မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မဲစာရင်းပြင်ဆင်ဖို့တောင်းဆိုသူ ၈သောင်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မဲစာရင်းပြင်ဆင်ဖို့တောင်းဆိုသူ ၈သောင်းကျော်ရှိ

မန္တလေး၊ ဩဂုတ် ၁၅-၂၀၂၀
မှူးသခင်(VOM)

မန္တလေးတိုင်းအတွင်းမှာ မဲပေးခွင့်ရှိသူပေါင်း ၄၆သိန်းနီးပါးရှိပြီး အခြေခံမဲစာရင်းကြော်ငြာကပ်ထားတဲ့နေ့ကနေ သြဂုတ်လ ၁၂ ရက်နေ့အထိ မဲစာရင်းကို ပြင်ဆင်၊ကန့်ကွက်၊ဖြည့်စွက်ပေးဖို့ လျှောက်ထားသူဦးရေဟာ ၁သိန်း၇သောင်းကျော်ရှိနေတယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်၊၊

“မိမိအမည်စာရင်မပါလို့ ပုံစံ ၃ နဲ့ လာ‌ရောက်ပြင်ဆင်ကန့်ကွက်တာက ၉သောင်းကျော်၊ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့သူတွေအတွက် ပုံစံ ၄နဲ့က ၂သောင်းကျော်၊ မဲစာရင်းအချက်အလက်မမှန်ကန်လို့ ပုံစံ ၄ (ဂ) နဲ့ ၅သောင်းကျော် ရှိတယ်”လို့ ဦးရှိန်ဝင်းကပြောပါတယ်၊၊

ဒုတိယအကြိမ် အခြေခံမဲစာရင်းကပ်ထားတာကို အောက်တိုဘာလအတွင်း ထပ်မံကြော်ငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မဲဆွယ်စည်းရုံးစဉ်ကာလ ရက်ပေါင်း၆၀အတွင်းမှာ No Vote လုပ်မယ်ဆိုရင်တော အ့ရေး ယူသွားမှာဖြစ်ပြီး အခုလောလောဆယ်မှာတော့ အရေးယူဖို့ မရှိသေးဘူးလို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်၊၊

ပြီးခဲ့တဲ့ ၂၀၁၅ရွးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၄၄သိန်းကျော်ရှိပြီး
ဆန္ဒမဲလာရောက်ပေးသူ ၃၂ကျော်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ ၇၂ ဒဿမ ၈၆ ရာခိုင်နှုန်းရှိခဲ့တယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ်အဖြစ် စတင်မဲပေးမယ့်သူဦးရေ ၂သိန်း ၈သောင်းခန့် ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ မဲစာရင္းျပင္ဆင္ဖို႔ေတာင္းဆိုသူ ၈ေသာင္းေက်ာ္ရွိ

မႏၲေလး၊ ဩဂုတ္ ၁၅-၂၀၂၀
မႉးသခင္(VOM)

မႏၲေလးတိုင္းအတြင္းမွာ မဲေပးခြင့္ရွိသူေပါင္း ၄၆သိန္းနီးပါးရွိၿပီး အေျခခံမဲစာရင္းေၾကာ္ျငာကပ္ထားတဲ့ေန႔ကေန ၾသဂုတ္လ ၁၂ ရက္ေန႔အထိ မဲစာရင္းကို ျပင္ဆင္၊ကန႔္ကြက္၊ျဖည့္စြက္ေပးဖို႔ ေလွ်ာက္ထားသူဦးေရဟာ ၁သိန္း၇ေသာင္းေက်ာ္ရွိေနတယ္လို႔ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးရွိန္ဝင္းကေျပာပါတယ္၊၊

“မိမိအမည္စာရင္မပါလို႔ ပုံစံ ၃ နဲ႔ လာ‌ေရာက္ျပင္ဆင္ကန႔္ကြက္တာက ၉ေသာင္းေက်ာ္၊ မပါဝင္သင့္သူေတြ ပါဝင္ေနတဲ့သူေတြအတြက္ ပုံစံ ၄နဲ႔က ၂ေသာင္းေက်ာ္၊ မဲစာရင္းအခ်က္အလက္မမွန္ကန္လို႔ ပုံစံ ၄ (ဂ) နဲ႔ ၅ေသာင္းေက်ာ္ ရွိတယ္”လို႔ ဦးရွိန္ဝင္းကေျပာပါတယ္၊၊

ဒုတိယအႀကိမ္ အေျခခံမဲစာရင္းကပ္ထားတာကို ေအာက္တိုဘာလအတြင္း ထပ္မံေၾကာ္ျငာသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

မဲဆြယ္စည္း႐ုံးစဥ္ကာလ ရက္ေပါင္း၆၀အတြင္းမွာ No Vote လုပ္မယ္ဆိုရင္ေတာ အ့ေရး ယူသြားမွာျဖစ္ၿပီး အခုေလာေလာဆယ္မွာေတာ့ အေရးယူဖို႔ မရွိေသးဘူးလို႔ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးရွိန္ဝင္းကေျပာပါတယ္၊၊

ၿပီးခဲ့တဲ့ ၂၀၁၅႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ၄၄သိန္းေက်ာ္ရွိၿပီး
ဆႏၵမဲလာေရာက္ေပးသူ ၃၂ေက်ာ္၊ ဆႏၵမဲေပးပိုင္ခြင့္ရွိသူရဲ႕ ၇၂ ဒႆမ ၈၆ ရာခိုင္ႏႈန္းရွိခဲ့တယ္လို႔ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးကေန သိရပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မႏၲေလးတိုင္းအတြင္း အသက္ ၁၈ ႏွစ္ျပည့္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ စတင္မဲေပးမယ့္သူဦးေရ ၂သိန္း ၈ေသာင္းခန႔္ ရွိတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW