠ႒ ဦးေအာင္သန္းတင့္၊ မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီ ဥကၠ႒ ေဒၚစႏၵာဦး၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အတြင္းေရးမႉး ဦးပိုက္ေထြး၊ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ ဥကၠ႒ ဦးထြန္းနိုင္၊ ျမန္မာနိုင္ငံေတာင္သူလယ္သမား၊ အလုပ္သမားျပည္သူ႕ပါတီ ဥကၠ႒ ဦးေအာင္မ်ိဳးခိုင္၊ ၈၈ မ်ိဳးဆက္ဒီမိုကေရစီပါတီ ဒုတိယဥကၠ႒ ဦးေသာင္းဦး၊ လူထုပါတီ ဥကၠ႒ ဦးပါစီျပည္ဟိန္း(ခ)ဦးမ်ိဳးမင္းထြန္း၊ ျမန္မာျပည္သူ႕ဒီမိုကရက္ တစ္ပါတီ ဥကၠ႒ ဦးေဌးေက်ာ္၊ ျပည္သူ႕အလုပ္သမားပါတီ ဥကၠ႒ ဦးေက်ာ္ဇင္၊ ျပည္သူ႕အက်ိဳးျပဳ ေက်ာင္းသားမ်ားပါတီ ဒုတိယဥကၠ႒ ေဒၚခင္စန္းမူ၊ ျပည္သူ႕အင္အားပါတီ ဥကၠ႒ ဦးေဌးေအာင္၊ ျပည္ေထာင္စုလယ္သမား၊ အလုပ္သမား အင္အားစုပါတီ ဥကၠ႒ ဦးမင္းသူ၊ အမ်ိဳးသား တိုးတက္ျမင့္မားေရးပါတီ ဥကၠ႒ ဦးေက်ာ္စိန္၊ ျမန္မာနိုင္ငံေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးေက်ာ္စြာစိုး၊ အေျခခံလူတန္းစားဘ၀ျမင့္မားေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေက်ာ္ျမင့္(ခ)မိုက္ကယ္ ေက်ာ္ျမင့္တို႔ပဲျဖစ္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ နိုင္ငံေရးပါတီေတြက ဥကၠ႒ေတြ၊ ဒုတိယဥကၠ႒ေတြနဲ႔တာဝန္ရွိသူေတြဟာ နိုဝင္ဘာ ၈ ရက္မွာက်င္းပမယ့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲႀကီးနဲ႔ပတ္သက္တဲ့ကိစၥ၊ ျပည္သူ႕ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္တင္ေျမႇာက္ရာမွာ သိရွိသင့္တဲ့ အခ်က္ေတြနဲ႔ပတ္သက္ျပီး အျမင္ခ်င္းဖလွယ္ကာ ေဆြးေႏြးခဲ့ၾကတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ေၾကျငာထားတာျဖစ္ပါတယ္။

Photo – တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW