ကချင်ပြည်နယ်မှာဝင်ပြိုင်တဲ့ UNDP အမတ်လောင်းတစ်ဦး ရွေးကောက်ပွဲဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး အမည်စာရင်းတင်သွင်းမှုပယ်ဖျက်ခံရ

ကချင်ပြည်နယ်မှာဝင်ပြိုင်တဲ့ UNDP အမတ်လောင်းတစ်ဦး ရွေးကောက်ပွဲဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး အမည်စာရင်းတင်သွင်းမှုပယ်ဖျက်ခံရ

မြစ်ကြီးနား၊ သြဂုတ် ၁၅-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦကို ရွေးကောက်ပွဲဥပဒေပုဒ်မ (၈) က ( ၂ ) နဲ့ ငြိစွန်းတဲ့အတွက် အမည်စာရင်းတင်သွင်းလွှာ ပယ်ဖျက်ခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိကပြောပါတယ်။

အမည်စာရင်းတင်သွင်းလွှာ ပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်ကတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ပါတီဝင် ဦးသန်းဝင်းလှိုင်ဆိုသူဖြစ်ပါတယ်။

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ပြောပြတာကတော့” ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ နိုင်ငံအတွင်း တစ်ဆက်တည်း ၁၀ နှစ်တိတိ နေထိုင်ရမှာဖြစ်ပြီး၊ လက်ရှိ အမည်စာရင်း ပယ်ဖျက်ခံရသူကတော့ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ထားပြီး မြန်မာနိုင်ငံအတွင်း တစ်ဆက်တည်း နေထိုင်တာ ၁၀ နှစ် မပြည်သေးတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပယ်ခဲ့ရတာ”လို့ ပြောပါတယ်။

ဦးသန်းဝင်းလှိုင်ကတော့ အခုလို ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်းသွင်းခွင့်ပယ်ဖျက်တာဟာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာခဲ့ရတဲ့ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေအတွက် နစ်နာမှုဖြစ်ရတယ်လို့ သုံးသပ်ထားပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ ဩဂုတ်လ ၁၄ ရက်နေ့မှာ ဗမာတိုင်းရင်းသားလူမျိုးရေးရာအတွက် ကိုယ်စားလှယ် ၈ ဦးနဲ့ လီဆူတိုင်းရင်းသား ကိုယ်စားလှယ် ၈ ဦး စီစစ်ပြီးပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကချင်

Zawgyi

ကခ်င္ျပည္နယ္မွာဝင္ၿပိဳင္တဲ့ UNDP အမတ္ေလာင္းတစ္ဦး ေ႐ြးေကာက္ပြဲဥပေဒနဲ႔ျငိစြန္းတယ္ဆိုၿပီး အမည္စာရင္းတင္သြင္းမႈပယ္ဖ်က္ခံရ

ျမစ္ႀကီးနား၊ ၾသဂုတ္ ၁၅-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္အတြင္း ဗမာတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီးေနရာအတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းတစ္ဦကို ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ (၈) က ( ၂ ) နဲ႔ ၿငိစြန္းတဲ့အတြက္ အမည္စာရင္းတင္သြင္းလႊာ ပယ္ဖ်က္ခဲ့တယ္လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲအရာရွိကေျပာပါတယ္။

အမည္စာရင္းတင္သြင္းလႊာ ပယ္ဖ်က္ခံရတဲ့ ကိုယ္စားလွယ္ကေတာ့ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (UNDP) က ပါတီဝင္ ဦးသန္းဝင္းလႈိင္ဆိုသူျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႕ ေ႐ြးေကာက္ပြဲအရာရွိ ဦးထြန္းေအာင္ခိုင္ေျပာျပတာကေတာ့” ေ႐ြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းဟာ ႏိုင္ငံအတြင္း တစ္ဆက္တည္း ၁၀ ႏွစ္တိတိ ေနထိုင္ရမွာျဖစ္ၿပီး၊ လက္ရွိ အမည္စာရင္း ပယ္ဖ်က္ခံရသူကေတာ့ ထိုင္းႏိုင္ငံကို တရားမဝင္သြားေရာက္ထားၿပီး ျမန္မာႏိုင္ငံအတြင္း တစ္ဆက္တည္း ေနထိုင္တာ ၁၀ ႏွစ္ မျပည္ေသးတာ စစ္ေဆးေတြ႕ရွိခဲ့တာေၾကာင့္ ပယ္ခဲ့ရတာ”လို႔ ေျပာပါတယ္။

ဦးသန္းဝင္းလႈိင္ကေတာ့ အခုလို ေ႐ြးေကာက္ပြဲဥပေဒပုဒ္မနဲ႔ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္းသြင္းခြင့္ပယ္ဖ်က္တာဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ပထြက္ခြာခဲ့ရတဲ့ ႏိုင္ငံေရးသမားေတြနဲ႔ ေက်ာင္းသားေတြအတြက္ နစ္နာမႈျဖစ္ရတယ္လို႔ သုံးသပ္ထားပါတယ္။

ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲကေန ဩဂုတ္လ ၁၄ ရက္ေန႔မွာ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာအတြက္ ကိုယ္စားလွယ္ ၈ ဦးနဲ႔ လီဆူတိုင္းရင္းသား ကိုယ္စားလွယ္ ၈ ဦး စီစစ္ၿပီးၿပီလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကခ်င္

Related posts

Leave a Comment

VOM News

FREE
VIEW