အစိုးရနှင့်တပ်မတော်က AAနဲ့ မဆွေးနွေးတော့ဘူးလို့ ထုတ်ပြန်ကြေညာခြင်းမရှိ

အစိုးရနှင့်တပ်မတော်က AAနဲ့ မဆွေးနွေးတော့ဘူးလို့ ထုတ်ပြန်ကြေညာခြင်းမရှိ

ရန်ကုန်၊သြဂုတ် ၁၅-၂၀၂၀
အေးချမ်းသူ(VOM)

အစိုးရနဲ့တပ်မတော်တို့ဟာ AAအဖွဲ့နဲ့ မဆွေးနွေးတော့ဘူးလို့ ထုတ်ပြန်ကြေညာထားခြင်းမရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင်ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

“ကျွန်တော်သိသလောက် ညီလာခံကို မဖိတ်တာပဲရှိတယ်။ AAလက်နက်ကိုင်အဖွဲ့နဲ့ မဆွေးနွေးဘူးလို့ အစိုးရက ထုတ်ပြန်ကြေညာထားတာမရှိသလို တပ်မတော်ကလည်း ထုတ်ပြန်ကြေညာထားတာမရှိဘူး”လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့က ဝပြည်နယ်အထူးဒေသ(၂)ရှိ ပန်းခမ်းမြို့တော်မှာ ပြည်ထောင်စုနိူင်ငံရေးဆွေးနွေးညိုနှိုင်းရေးကော်မတီ(FPNCC)အနေဖြင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြည်ထောင်စုအစိုးရကနေ FPNCCအဖွဲ့ဝင် ၆ဖွဲ့ကိုဖိတ်ခဲ့ပေမယ့် ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)ကို ဖိတ်ကြားခြင်းမရှိတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂၁ပင်လုံညီလာခံကျင်းပနေတဲ့အချိန်ဟာ covid-19ကာလဖြစ်နေတဲ့အတွက် မိမိတို့တောင်ပေါ်နယ်စပ်ဒေသတွေမှာ ဆေးဝါးကုသရေးပညာအားနည်းခြင်း၊ဆေးဝါးကုသမှုစက်ကိရိယာများမပြည့်စုံခြင်း၊ covid-19ကာလအတွင်း အသွားအလာခရီးစဉ်များစီစဉ်ရာတွင် အခက်အခဲရင်ဆိုင်နေရခြင်းတို့ဟာ မိမိတို့အဖွဲ့အစည်းခြောက်ဖွဲ့ရဲ့ ညီလာခံကိုမတက်ရောက်နိူင်တဲ့ အဓိကအကြောင်းအရင်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

ပြည်ထောင်စုနိူင်ငံရေးဆွေးနွေးညိုနှိုင်းရေးကော်မတီ(FPNCC)တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ကချင်လွတ်မြောက်ရေးတပ်(KIA)၊တအောင်းပလောင်အဖွဲ့(TNLA/PSLF)၊မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းတပ်မတော်(SSPP/SSA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နဲ့ ရခိုင်အဖွဲ့(AA)တို့ပါဝင်ပါတယ်။

လက်ရှိမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၂၁ရာစုပင်လုံညီလာခံတက်ရောက်နိုင်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဘက်အတွင်းရေးမှုး(၁)ဦးစိုင်းကျော်ညွန့်ပြောပြတာက “မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ညီလာခံလာခြင်း မလာခြင်းက အကျိုးသက်ရောက်မှုမရှိဘူး။ JICMမှာ(တစ်နိူင်ငံလုံးပစ်
ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာအစည်းအဝေး) သဘောတူထားတဲ့အချက်အလက်တွေကို ညီလာခံမှာအဆုံးသတ်ဆွေးနွေးပြီး ပြည်ထောင်စုစာချုပ်ချုပ်ဆိုမှာ”လို့ ပြောပါတယ်။

အခုပြုလုပ်တဲ့ညီလာခံဟာ FPCCNရဲ့ အခန်းကဏ္ဍသိပ်မရှိတဲ့အတွက် လာသည်ဖြစ်စေမလာသည်ဖြစ်စေအစိုးရက လုပ်သွားမှာဖြစ်ကြောင်း ဦးစိုင်းကျော်ညွန့်ကရှင်းပြပါတယ်။

” ကျွန်တော်တို့ကတော့ အားလုံးလာနိုင်ရင်ကောင်းတယ်။ အကုန်လုံးကိုကြိုဆိုတယ်။အားလုံးလာစေချင်တယ်။ ကျနော်တို့က အစိုးရကို အားလုံးကိုဖိတ်ပါ။ဒီဖြစ်စဉ်မှာပါတဲ့ သူတွေအားလုံးကိုဖိတ်ပါလို့ပြောချင်တယ်”လို့ ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ တွဲဘက်အတွင်းရေးမှုး(၁)ဦးစိူင်းကျော်ညွန့်က ပြောပါတယ်။

အေအေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင်ဒေါက်တာမင်းဇော်ဦးပြောပြတာက “ကျွန်တော်တို့ နားလည်တာက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတယ်။တွေ့ဆုံဆွေးနွေးမှုတွေက ဆက်ပြီးလုပ်မယ်ဆိုတဲ့အနေအထားတော့တွေ့ရတယ်”လို့ ရှင်းပြပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ လက်ရှိFPCCN တွေ့ဆုံမှုမှတ်တမ်းမှာ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့မှ UWSA၊ KIO၊ AA၊ TNLA၊ MNDAA၊ SSPPတို့တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၁ရက်နေ့မှာ ကျင်းပတဲ့ တတိယကြိမ်မြောက်အစည်းအဝေးကို အပစ်ရပ်လက်မှတ်မထိုးရတဲ့ မြောက်ပိုင်းခြောက်ဖွဲ့မှာ မိုင်းလားအဖွဲ့(NDAA)ပါဝင်လာပြီး စုစုပေါင်း ၇ ဖွဲ့ဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်သြဂုတ်လ နောက်ဆုံးအပတ်မှာလည်း မြောက်ပိုင်းလေးဖွဲ့ဖြစ်သော KIA ၊ MNDAA ၊ TNLA ၊ AAအဖွဲ့နဲ့အစိုးရတို့ဟာ ကျိုင်းတုံမှာ ပထမအကြိမ်တွေ့ဆုံခဲ့ပြိး မူဆယ်၊ လာရှိုး၊ ကျိုင်းတုံနဲ့ တရုတ်နိုင်ငံတို့မှာ ခြောက်ကြိမ်တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံမှုတွေ့အပြီး ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၀ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ အေအေအဖွဲ့ကို မတရားအသင်းအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အစိုးရႏွင့္တပ္မေတာ္က AAနဲ႔ မေဆြးေႏြးေတာ့ဘူးလို႔ ထုတ္ျပန္ေၾကညာျခင္းမရွိ

ရန္ကုန္၊ၾသဂုတ္ ၁၅-၂၀၂၀
ေအးခ်မ္းသူ(VOM)

အစိုးရနဲ႔တပ္မေတာ္တို႔ဟာ AAအဖြဲ႕နဲ႔ မေဆြးေႏြးေတာ့ဘူးလို႔ ထုတ္ျပန္ေၾကညာထားျခင္းမရွိေၾကာင္း ​ၿငိမ္းခ်မ္းေရးေကာ္မရွင္မွ အႀကံေပးအဖြဲ႕ဝင္​ေဒါက္တာမင္းေဇာ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္သိသေလာက္ ညီလာခံကို မဖိတ္တာပဲရွိတယ္။ AAလက္နက္ကိုင္အဖြဲ႕နဲ႔ မေဆြးေႏြးဘူးလို႔ အစိုးရက ထုတ္ျပန္ေၾကညာထားတာမရွိသလို တပ္မေတာ္ကလည္း ထုတ္ျပန္ေၾကညာထားတာမရွိဘူး”လို႔ ေဒါက္တာမင္းေဇာ္ဦးကေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၃ရက္ေန႔က ဝျပည္နယ္အထူးေဒသ(၂)ရွိ ပန္းခမ္းၿမိဳ႕ေတာ္မွာ ျပည္ေထာင္စုႏိူင္ငံေရးေဆြးေႏြးညိဳႏႈိင္းေရးေကာ္မတီ(FPNCC)အေနျဖင့္ အစည္းအေဝးတစ္ရပ္ျပဳလုပ္ၿပီး ျပည္ေထာင္စုအစိုးရကေန FPNCCအဖြဲ႕ဝင္ ၆ဖြဲ႕ကိုဖိတ္ခဲ့ေပမယ့္ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕(ULA/AA)ကို ဖိတ္ၾကားျခင္းမရွိတဲ့အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္း ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

၂၁ပင္လုံညီလာခံက်င္းပေနတဲ့အခ်ိန္ဟာ covid-19ကာလျဖစ္ေနတဲ့အတြက္ မိမိတို႔ေတာင္ေပၚနယ္စပ္ေဒသေတြမွာ ေဆးဝါးကုသေရးပညာအားနည္းျခင္း၊ေဆးဝါးကုသမႈစက္ကိရိယာမ်ားမျပည့္စုံျခင္း၊ covid-19ကာလအတြင္း အသြားအလာခရီးစဥ္မ်ားစီစဥ္ရာတြင္ အခက္အခဲရင္ဆိုင္ေနရျခင္းတို႔ဟာ မိမိတို႔အဖြဲ႕အစည္းေျခာက္ဖြဲ႕ရဲ႕ ညီလာခံကိုမတက္ေရာက္ႏိူင္တဲ့ အဓိကအေၾကာင္းအရင္မ်ားျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားပါတယ္။

ျပည္ေထာင္စုႏိူင္ငံေရးေဆြးေႏြးညိဳႏႈိင္းေရးေကာ္မတီ(FPNCC)တြင္ ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္(UWSA)၊ကခ်င္လြတ္ေျမာက္ေရးတပ္(KIA)၊တေအာင္းပေလာင္အဖြဲ႕(TNLA/PSLF)၊မိုင္းလားအဖြဲ႕(NDAA)၊ ရွမ္းတပ္မေတာ္(SSPP/SSA)၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕(MNDAA)နဲ႕ ရခိုင္အဖြဲ႔(AA)တို႔ပါဝင္ပါတယ္။

လက္ရွိေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ ၂၁ရာစုပင္လုံညီလာခံတက္ေရာက္ႏိုင္ျခင္းမရွိတာနဲ႔ပတ္သက္ၿပီး ရွမ္းတိုင္းရင္းသားမ်ားဒီမီုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ တြဲဘက္အတြင္းေရးမႈး(၁)ဦးစိုင္းေက်ာ္ၫြန႔္ေျပာျပတာက “ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ FPNCC ညီလာခံလာျခင္း မလာျခင္းက အက်ိဳးသက္ေရာက္မႈမရွိဘူး။ JICMမွာ(တစ္ႏိူင္ငံလုံးပစ္
ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီခ်က္စာခ်ဳပ္အေကာင္အထည္ေဖာ္ေဆာင္မႈဆိုင္ရာအစည္းအေဝး) သေဘာတူထားတဲ့အခ်က္အလက္ေတြကို ညီလာခံမွာအဆုံးသတ္ေဆြးေႏြးၿပီး ျပည္ေထာင္စုစာခ်ဳပ္ခ်ဳပ္ဆိုမွာ”လို႔ ေျပာပါတယ္။

အခုျပဳလုပ္တဲ့ညီလာခံဟာ FPCCNရဲ႕ အခန္းက႑သိပ္မရွိတဲ့အတြက္ လာသည္ျဖစ္ေစမလာသည္ျဖစ္ေစအစိုးရက လုပ္သြားမွာျဖစ္ေၾကာင္း ဦးစိုင္းေက်ာ္ၫြန္႔ကရွင္းျပပါတယ္။

” ကြၽန္ေတာ္တို႔ကေတာ့ အားလုံးလာႏိုင္ရင္ေကာင္းတယ္။ အကုန္လုံးကိုႀကိဳဆိုတယ္။အားလုံးလာေစခ်င္တယ္။ က်ေနာ္တို႔က အစိုးရကို အားလုံးကိုဖိတ္ပါ။ဒီျဖစ္စဥ္မွာပါတဲ့ သူေတြအားလုံးကိုဖိတ္ပါလို႔ေျပာခ်င္တယ္”လို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမီုကေရစီအဖြဲ႕ခ်ဳပ္ပါတီ တြဲဘက္အတြင္းေရးမႈး(၁)ဦးစိူင္းေက်ာ္ၫြန႔္က ေျပာပါတယ္။

ေအေအနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးေကာ္မရွင္မွ အႀကံေပးအဖြဲ႕ဝင္ေဒါက္တာမင္းေဇာ္ဦးေျပာျပတာက “ကြၽန္ေတာ္တို႔ နားလည္တာက အၾကမ္းဖက္အဖြဲ႕လို႔ သတ္မွတ္ထားတယ္။ေတြ႕ဆုံေဆြးေႏြးမႈေတြက ဆက္ၿပီးလုပ္မယ္ဆိုတဲ့အေနအထားေတာ့ေတြ႕ရတယ္”လို႔ ရွင္းျပပါတယ္။

အစိုးရ၊ တပ္မေတာ္နဲ႔ လက္ရွိFPCCN ေတြ႕ဆုံမႈမွတ္တမ္းမွာ ၂၀၁၇ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔မွာက်င္းပတဲ့ အရပ္ဘက္အဖြဲ႕အစည္းမ်ားဖိုရမ္ကို ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မွ UWSA၊ KIO၊ AA၊ TNLA၊ MNDAA၊ SSPPတို႔တက္ေရာက္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ဇူလိုင္လ ၁၁ရက္ေန႔မွာ က်င္းပတဲ့ တတိယႀကိမ္ေျမာက္အစည္းအေဝးကို အပစ္ရပ္လက္မွတ္မထိုးရတဲ့ ေျမာက္ပိုင္းေျခာက္ဖြဲ႕မွာ မိုင္းလားအဖြဲ႕(NDAA)ပါဝင္လာၿပီး စုစုေပါင္း ၇ ဖြဲ႕ျဖစ္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ၾသဂုတ္လ ေနာက္ဆုံးအပတ္မွာလည္း ေျမာက္ပိုင္းေလးဖြဲ႕ျဖစ္ေသာ KIA ၊ MNDAA ၊ TNLA ၊ AAအဖြဲ႕နဲ႔အစိုးရတို႔ဟာ က်ိဳင္းတုံမွာ ပထမအႀကိမ္ေတြ႕ဆုံခဲ့ၿပိး မူဆယ္၊ လာရႈိး၊ က်ိဳင္းတုံနဲ႔ တ႐ုတ္ႏိုင္ငံတို႔မွာ ေျခာက္ႀကိမ္ေတြ႕ဆုံခဲ့ပါတယ္။

အဲ့ဒီလိုေတြ႕ဆုံမႈေတြ႕အၿပီး ျပည္ထဲေရးဝန္ႀကီးဌာနက ၂၀၂၀ခုႏွစ္ မတ္လ ၂၃ ရက္ေန႔မွာ ေအေအအဖြဲ႔ကို မတရားအသင္းအျဖစ္ေၾကညာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW